ဟုတ်ပါတယ်။ ကျွန်တော်ဆိုရင် အင်တာနက်ကို ဖုန်းထဲကနေမသုံးပါဘူး။ ပီစီကနေပဲ သုံးပါတယ်။ ဖုန်းထဲကနေ သုံးရတာ အားမရပါဘူး။ နောက်ပြီး ဖုန်းနဲ့မလုပ်နိုင်တာတွေလည်းအများကြီးပေါ့။ ဒါပေမယ့်
သူ့နေရာနဲ့သူတော့ အားနည်းချက်ရှိကြတာပေါ့လေ။ Android app တွေကို ဖုန်းထဲကနေ တိုက်ရိုက်
Install လုပ်ခွင့်ပေးပေမယ့် ပီစီမှာကျတော့ အဆင်မပြေပြန်ဘူးလေ။ filecrop လိုဆိုဒ်ကနေရှာရင်တော့
ရတော့ရပါတယ်။ ဒါပေမယ့် သူများတွေပြန်တင်ပေးမှာကိုး။ ကဲ ကောင်းပြီ။ ကျွန်တော်တို့ PC ကနေ
android app တွေကို ဒေါင်းနည်း လေ့လာရအောင်။ အရင်ဆုံး ကျွန်တော်အခုပြောပြမယ့် နည်းလမ်းမှာ ကိုမောင်ပေါက် ရဲ့ဘလော့ကနေ မှီးငြမ်းထားပါကြောင်း။ အရင်ဆုံး Real Apk Leacher ကို ဒေါင်းထားပါ။ ဒီကောင်ကို မသွင်းမှီ Java Runtime Environment 1.5.0 ကိုအရင်ဆုံး အင်စတော့လုပ်ရပါမယ်။ ဒီအတွက် ခင်ဗျားပီစီမှာ အင်တာနက်ချိတ်ထားဖို့တော့ လိုပါလိမ့်မယ်။ ကဲ ဒါဆိုရင် Real Apk Leacher ကိုဖွင့်လိုက်ပြီး Option မှာဆိုရင်အောက်ကအတိုင်းမြင်ရမှာပါ။
အဲဒီမှာ ဖြည့်ရမယ့် အကွက်က ၃ ခုရှိပါတယ်။ Email, Password, Device ID ပါ။ Email နဲ့ Password ကို မိမိ primary အဖြစ်သုံးမယ့် အီးမေးလ်ကိုအသုံးပြုပါ။ Random Email မထည့်ရပါ။ ကဲ လာပါပြီ။ Device ID ဆိုတာ။ Device ID ကိုသိရဖို့အတွက် ဖုန်းရဲ့ Dial Pad မှာ *#*#8255#*#* ဆိုတဲ့ Code ကို ရိုက်ထည့်ပြီး Dial လုပ်လိုက်ပါ။ ဒါဆိုရင် အောက်က ပုံမှာအတိုင်း device id ရပါမယ်။ ဒါမှမဟုတ်ရင်လည်း Device ID Apk ကိုအသုံးပြုခြင်းဖြင့် ခင်ဗျားရဲ့ device id ကိုအလွယ်တကူသိနိုင်မှာပါ။ OK ရတယ်နော်။ ဒီအဆင့်ထိ။
ဒါဖြင့် ကျွန်တော်တို့ ဖြည့်စရာရှိတာကို ဖြည့်ပြီးနောက် စတင်ရှာဖွေ ဒေါင်းနိုင်ပါပြီ။ အားလုံး အဆင်ပြေကြပါစေဗျာ။ Java runtime ကိုတော့ ကိုယ့်သက်နဲ့ကိုက်ညီတဲ့ဟာကို ကိုာ့်ဘာသာသွင်းနိုင်ပါတယ်။ တခါတလေ missing plugins ဆိုပြီးဒေါင်းခိုင်းပါတယ်။ မရှိရင်ပေါ့။ flash player လိုမျိုးပါပဲ။ ခင်ဗျားမှာ Java runtime plugin တော့ရှိထားသင့်ပါတယ်။
No comments:
Post a Comment
If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)