12/22/2011

Hacking Windows XP in command Prompt

Windows ထဲကိုတော့ Login ၀င်နေတယ်။ စက်ကတခြားလူတစ်ယောက်ရဲ့ စက်ဖြစ်နေတယ်။ဒီလိုအချိန်မှာ password ပြောင်းဖို့ဆိုတာ အရင် password ကိုသိထားမှလေ။ ဒီနည်းကတော့ password မသိဘဲနဲ့ပြောင်းနည်းပါ။ အရင်ဆုံး ကွန်ပျူတာထဲကို Login လုပ်ထားဖို့တော့လိုတာပေါ့။ ကဲ စပါပြီ။ Start>Run  ကနေ cmd နဲ့ Command Promptကိုသွားပါ။ Command Prompt ထဲကိုရောက်သွားရင် net user လို့ရိုက်ထည့်ပါ။ ဒါဆိုရင် Win XP မှာရှိတဲ့ User Account တွေကိုမြင်ရပါမယ်။ ဒီနေရာမှာတော့ user name တွေကa  နဲ့ Administrator, Guest အစရှိသည်ဖြင့်မြင်ရပါမယ်။ a ဆိုတဲ့ user အကောင့်ကို password ပြောင်းမှာဖြစ်ပါတယ်။ 



ပီးရင် နောက်ထပ် net user a ဆိုတဲ့ command အသစ်ကိုရိုက်ကြည့်ပြီး စမ်းပါမယ်။ The command complete successfully ဆိုတဲ့ message ကိုမြင်ရမှာပါ။အောက်ကပုံကိုကြည့်ပါ။
အပေါ်က message မှာဆိုရင် a အကောင့်နဲ့ပတ်သက်တဲ့ information တွေကို အသေးစိတ်ဖော်ပြထားပါတယ်။ ဒါတွေကို လုပ်နိုင်ဖို့ဆိုရင် အဲဒီအကောင့်ဟာ Administrator Member
အကောင့်တစ်ခုဖြစ်ဖို့လိုပါတယ်။ ဆိုလိုတာက Guest အကောင့်ကနေ ဒီ command ကို အသုံးပြုလို့မရဘူးဆိုတာသိထားရပါမယ်။ ပြီးတော့ Windows 7 မှာလည်း အလုပ် မဖြစ်ပါဘူး။
ကောင်းပါပြီ နောက်ထပ် command တစ်ခုရိုက်ကြည့်ပါမယ်။ net user a * ဆိုတဲ့ command ပေါ့နော်။ ဒါဆိုရင်တော့ Type the password for the user: ဆိုတဲ့ message ကိုမြင်ရမှာ
ဖြစ်ပါတယ်။ ကိုယ်ပြောင်းချင်တဲ့ password အသစ်ကိုပြောင်းရမယ့် အချိန်ကောင်းပဲ။ ပြီးရင်တော့ Retype the password to confirm ဆိုပြီးနောက်တစ်ခါပြန်ရိုက်ခိုင်းပါလိမ့်မယ်။
Password ကိုနောက်တစ်ခါ မမှားအောင်ရိုက်ပေးလိုက်ပါ။ 
ကဲ..ဒါဆိုရင်တော့ ခင်ဗျား Password ကို hack နိုင်သွားပါပြီခင်ဗျာ။ Windows XP SP2, SP1 တွေမှာ ကောင်းကောင်း အလုပ်ဖြစ်ပေမယ့် တစ်ချို့ Windows XP SP3 မှာအလုပ် မလုပ်တာ
တွေ့ရတယ်။ Educational Purpose အတွက် post တင်တာဖြစ်တဲ့အတွက် မဟုတ်တဲ့နေရာမှာ အသုံးပြုရင် မိမိသာဝန်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဒီနည်းကLC5 Password
Cracking Tool နဲ့အလုပ်, လုပ်ပုံချင်းတူပါတယ်။ LC5 လည်း စက်ထဲကို Install လုပ်ပြီးမှ crack တဲ့မျိုးပါ။ ဒါပေမယ့် သူကပြောင်းလဲမပစ်ဘူး။ Password ကဘာလဲဆိုတာ အတိကျဖော်
ထုတ်တဲ့ ဆော့ဝဲလ်ဖြစ်ပါတယ်။

No comments:

Post a Comment

If you good, i don't bad. if you think you can bark me, I think i can also fuck you. I'm just ordinary person. Is that OK? :)