ဒီ post ကတော့ Networkingကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် ရည်ရွယ်ပါတယ်။ Network တစ်ခုမှာရှိတဲ့ တစ်ခုကနေ နောက်တစ်ခုရဲ့ PC ဆီကို Data တွေဘယ်လိုကူးသွားသလဲဆိုတာကို
OSI (Open System Interconnection)နဲ ဆက်နွယ်ပြီး Layer 7 ခုအကြောင်းကို ကျွန်တော်သိသလောက် ဖော်ပြပေးမှာပါ။ OSI Model မှာ Layer 7 ခုရှိပါတယ်။ ဒါတွေကတော့ 1.Physical 2.Data Link 3.Network 4.Transport 5.Session 6.Presentation 7.Application တို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေ Email, Internet Facebook အသုံးပြုတဲ့အခါအဲဒီ Layer 7 ခုကို အဆင့်ဆင့်ဖြတ်ပြီးမှ Email Inbox Facebook စတာကိုမြင်ရတာဖြစ်ပါတယ်။ Exam ဖြေမယ့် ကျောင်းသားတွေကတော့ Layer 7 ကနေ 1 အထိကို All People Need To Seem Data Procession ဆိုပြီး အလွတ်မှတ်ထားနိုင်ပါတယ်။ ကောင်းပါပြီ
Layer 1 ကနေစပြောရအောင်။
1.Physical Layer 1
OSI (Open System Interconnection)နဲ ဆက်နွယ်ပြီး Layer 7 ခုအကြောင်းကို ကျွန်တော်သိသလောက် ဖော်ပြပေးမှာပါ။ OSI Model မှာ Layer 7 ခုရှိပါတယ်။ ဒါတွေကတော့ 1.Physical 2.Data Link 3.Network 4.Transport 5.Session 6.Presentation 7.Application တို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေ Email, Internet Facebook အသုံးပြုတဲ့အခါအဲဒီ Layer 7 ခုကို အဆင့်ဆင့်ဖြတ်ပြီးမှ Email Inbox Facebook စတာကိုမြင်ရတာဖြစ်ပါတယ်။ Exam ဖြေမယ့် ကျောင်းသားတွေကတော့ Layer 7 ကနေ 1 အထိကို All People Need To Seem Data Procession ဆိုပြီး အလွတ်မှတ်ထားနိုင်ပါတယ်။ ကောင်းပါပြီ
Layer 1 ကနေစပြောရအောင်။
1.Physical Layer 1
ဒီ Layer ကတော့ Network တစ်ခုမှာ ကျွန်တော်တို့ မြင်နေရတဲ့ အပိုင်းအဖြစ် အကြမ်းဖြင်းမှတ်ထားနိုင်ပါတယ်။ ဥပမာ LAN ကြိုးပေါ့၊ နောက်ပြီး USB ကြိုးတွေအများကြီးသုံးလို့ရအောင်
လုပ်ထားတဲ့ Hub တွေပဲဖြစ်ပါတယ်။ နောက်ပြီး Cableကြိုးတွေ Radio Wave တွေ၊ ဒါတွေကို Layer 1 အဖြစ်သတ်မှတ်နိုင်ပါတယ်။
2.Data Link Layer 2
အကြောင်းပြောရရင် NIC (Network Interface Card)ကိုလည်းအရင်ဆုံးသိထားရပါမယ်။ NIC မှာ physical Address ဖြစ်တဲ့ MAC (Media Access Control) Address ဆိုတာရှိပါတယ်။
MAC Address ဆိုတာကတော့ စက်ရုံကနေထုတ်ပေးတဲ့ unique နံပါတ်တွေပါပဲ။ ဆိုလိုတာက ဒီနံပါတ်တွေဟာ card တစ်ခုတည်းအတွက်သာဖြစ်ပါတယ်။ ဒါကြောင့် တူညီတဲ့ MAC Address
ဆိုတာမရှိပါဘူး။ NIC အလုပ်လုပ်တဲ့နေရာမှာ LLC (Logical Link Control) နဲ့ MAC(Media Access Control) ဆိုပြီး 2 ပိုင်းရှိပါတယ်။ LLC ကတော့ Operating System ကိုအဲဒီ MAC Address အကြောင်းအသိပေးတာဖြစ်ပြီး MAC ကတော့ NIC မှာရှိတဲ့ MAC Address ဟာအမှန်ဖြစ်ကြောင်း အသိပေးတာဖြစ်ပါတယ်။ ဒီလိုနဲ ဟိုဘက် PC က MAC Address ရယ် ဒီဘက် က MAC Address ကို Compare လုပ်ပြီး စစ်ဆေးတာဖြစ်ပါတယ်။ Layer 2 မှာမြင်သာမယ့် device ကတော့Switch ဖြစ်ပါတယ်။
