အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီပို့စ်ကိုရေးရင်ကောင်းမလားလို့ အကြာကြီးစဉ်းစားပြီးမှ ရေးလိုက်ရပါတယ်။
ပြောရရင်တော့ ရှက်စရာကြီးပါ။ ကျွန်တော်ထောင်ထားတဲ့ ဖေ့ဘွတ်ဂရုတစ်ခု အဟက်ခံလိုက်ရပါတယ်။
ဖြစ်ပုံက ဒီလိုပါ။ လွန်ခဲ့တဲ့နှစ်လလောက်က ကျွန်တော်ဂရုထဲကို ဘယ်သူ admin လုပ်ချင်လဲလို့မေးခဲ့ရာ
လူတစ်ယောက်က သူလုပ်ချင်ပါတယ်လို့ပြောတာနဲ့ ကျွန်တော်လည်း သူ့ကို admin ခန့်လိုက်မိပါတယ်။
admin access ရရှိထားသူဟာ ဂရုတစ်ခုလုံးကိုထိန်းချုပ်ထားနိုင်စွမ်းရှိတယ်ဆိုတာသိထားရပါမယ်။ အခု ကျွန်တော် Group အဟက်ခံလိုက်ရတယ်ဆိုတာ ခံရမည့်နည်းလမ်းတွေက အများကြီးဖြစ်နိုင်ပါတယ်။ အားလုံးဟာ ကျွန်တော်အမှားတွေကြောင့်သာဖြစ်ပါကြောင်း ကြိုသင်အသိပေးပါတယ်။
၁။ ကျွန်တော် admin အဖြစ်ပေးတဲ့လူဟာ စပိုင်ဖြစ်နိုင်တယ်။ ဒါဆိုရင်တော့ ပွဲသိမ်းပဲ။
၂။ သူက စပိုင်မဟုတ်ပေမယ့် လူတစ်ယောက်ကို Social Engineering တွေကြောင့် admin ပြန်ခန့်မိတာ။
၃။ သူကိုယ်တိုင် phishing link တွေကိုနှိပ်မိလို့။
၎။ Keylogger တွေကြောင့် သူ့အကောင့်အဟက်ခံလိုက်ရလို့။
၅။ ကျွန်တော်ကိုယ်တိုင်လည်း အထက်ပါထဲက တစ်ခုခုကိုကျူးလွန်မိရင်။
ကျွန်တော် ကိုယ့်ငါးချဉ်ကိုယ်ချဉ်လို့ပြောတာမဟုတ်ရပါ။ ပြီးတော့ ကျွန်တော် admin အဖြစ်ခန့်လိုက်တဲ့လူကိုလည်း (တကယ်လို့ စပိုင်မဟုတ်ခဲ့ရင်ပေါ့လေ) ထိခိုက်နစ်နာစေလိုတဲ့ စိတ်နဲ့ပြောနေတာမဟုတ်ပါ။ ကျွန်တော်သေချာပြောနိုင်တာကတော့ အဟက်ခံရနိုင်တဲ့ အထက်ပါ အချက်
တစ်ခုခုကိုမှ ကျွန်တော်မလုပ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်သုံးနေတဲ့အင်တာနက်လိုင်းက
သီးသန့်လိုင်းဖြစ်တဲ့အတွက် Keylogger တွေကြောင့်လည်းလုံးဝမဖြစ်နိုင်ပါဘူး။ phishing link တွေကို
မှားနှိပ်မိရအောင် ကျွန်တော်က ငပေါလည်းမဟုတ်သေးပါ။ ကျွန်တော်မသိနိုင်တဲ့နည်းတွေကြောင့်ဆိုရင်တော့ မတတ်နိုင်ဘူးပေါ့လေ။ ဒါကြောင့် ကျွန်တော်ခံလိုက်ရတဲ့
အတွေ့အကြုံကနေ မိတ်ဆွေများအတွက် Security နဲ့ပတ်သက်ပြီးသိသင့်သိထိုက်တာတွေကို ကျွန်တော်
တတ်သလောက်သိသလောက်မျဝေလိုက်ရပါတယ်။
၁။ Facebook, Gmail တွေကိုဆိုင်မှာသုံးမယ်ဆိုရင် Login ၀င်ရာမှာ နှစ်ခါသုံးခါလောက်မှားနှိပ်ပြီးမှဝင်ပါ။
Keylogger တွေက သင်ရိုက်သမျှစာလုံးတွေကိုမှတ်ထားတယ်ဆိုတာသိထားရပါမယ်။
၂။ Facebook မှာ Group တွေထောင်မယ်ဆိုရင် ဘယ်တော့မှ သင်ယုံကြည်ရလောက်တဲ့လူကလွဲပြီး
admin access မပေးပါနဲ့။ ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှမပေးတာကောင်းတယ်။
၃။ ဘာသာရေးစာအုပ်တွေပါဆိုပြီး Download Link တွေကိုမနှိပ်မိပါစေနဲ့။ အဲဒါတွေက သင့်အကောင့်ကိုခိုးမယ့် Link တွေဖြစ်နိုင်လို့ပါ။
၎။ Group တွေထောင်မယ်ဆိုရင် တကယ်လို့အဲဒီဂရုက Security အရ အရေးပါတယ်ဆိုရင် Closed Group လုပ်ထားသင့်ပါတယ်။ ဒီထက်မက အရေးကြီးရင်တော့ Secret Group အဖြစ်သာပေးလိုက်ပါ။
ဒါပေမယ့် အဲဒါကလည်း လုံးခြုံမှုရှိလားဆိုတော့ မရှိသေးပါဘူး။ ကဲ ပို့စ်လေးကတော့ ဒါပါပဲ။ ကျွန်တော် သတိတစ်ချက်လွတ်မိလို့ ခံလိုက်ရသလိုမျိုး မိတ်ဆွေတို့လည်း မဖြစ်ရလေအောင် မျဝေလိုက်ရပါတယ်။
ကျေးဇူးပါ
ReplyDelete