4/24/2014
Instant Firebug Starter [PDF]
[Packtpub] ကထုတ်ထားတဲ့ £6.79 တန်ဖိုးရှိတဲ့ စာအုပ်လေးပါ။ Firebug ကို ခုမှအသုံးပြုမယ့်သူတွေ ဒေါင်းထားသင့်တဲ့ စာအုပ်ပါပဲ။
Overview
  • Learn something new in an Instant! A short, fast, focused guide delivering immediate results.
  • Modify HTML on the fly
  • Profile and Debug JavaScript
  • Change the look and feel of any element
[Download]
Read more »
4/23/2014
Anti Virus Hacker [ E-book Myanmar Version]
ဒီစာအုပ်လေးက Computer အသုံးပြု့ သူတိုင်း ဖတ်စေချင်ပါတယ်။
Internet user တွေဆို ပိုလို့ တောင် ဖတ်သင့်တယ်လို့ ကျွန်တော် ယူဆထားပါတယ်။
ဘာလို့ လဲဆိုတော့အများစု က Anti Viurs Software ထည့်ထားရင် သူတို့  Computer တွေ
လုံခြုံ လှပြီ ထင်နေကြတာပါ။ ဒီတော့ ကျွန်တော်စိတ်ကူးပေါက်တာနဲ့ ဒီစာအုပ်လေးနဲ့ ဘဲ စာဖတ်သူ
ညီကို မောင်နှမများကို မျှဝေပေးလိုက်ပါတယ်။ အတည်းမှာပါတဲ့အချက်တွေကတော့
Anti Virus ရှိတာနဲ့ တင် သင့်စက်က လုံခြုံမူ မရှိနိုင်တဲ့အကြောင်းအရာတွေရယ်
ကျွန်တော် ယူဆပါတယ်။ နားမလည်ဘူးထင်ရင် ၃ ခေါက်လောက်ပြန်ဖတ်ပါစမ်းပါ။
ကျွန်တော်ကတော့ အားလုံးလိုလို ကိုဖတ်စေချင်ပါတယ် သိပြီးသူများအနေနဲ့ လည်း ဝေဖန် မူကြိုက်သလို ပေးနိုင်ပါတယ်။ Download ရယူလိုသူများကတော့ အောက်က မိမိ ကြိုက်နှစ်သက်ရာ
Link ကို click နိုပ်ပြီး Download ရယူလိုက်ပါ။
Read more »
4/21/2014
Bitcoin အကြောင်း
Bitcoin ဆိုတာကတော့ Digital Money တစ်ခုပါပဲ။ ဒီကောင်က paypal တို့လိုလည်း မတူပါဘူး။ Peer to peer Network ကနေသွားတာမို့ Central Bank လည်းမလိုအပ်ပါဘူး။ ဒါကြောင့် service အတွက် အပိုကုန်ကျငွေ fee မရှိပါဘူး။ ဘယ်သူမှ bitcoin ကိုမထိန်းချုပ်နိုင်သလို public ငွေကြေးလည်းဖြစ်ပါတယ်။ Bitcoin ကို 1998 ခုနှစ်မှာ Wei Da ဆိုသူက စတင်တီထွင်ခဲ့တာဖြစ်ပြီး Satoshi Nakamoto က 2009 ခုနှစ်မှာ အသုံးပြုလို့ရတဲ့ proof အဖြစ် public ကိုချပြခဲ့တယ်လို့ဆိုပါတယ်။
Bitcoin အသုံးပြုခြင်းရဲ့အားသာချက်များ။
Payment freedom- အပေါ်မှာပြောခဲ့သလိုပါပဲ။ Bitcoin ကိုအသုံးပြုလို့ ခင်ဗျားအနေနဲ့ service ဖိုးဘာညာ ပေးစရာမလိုပါဘူး။ ကမ္ဘာအနှံ့ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာကို send/receive လုပ်နိုင်သလို ဘဏ်ပိတ်ရက်လိုမျိုး ပိတ်ရက်တွေလည်းမရှိပါဘူး။
Very low fees- Bitcoin  အသုံးပြုလို့ အဖိုးအခပေးရတယ်ဆိုတာ မရှိသလောက်ပါပဲ။ ရှိခဲ့ရင်တောင် paypal တို့ထက်အရမ်းနည်းမှာဖြစ်ပါတယ်။
Security and control- ခင်ဗျားရဲ့ Bitcoin အပေါ်မှာ Control လုပ်ရာတာ ခင်ဗျားစိတ်ကြိုက်ပါပဲ။ ဘယ်သူမှ လာပြီးထိန်းချုပ်မှာမဟုတ်ပါဘူး။ paypal ဆိုတာက သူတို့ Policy ဘာညာရှိသေးတာကိုး။ နောက် ဘယ်နိုင်ငံမှာတော့ သုံးလို့မရဘူး ဘာညာမရှိပါဘူး။ Security ဟာ ခင်ဗျားလက်ထဲမှာပါပဲ။
