10/23/2013

Install Flashplayer in Kali Linux

Kali Linux မှာ Flashplayer ကို Install လုပ်နည်းပါ။ လုပ်နည်းကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ လိုအပ်တဲ့ဖိုင်ကိုအရင်ဒေါင်းပြီး အင်စတော့လုပ်မှာပါ။ apt-get install နည်းနဲ့လည်း ရပါတယ်။ ဒါပေမယ့် update မယ်ဆိုရင်  Connection ကြောင့်အဆင်မပြေတာနဲ့ ဒေါင်းပြီးအင်စတော့လုပ်တာကပိုအဆင်ပြေမယ်ထင်ပါတယ်။ အိုခီ လိုအပ်တဲ့ဖိုင်ကို get.adobe.com/flashplayer/ မှာ မိမိ Kali Version နဲ့ကိုက်မယ့်ဖိုင်ကို အရက်ဒေါင်းထားလိုက်ပါ။

ဒေါင်းပြီးရင် ထုံးစံအတိုင်း Desktop မှာထားလိုက်မယ်။ ပြီးရင် အောက်ကအတိုင်း Install လုပ်လိုက်ပါ။
cd Desktop
tar -xzvf install_flash_player_11_linux.i386.tar.gz

ဒါဆိုရင် Desktop မှာ libflashplayer.so, readme.txt ဆိုတဲ့ဖိုင်နှစ်ခုထွက်လာပါမယ်။ အဲဒီဖိုင်နှစ်ခုထဲက libflashplayer.so ဖိုင်က /usr/lib/mozilla/plugins/ အဲဒီ Directory မှာရှိနေရပါမယ်။ ရလားမသိဘူး။ အဲဒီ Directory ကိုသွားဖို့ Computer ကိုဖိုင်လိုက်ပါ။ အဲဒီကမှတစ်ဆင့် File System ကနေ အဆင့်ဆင့်သွားလို့ရပါတယ်။ ဒါမှမဟုတ် Terminal ကနေ ls /usr/lib/mozilla/plugins/ နဲ့ပြန်ကြည့်ရင်လည်းရပါတယ်။ ကျွန်တော်ဆီမှာတော့
Copy ကူးစရာမလိုဘဲသူ့အလိုလို ရောက်နေပြီးသားဖြစ်နေပါတယ်။ တကယ်လို့ မရောက်သေးရင် အောက်ကလိုစစ်ဆေးပြီး ကော်ပီကူးပေးလိုက်ပေါ့နော်။ ဒါဆိုရင် ရပါပြီ။


ဒါကတော့ Kali မှာပါတဲ့ Default Browser ဖြစ်တဲ့  Iceweasel နဲ့ Mozilla အတွက်ပါ။ တကယ်လို့ Chrome သမားတွေဆိုရင်  /usr/lib/chromium/plugins/ မှာသွားကြည့်ပေးရပါမယ်။

No comments:

Post a Comment

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)