5/02/2013

Easy Zawgyi Installer for Android

ဒါလေးကတော့ myanmarmobileapp ကနေ မလာတာပါ။ တစ်ခါတစ်ခါ ဇော်ဂျီဖောင့်ကို အင်စတော့ လုပ်ရတာ မလွယ်ပါဘူး။ အစက ကျွန်တော် Root Manager တွေ၊ FontChanger တွေ၊ BusyBox ဘာညာတွေနဲ့စုံနေအောင်သွင်းပြီး ဇော်ဂျီဖောင့်သွင်းခဲ့ရပါတယ်။ အလုပ်ရှုပ်သလို အချိန်လည်းကုန်ပါတယ်။ ဒီ Installer လေးနဲ့ဆိုရင်တော့ ဘာမှမလိုတော့ပါဘူး။ သွားဒေါင်းပြီး
PC ကနေ ကလစ်လိုက်ရုံနဲ့ ဇော်ဂျီဖောင့်သွင်းခြင်းလုပ်ငန်းပြီးဆုံးသွားပါမယ်။ ဒါပေမယ့် Root လုပ်ထားပြီးသား ဖုန်းဖြစ်ရပါမယ်။ မူရင်းပို့စ်မှာတော့ Linux အတွက်ရော၊ Mac အတွက်ပါထည့်ပေးထားပါတယ်။ ကျွန်တော်ကတော့ Windows အတွက်သာပဲ ဖော်ပြပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ တော်တော်များများက Windows ကနေပဲ Run ကြမှာကိုး။ မူရင်းပို့စ်ကတော့ ဒီ မှာပါ။ Installer ကိုဒေါင်းပြီး Run ရင် အောက်ကပုံအတိုင်းမြင်ရပါမယ်။ မိမိ Device နဲ့ကိုက်ညီမယ့်ဟာကိုရွေးပေးလိုက်ပါ။

ဒါဆိုရင် အောက်ကပုံအတိုင်းပေါ်လာမှာဖြစ်ပြီး Phone က Reboot ဖြစ်သွားပါလိမ့်မယ်။ ပြန်တက်လာတာနဲ့ မြန်မာဖောင့်သွင်းထားပြီးပါပြီ။ 



No comments:

Post a Comment

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)