Bitcoin အသုံးပြုခြင်းရဲ့ဆိုးချက်များ
Degree of acceptance - လူသိမများသေးတာကြောင့် လူနည်းစုလောက်ကသာ အသုံးပြုပါသေးတယ်။ ကျွန်တော်တို့ ဒီထက် တွင်တွင်ကျယ်ကျယ်အသုံးပြုလာအောင် လုပ်ရပါအုံးမယ်။
Ongoing development - Bitcoin အသုံးပြုဖို့အတွက် ခုလက်ရှိ develop လုပ်နေတဲ့ ဆော့ဝဲလ်တွေဟာ beta version မှာပဲရှိပါသေးတယ်။ ပိုပြီး လုံခြုံစိတ်ချမှုရှိအောင် လုပ်ဆောင်ရပါအုံးမယ်။ အချို့ကတော့ လူတိုင်းအတွက် အဆင်သင့်မဖြစ်သေးပါဘူး။ အချို့ bitcoin စီးပွားရေးတွေက အသစ်ဖြစ်ပြီး အာမခံချက်လည်းမရှိသေးပါဘူး။
လောလောဆယ်တော့ Bitcoin ဟာ Underground market အဖြစ်သာ ရှိနေသေးပါတယ်။ Bitcoin ကနေ ကိုယ်လိုချင်တာ ဝယ်ယူနိုင်သလို physical money အဖြစ်လည်း bitcoin exchange တစ်ခုဖြစ်တဲ့ Casascius coins  ကနေပြောင်းနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် bitcoin ဟာ တကယ် legal ဖြစ်သလားဆိုတာကတော့ ပြောဖို့ခက်နေပါသေးတယ်။ အကြောင်းကတော့ အချို့သောနိုင်ငံ ဥပမာ Argentina နဲ့ Russia လိုနိုင်ငံမှာ Bitcoin ကိုတရားဝင်ငွေကြေးအဖြစ်အသုံးပြုဖို့ ခွင့်မပြုထားဘူးလို့ဆိုပါတယ်။ နောက်တစ်ခုကတော့ Bitcoin အသုံးပြုရင် ကိုယ့်ရဲ့ wallet (ပိုက်ဆံအိတ်) အခိုးခံရရင် Recovery မရှိပါဘူး။ ဆိုလိုတာက ဘဏ်မှာလိုမျိုး Claim လုပ်လို့မရဘူးဆိုတာ သိရပါမယ်။ လုံခြုံရေးဟာ ကိုယ်နဲ့သာဆိုင်ပါတယ်။ ခုလက်ရှိ (ဒီပိုစ့်ရေးနေချိန်မှာတော့) 1 BTC ဟာ $510.24999 USD နဲ့ညီမျှပါတယ်။ အရင်ကတော့ USD 1000 တောင်ကျော်ပါတယ်။ BTC တန်ဖိုး အပြောင်းအလဲကို
http://bitcoinexchangerate.org မှာသွားပြီး စစ်ဆေးနိုင်ပါတယ်။ နောက်မှပဲ Bitcoin တွေစုနည်းဆက်ရေးပါအုံးမယ်။
Read more »
4/18/2014
Ubuntu 14.04 LTS Release
Ubuntu ချစ်သူများ စောင့်စားနေတဲ့ 14.04 LTS version ကို Release လုပ်ခဲ့ပါပြီ။ LTS version ဖြစ်လို့ ခင်ဗျားအနေနဲ့ အသုံးပြုသင့်တဲ့ version ပါပဲ။ ဒီဗားရှင်းမှာ အပြောင်းအလဲတွေလည်း ပါဝင်မှာဖြစ်သလို support လုပ်ပေးတဲ့ device တွေလည်းထပ်တိုးထားပါသတဲ့။ အခြားသော distro တွေကိုလည်း ရှေ့ဆင့် နောက်ဆင့်ထွက်လာခဲ့ပါပြီ။ ဥပမာ kubuntu 14.04 LTS ဘာညာပေါ့။ ကျွန်တော် ဒေါင်းလုတ်ဆွဲပြီး သေချာလေးစမ်းသပ်ပြီးမှ ရေးမလို့ပါပဲ။ အခွင့်မသာလို့ softpedia ကနေပဲ မှီးငြမ်းပြီး တင်လိုက်ရပါကြောင်း။ ubuntu ချစ်သူများ နီးစပ်ရာနေရာကနေ 14.04 LTS ကိုဒေါင်းလုတ်ဆွဲနိုင်ပါပြီ။
http://www.softpedia.com/reviews/linux/Ubuntu-Review-438162.shtml
Read more »
4/15/2014
From SQLi to Shell [PDF]
