Backtrack OS မှာ ဇော်ဂျီဖောင့်သွင်းနည်းလေးကို ပြောပြချင်ပါတယ်။ ကျွန်တော်ကတော့ Backtrack ကိုမသုံးတော့ သုံးတဲ့လူတွေဆီကနေ မေးမြန်းကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။ Screenshot တွေနဲ့ဆိုတော့ နားလည်လွယ်မှာပါ။ ဘာမှတော့ ထွေထွေထူးထူး ခက်ခဲစရာမရှိပါဘူး။ ကဲစလိုက်ရအောင်။ အရင်ဆုံး အောက်က Link တစ်ခုခုကနေ အဆင်ပြေမယ့် zawgyi key board (.tar.gz) ဖိုင်တစ်ခုကိုဆွဲလိုက်ပါ။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါပဲ။
ဘယ်ဟာရွေးရမှန်းမသိရင် အောက်က link ကနေသာ ဆွဲစိလိုက်ပါ။ :D
ဒေါင်းထားတဲ့ ဖိုင်ကို Desktop ပေါ်ကိုတင်ထားလိုက်ပါ။ အခြားနေရာမှာထားလည်းရပါတယ်။ အဲဒီဖိုင်ကို Terminal ကနေပြန်ခေါ်ရင် လွယ်ကူအောင်လို့ပါ။ ကဲ ရပြီဆိုရင် Ctrl+Alt+T ကိုနှိပ်ပြီး Terminal ကိုခေါ်လိုက်ပါ။ အရင်ဆုံး ကျွန်တော်တို့တင်ထားတဲ့ ဖိုင်ရှိရာ Desktop directory ကိုသွားဖို့
cd Desktop လို့ရိုက်ထည့်ပေးလိုက်ပါ။ Desktop ပေါ်ရောက်ပြီဆိုရင် ls command ပေးပါ။ ပြီးရင် အောက်က Command နဲ့ဖြည်လိုက်ပါ။
tar xvf zawgyi_keyboard-0.3.3.tar.gz ဆိုတာပေါ်လာပါမယ်။ ပုံမှာပြထားတယ်နော်။
tar xvf zawgyi_keyboard-0.3.3.tar.gz လို့ရိုက်ထည့်ပါ။ ဒါပြီးရင် ကျွန်တော်တို့ tar ဖိုင်ကို extract လုပ်ပါမယ်။ tar xvf zawgyi_keyboard-0.3.3.tar.gz လို့ရိုက်ထည့်ပါ။ ပြီးရင် Enter ခေါက်လိုက်ပေါ့။ အဲဒါ ပြီးရင် ls နဲ့ကြည့်လိုက်ပါ။ zawgyi ဆိုတဲ့ဖိုင်လေး Desktop ပေါ်ရောက်နေတာတွေ့ရပါလိမ့်မယ်။
zawgyi ဆိုတဲ့အခန်းထဲကိုဝင်ပါ ပြီးရင် python နဲ့ run လိုက်ပါ python zawgyi_keyboard.py လို့ရိုက် ထည့်ရမှာဖြစ်ပါတယ်။ ပြီးရင် enter နှိပ်ပါ နောက် Install လုပ်ဖို့ i ကိုနှိပ်လိုက်ပါ install လုပ်ပြီးရင် q နဲ့ထွက်လိုက်ပါ ပုံမှာပြ ထားပါတယ်။
လိုအပ်ရင် Restart ချပေးဖို့ လိုကောင်းလိုပါလိမ့်မယ်။ ကဲ ဒါဆိုရင် Zawgyi Font ကို Install လုပ်လို့ပြီးပါပြီ။ Keyboard & Font ရွေးပေးဖို့အတွက် System>>> Preferences>>> Keyboard သို့သွားပြီး Layout ထဲသို့ဝင်လိုက်ပါ။ ပြီရင် Add ကိုနှိပ်ပြီး Myanmar ကိုရွေးပေးလိုက်ပါ။ ပြီးရင် Option ထဲဝင်ပြီး Key(s) to change layout ကနေ မိမိနှစ်သက်ရာ Key အတွဲကို အမှန်ခြစ်ပေးလိုက်ပါ။ ဥပမာ Ctrl+Shit သို့မဟုတ် Ctrl+Alt တစ်ခုခုပေါ့ အဲဒါဆိုရပါပြီ။
Ref: http://myanmar-youth-it-technican.blogspot.com
ကျေးဇူးပါ ဒါပေမယ့် မြန်မာစာမသွင်းရသေးဘူး Backtrack ပျက်သွားပြီ
ReplyDeletepreference>>>Keyboard မတွေ့ဘူး ဘယ်လိုချနိးရမှာလဲ
ReplyDelete