11/06/2012

File Storage နဲ့ပတ်သက်ပြီး သိထားသင့်တာတွေ

ခုတစ်လော ပို့စ်တွေမရေးဖြစ်သေးပါဘူး။ စိတ်လည်းတော်တော်ညစ်နေပါတယ်။ ကျွန်တော်ဘလော့စရေးကတည်းက File တွေ။ ဆော့ဝဲလ်တွေ သိမ်းထားတဲ့ mediafire account ပါသွားလို့ တော်တော်လည်းကို လေသွားပါတယ်။ ဖိုင်တွေက ဘလော့စရေးကတည်းက ရက်ရှည်လများသိမ်းထားတာဆိုတော့ 1 GB ကျော်နေပြီလေ။ တစ်ချို့စာအုပ်တွေ။ Tool တွေကပြန်ရှာရတာမလွယ်တော့လို့ ဘာလုပ်ရမှန်းတောင်မသိတော့ပါဘူး။ ကြိုးစားပြီးတော့ ပြန်တင်ပေးနေပါတယ်။ minus ကတော့ 25 MB ထက်ကျော်တဲ့ဖိုင်တွေကို 

 တင်လို့မရပါဘူး။ mediafire ကတော့ 150 MB

 ကျော်လောက်ကိုတင်ခွင့်ရှိတယ်။ minus ဖက်ကတော့ခုထိ Copyright ပြသနာမရှိသေးဘူး။
Ebooks တွေတင်မယ်စိတ်ကူးရင်တော့ minus ကကောင်းပါတယ်။ ဒါပေမယ့် .rar ဖိုင်တွေကို တခါတလေ လက်မခံဘူးဖြစ်ပါတယ်။ သူ့အားနည်းချက်အားသာချက်ဆိုရမှာပေါ့လေ။ အားလုံးကိုတောင်းဆိုချင်တာတစ်ခုက မရသေးတဲ့ Link တွေရှိရင် Comment ရေးပြီးပြောပြပေးကြပါခင်ဗျာ။ ကျွန်တော်ကိုအကုညီပေးတဲ့အနည်နဲ့ပေါ့။ အကုန်လိုက်ရှာနေရတာ မောပါတယ်။ အားပေးကြတဲ့ ဘော်ဘော်တို့ကိုလည်း ဒီရက်ပိုင်း
ဖိုင်တွေ link အဆင်မပြေဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ mediafire မှာ ဖိုင်တွေတင်မယ်ဆိုရင် 
သိထားသင့်တာလေးတွေကို ကျွန်တော်ကြုံခဲ့သမျကနေ ပြောပေးချင်ပါတယ်။ အထူးသဖြင့်
ဘလော့ဂါတွေအတွက် ရည်ရွယ်လိုရင်းဖြစ်ပါတယ်။ မြန်မာစာအုပ်တွေတင်မယ်ဆိုရင် ဘာမှပြသနာ
မရှိပေမယ့် English လိုရေးထားတဲ့စာအုပ်တွေ အထူးသဖြင့် ပိုက်ဆံပေးရတဲ့စာအုပ်တွေ၊ Hacking စာအုပ်တွေတင်မယ်ဆိုရင် WinRAR နဲ့ချုံ့ပြီး password ခံထားလိုက်ပါ။ ဖိုင်နာမည်ကိုလည်း တခြားနာမည် 123@ttzx ဘာညာပေးထားသင့်ပါတယ်။ နောက်ပြီး Microsoft နဲ့ပတ်သက်တဲ့ Tool
တွေလည်းတင်မယ်ဆိုရင် သတိထားပါ။ Copyright နဲ့ငြိတတ်တော့ ပြသနာဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ အဲဒီဆော့ဝဲလ်တွေကို ဖိုင်နာမည်လွဲပြီးပေး password တွေခံပြီး တင်လိုက်တာ
အသင့်တော်ဆုံးပါပဲ။ ဒါမှ သူတို့စစ်ဆေးရင် အခက်တွေ့မှာဖြစ်လို့ပါ။ ကျွန်တော့်အကောင့်ကတော့
Suspended account စာရင်းဝင်သွားပါတယ်။ ဒီကြားထဲလည်း နှစ်ခါသတိပေးခံခဲ့ရဖူးပါပြီ။ တစ်ခု
ကံကောင်းတာကကျွန်တော်ဖိုင်တွေကို အခြားအကောင့်တစ်ခုနဲ့ခွဲပြီးတင်ထားသေးလို့ အကုန်မပါသွားတာ။
လောလောဆယ်တော့ Counter Claim တက်ထားတယ်။ ပြန်ရမရတော့ မသေချာတော့ပါဘူး။
အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ချမ်းသာကြပါစေဗျာ။

1 comment:

  1.်မသိတာတွေ ပြောပြပေးတဲ့ အတွက်ကျေးဇူးပါ

    ReplyDelete

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)