3.Network Layer 3
ဒီ Layer မှာတော့ Network Operating System တွေက MAC Address တွေကို သက်ဆိုင်ရာ IP Address အဖြစ်ပြောင်းပေးလိုက်ပါတယ်။ 192.168.1.1 စသည်ဖြင့်ပေါ့ဗျာ။ ဒီအပိုင်းကို OS ကကိုင်တွယ်တာဖြစ်ပါတယ်။ MAC Address နဲ့ IP Address ကို ကွကြွဲပြားပြားသိရအောင် ကနေ ipconfig /all လို့ရိုက်ထည့်ပြီး စစ်ဆေးနိုင်ပါတယ်။ အဲဒီမှာ Physical Address ဆိုတာက MAC Address ဖြစ်ပြီး IPv4 MAC Address ကတော့ Software ကသတ်မှတ်ပေးတဲ့ IP Address ပါပဲ။ Layer 3 အတွက်မြင်သာတဲ့ Device ကတော့ Router ပါ။
4.Transport Layer 4
ဒီအပိုင်းမှာတော့ Network တစ်ခုကနေပို့လိုက်တဲ့ data တွေကို packet တစ်ခုချင်းစီဖြိုခွဲပစ်ပြီး destination ကိုရောက်တဲ့အခါမှ ပြန်စုလိုက်တဲ့အပိုင်းပါ။ ကျွန်တော်တို့ Email တွေပို့ရင်လည်း ဒီသဘောနဲ့သွားနေတာဖြစ်ပါတယ်။ ဥပမာ 3MB ရှိတဲ့ mp3 ဖိုင်ကို ပို့မယ်ဆိုရင် Network Protocol တွေက packet တွေအဖြစ်ဖြိုခွဲပစ်ပြီး အဲဒီ packet တွေကိုလည်း ဆိုင်ရာ sequence number တွေအဖြစ်သတ်မှတ်ပေးတယ်။ destination ကိုရောက်မှ သက်ဆိုင်ရာ sequence number ပြန်နဲ့စစ်ဆေးပြီး အလုပ်လုပ်ပါတယ်။
5.Session Layer 5
Session Layer မှာဆိုရင် Network တစ်ခုပေါ်မှာ data တွေရယူတဲ့အခါ အလှည့်ကျပုံစံနဲ့ အလုပ်လုပ်တာကို ဆိုလိုပါတယ်။ ဥပမာ ကျွန်တော်တို့ Printer တစ်ခုကို Network တစ်ခုကနေ
လူနှစ်ယောက်လှမ်းပြီး မသုံးနိုင်တာကိုသိမှာပါ။ Wait Time ဆိုတာရှိပြီး Job တစ်ခုပြီးမှ နောက်တစ်ခုကို ဆက်လုပ်စေပါတယ်။ အဲဒီ အပိုင်းကို Session layer က Control လုပ်ပါတယ်။
6.Prensentation Layer 6
ဒီ Layer ကတော့ Standard တစ်ခုကို တည်ဆောက်ပေးလိုက်တာပါ။ ဥပမာ Windows, Linux အစရှိတဲ့ platform တွေမှာ မတူညီတဲ့ File System တွေရှိတဲ့အတွက် Windows ကနေ Linux ဆီကို
ဆက်သွယ်တဲ့အခါ ဖိုင်တွေကို မသိဘူးမဖြစ်ရလေအောင် standardized လုပ်ပေးတဲ့အပိုင်းပေါ့။ ဥပမာနောက်တစ်ခုနဲ့ပြောရရင် PDF ဖိုင်ကို ဖန်တီးလိုက်တယ။် ကောင်းပြီ။ PDFဆိုရင် Windows မှာဖြစ်ဖြစ် Linux မှာဖြစ်ဖြစ် ဖိုင်တွေကို ဖွင့်လို့ရပြီလေ။
7.Application Layer 7
ကဲ လာပါပြီ နောက်ဆုံး Layer ဖြစ်တဲ့ Application Layer မှာတော့ ကျွန်တော်တို့မြင်ရတဲ့ Network Application တွေပဲဖြစ်ပါတယ်။
မြင်သာအောင် ပြောရရင် Web Browser တွေဖြစ်တဲ့ Mozilla Firefox, Internet Explorer။ Windows မှာရှိတဲ့ My Network Places ။ Google ရဲ့ Product တွေဖြစ်တဲ့ Gmail, Google Docs
စတာတွေပဲဖြစ်ပါတယ်။ Application Layer မှာ နောက်ထပ် function တွေဖြစ်တဲ့ Encryption, User Authentication, API (Application Programming Interface)
တွေလည်းပါဝင်ပါကြောင်း။
No comments:
Post a Comment
If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)