ဟက်ကာတွေ system တစ်ခုကို hack တော့မယ်ဆိုရင် ပထမဆုံးလုပ်ရမှာတော့ footprinting ပါပဲ။ ဥပမာဆိုရရင် ဟက်ကာတစ်ကောင်က Company တစ်ခုကို hack တော့မယ်ဆိုပါစို့။ ပထမဆုံး သူရှာရမှာက Company ရဲ့ လိပ်စာတွေ, Email တွေ, ကိုလိုက်ရှာရမယ်။ ပြီးရင် အဲဒီ Company ရဲ့ Website လိပ်စာတွေကို ရှာရယ်။ ပြီးမှာ Website ရဲ့ IP Address ကိုရှာရယ်။ ဒီလိုရှာဖို့အတွက် http://www.selfseo.com/find_ip_address_of_a_wesite.php ထဲမှာ လိုချင်တဲ့ website
ကိုရိုက်ထည့်ပြီး ရှာလိုက်ရင် ရပါတယ်။ Google ရဲ့ IP Address ကို သိချင်တယ်ဆိုပါစို့။ selfseo.com ထဲက Enter URL မှာ google.com ကိုရိုက် ထည့်ပြီး Get IP ကိုနှိပ်ရင် The IP Address of google.com is 64.233..187.99, The IP Address 64.233..187.99 is assigned to United States
ဆိုပြီး ဖော်ပြပေးမှာဖြစ်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် IP Address ဟာ ဘယ်နိုင်ငံက လာတာလဲဆိုတာကိုပါ သိရတယ်နော်။ ပြီးရင် အဲဒီ website အလုပ်
လုပ်မလုပ်ဆိုတာသိရဖို့ http://just-ping.com မှာ လိုချင်တဲ့ URL ကိုရိုက်ထည့်ပြီးရှာနိုင်သေးတယ်။ http://whois.domaintools.com ကနေ DNS တွေ, Email တွေအစရှိသည်ဖြင့် ရှာနိုင်တယ်။ Footprinting တွေလုပ်မယ်ဆိုရင် Google ဟာအကောင်းဆုံးအဖော်မွန်ဖြစ်မှာပါ။ Google မှာ ကျွန်တော်တို့ ရှာတတ်ရင် အများကြီးရှာလို့ရတယ်လေ။ "www.target-site.com Email" လို့ရှာလိုက်ရင် ရှာလိုက်တဲ့ Site ရဲ့ Email တွေကို စုံစုံလင်လင်တွေ့ရပါမယ်။ Google မှာ ရှာတတ်ဖို့လည်းလိုတာပေါ့။ Google မှာ Shearch လုပ်ရင် Operator တွေဖြစ်တဲ့ Not, OR, AND, intitle, filetype, inurl, index of, site, link, info တို့ကိုဘယ်လိုသုံးရမလဲဆိုတာ သိထားရပါမယ်။ Google မှာ ရှာနည်းတွေကို မြန်မာလိုရေးတဲ့ စာအုပ်တွေလည်းရှိပါတယ်။ အခြေနေပေးရင် ဖတ်ပေါ့ဗျာ။
Thanks!
ReplyDelete