ကဲ ကျွန်တော်သူငယ်ချင်းအရင်းခေါက်ခေါက်တစ်ယောက် အကူညီတောင်းထားတာလေးအတွက် ဒီပို့စ်လေးကိုရေးဖြစ်သွားပါတယ်ဗျာ။ အကြောင်းအမျိုးမျိုးကြောင်း မိမိ Facebook နာမည်ကိုပြောင်းချင်တယ်ဆိုရင် ဘယ်လိုပြောင်းရမှန်းမသိသူများအတွက်တော့ ဒီပို့စ်လေးဟာ အသုံးဝင်မှာပါ။ သိပြီးသားသူတွေနဲ့ နာမည်ခဏခဏပြောင်းတတ်သူများကတော့ ဒီပို့စ်ကို ကျော်သွားလိုက်နော်။ :D ကျွန်တော်လည်း Facebook နာမည်ကိုပြောင်းထားပါတယ်။ :D ဒါပေမယ့် 3 ခါပဲပြောင်းလို့ရမှာလို့ ပြောထားပါတယ်။ Limit ကျော်သွားရင်
ဘယ်လိုပြောင်းမလဲဆိုတာတွေလည်းတွေ့ပါတယ်။ ဒါပေမယ့် မစမ်းရသေးတော့ နောက်ကြုံမှပြန်ရေးပါအုံးမယ်။ နာမည်ပြောင်းမယ်ဆိုရင် ဖြစ်နိုင်ရင်တော့ Phone Device ကနေလုပ်ဆောင်တာက ပိုကောင်းပါတယ်။ Facebook ကတစ်ခါတလေ အကောင့်ပြောင်းရင် Mobile Device နဲ့ Confirm လုပ်တတ်လို့ပါ။ ဒါပေမယ့် ကံကောင်းရင်တော့ PC ကနေလည်းပြောင်းလို့ရမှာပါ။ ကဲ စလိုက်ရအောင်။ အရင်ဆုံး မိမိရဲ့ Facebook account ထဲကို Login ဝင်ထားပါ။ Facebook Home button နားလေးက မြားပြထားတဲ့နေရာကနေ Acount Settings ကိုရွေးပေးပါ။ ပုံမှာပြထားပါတယ်။ တွေ့တယ်နော်။
ဒါဆိုရင် နောက် Page တစ်ခုကိုရောက်သွားပါမယ်။ အောက်ကပုံကိုကြည့်ပါ။
မြားပြထားတဲ့ Name ဘေးက Edit ဆိုတာကိုရွေးပြီး အရင်ပေးထားတဲ့ နာမည်ကို ကိုယ်လိုချင်တဲ့နာမည်ပေးပြီး စမ်းနိုင်ပါပြီ။ အဆင်ပြေရင်တော့ ရပါမယ်။ Facebook ကလက်မခံတဲ့နာမည်ဆိုရင် မရဘူးဆိုတဲ့ error message တက်လာပါမယ်။ အောက်ကပုံကိုကြည့်ပါ။
ကိုယ်ပေးချင်တဲ့နာမည်ပေးပြီးရင် အတည်ပြုဖို့ မိမိ Facebook account password ကိုရိုက်ပေးရပါမယ်။ ပြီးရင် Save Change နဲ့စမ်းကြည့်ပါ။ မရရင် နောက်နာမည်တစ်ခုနဲ့စမ်းကြည့်ပါ။ အဲလိုမှမရဘူးဆိုရင် ပုံ (၂) ထဲက username အကွက်ဘေးက Edit ဆိုတာကိုထပ်နှိပ်ပြီး username နေရာမှာ ကိုယ်ပေးချင်တဲ့နာမည်ပေးပါ။ ဥပမာ ပုံထဲကအတိုင်ဆိုရင် ကျွန်တော် facebook username က lotus.black123 အဲဒါကို ကိုယ်က Maung Maung လို့ပေးချင်တယ်ဆိုပါစို့။ ဒါဆိုရင် အဲဒီ username နေရာမှာ maungmaung123 ဒါမှမဟုတ် maung.maung.123 ဘာညာထည့်ပေးလိုက်ပါ။ အဲ ရသွားရင်တော့ Save Change လုပ်လိုက်ပါ။ ပြီးရင် အရင်ဆုံးကျွန်တော်တို့လုပ်ခဲ့တဲ့အတိုင်း Name ဘေးက Edit ကိုနှိပ်ပြီး ကိုယ်ပေးချင်တဲ့ Maung Maung ဟုရိုက်ထည့်ပြီး ပြောင်းလိုက်ပါ။ ဒါဆိုရင်တော့ Facebook Name ကိုပြောင်းလို့ရသွားပါပြီ။ တစ်ခါမှ Facebook Name မပြောင်းရတဲ့သူတွေအတွက်တော့ ပြောင်းရတာလွယ်ကူပါတယ်။ အားလုံးအဆင်ပြေကြပါစေ။ မရှင်းတာရှိရင်လည်း Comment မှာမေးနိုင်ပါတယ်။ :D
Thank you ပါ အကို ရေ facebook က page မှာ ရော ကြော်ညာ ထည့် လို့ ရ လား ခင်ဗျာ ဥပမှာ ad innwa တို့ ဘာတို့ ပေါ့ ရရင် ဘယ်လို လုပ် ရ မလဲ ပြော ပြ ပါ လား ခင်ဗျာ
ReplyDeletefacebook page မှာလုပ်နည်းမတွေ့မိသေးပါကြောင်း :(
ReplyDelete