လူဦးရေ 8 သိန်းလောက်ပဲရှိတဲ့ လန်ဒန်မြို့သားတွေက သူတို့မြို့နာမည်နဲ့ ကိုယ်ပိုင်ဒိုမိန်းတစ်ခုကို သီးသန့်အသုံးပြုတော့မယ်လို့ သိရပါတယ်။ ဒါက တော်တော်ထူးခြားတဲ့ သတင်းတစ်ခုပါပဲ။ ICANN အနေနဲ့ ဒိုမိန်းအသစ်ကို အသုံးပြုပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ လာမယ့်နှစ်မှာ ဒိုမိန်းအသစ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒိုမိန်းကတော့ .com, .co.uk ထက် .london အဲလိုဖြစ်လာမှာပါ။ 2014 နွေဦးကာလလောက်မှာ လန်ဒန်မြို့က အလုပ်ပိုင်ရှင်တွေအနေနဲ့ ဒီဒိုမိန်းအသစ်ကို အသုံးပြုဖွယ်ရှိပါတယ်။ လန်ဒန်မြို့က နာမည်ကြီးအလုပ်ပိုင်ရှင်တွေ ICANN ကို ဒီလိုဒိုမိန်းကိုချပေးဖို့ တောင်းဆိုခဲ့တာလို့ သိရပါတယ်။ ပြောရရင် လန်ဒန်မြို့က Business Company တွေက ဒိုမိန်းအသစ်နဲ့ သူတို့ရဲ့ Brand ကို ယုံကြည်အောင်ပွဲထုတ်ချင်လို့ဖြစ်ပါလိမ့်မယ်။ .com, .co.uk ထက်စာရင် .london ကပိုပြီးဆွဲဆောင်မှုရှိလာနိုင်တာပေါ့ဗျာ။ ပထမဆုံး မြို့နာမည်နဲ့ ဒိုမိန်းအသုံးပြုတဲ့မြို့က အမေရိကန်နိုင်ငံက New York ဖြစ်ပါတယ်။ .nyc ဒိုမိန်းနဲ့ ဒီနှစ် June လကတည်းက အသုံးပြုနိုင်ခဲ့တာပါ။ ခုလောလောဆယ် ဒိုမိန်းအသစ် .london ကို Sigup လုပ်ချင်တယ်ဆိုရင် http://mydotlondon.com/ မှာသွားပြီး လေ့လာနိုင်ပါကြောင်း။ ကျွန်တော်တို့ မြန်မာနိုင်ငံလည်း ကိုယ်ပိုင်မြို့နာမည်တွေအသုံးပြုနိုင်အောင် ICANN ကိုတောင်းဆိုရအောင်။ .yangon ဒါမှမဟုတ် .npt ဖြစ်ဖြစ်ပေါ့။ :P
Ref: Techbeat
No comments:
Post a Comment
If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)