SQLi Injection လေ့လာသူများအတွက် စာအုပ်လေးတစ်အုပ်ပါပဲ။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးသာရှိပါတယ်။ Table of Contact ကိုကြည့်ပြီး လိုချင်တယ်ဆိုရင် ဆွဲလိုက်ပေါ့ဗျာ။
Read more »
Heartbleed Tools (OpenSSL CVE-2014-0160)
ခုတလော နာမည်ကြီးနေတဲ့ Heartbleed နဲ့ဆိုင်တဲ့ Tool တွေဖြစ်ပါတယ်။ စမ်းချင်တယ်ဆိုရင် ကိုယ့်ဘာသာစမ်းကြည့်ပေါ့။
Read more »
Open SSL - Zero Day Bug [Heartblood]
Open SSL Web Server အသုံးပြုသူတွေအနေနဲ့ version 1.0.1 ကနေ 1.0.1f ကိုသုံးနေတာဆိုရင် ချက်ချင်း 1.0.1g ကိုပြောင်းလဲဖို့ လိုအပ်တယ်လို့ဆိုပါတယ်။ Heartblood bug ကို Google Engineer တစ်ယောက်ဖြစ်တဲ့ codenomicon.com မှတွေ့ရှိတာပါ။ ပုံမှန်အားဖြင့် Website တွေဟာ
1.0.0, 0.9.8 တို့ဖြစ်ပါတယ်။
Video Explain
Ref: http://thehackernews.com/2014/04/heartbleed-openssl-zero-day-bug-leaves.html
        http://heartbleed.com/
Read more »
4/14/2014
SQL Injection with Havij [Picture Detail]
SQL Injection ကိုဘာမှန်း နားမလည်သေးတဲ့သူများအတွက် Havij နဲ့ထိုးနိုင်ပါတယ်။ ကဲ Havij ကိုနီးစပ်ရာနေရာကနေဆွဲစိလိုက်ပေါ့။ ကျွန်တော့်ဘလော့မှာလည်းရှိပါတယ်။ ရှာလိုက်ပါ။ ပြီးရင်
Google မှာထုံးစံအတိုင်း vul ဖြစ်တဲ့ဆိုဒ်တွေကို dork နဲ့မွှေလိုက်ပါမယ်။
job_details.php?id=
gallery.php?id=
car_details.php?id=
clientdetails.php?id=
News.php?id=
group-info.php?id=
Country အလိုက် target ထားပြီးလုပ်ချင်တယ်ဆိုရင် site:bd gallery.php?id= ဘာညာလုပ်လိုက်ပေါ့ဗျာ။ ဟီး။ Use your brain. ကဲ ကျွန်တော်ကတော့ http://www.examplesite.com/job_details.php?id=51' ဆိုပြီး 51 နားမှာ ' ဒီဟာလေးကိုကပ်ပြီးထည့်လိုက်ပါပြီ။ ဒါဆို Error ကိုခုလိုတွေ့ရပါပြီ။ ဒါ vul ဖြစ်တဲ့သဘောပါပဲ။ xD
မစခင် သိထားသင့်တာ နည်းနည်းပြောပါမယ်။ ကျွန်တော်တို့ Manual sql ထိုးရင် Tables ဘယ်နှစ်ခုရှိလဲအရင်စစ်ရပါတယ်။ ပြီးမှ Column စစ်မယ်။ နောက် Database version ဘာညာပြီးမှ Data extract ပါမယ်။ Havij နဲ့ဆိုရင်တော့ Table ဘယ်နှစ်ခုရှိလဲသိစရာမလိုပါဘူး။ Database Name, version ကအစတစ်ခါထဲပြပါတယ်။ ဒီတော့မှတ်ထားရမှာက
-Table
-Column
-Get Data
ဒါပါပဲ။
ဒါဆိုရင် ခုနကလင့်ကို Havij မှာထည့်ပြီး Analysis လုပ်လိုက်ပါပြီ။ တွေ့တယ်မလား Database name ကိုတောင်တန်းတွေ့နေရတယ်။
ပြီးရင် Database Name ကို check လုပ်ပြီး Tables ကနေ Get Tables ကိုနှိပ်လိုက်ပါ။ Table ဘယ်လောက်ရှိသလဲ သူ့ဘာသာရှာပါလိမ့်မယ်။
Table တွေထွက်လာပါပြီဗျာ။ အများကြီးပဲ။ ဒီထဲက ကျွန်တော်တို့လိုချင်တာက sensitive ဖြစ်တဲ့ table သာလျင်ဖြစ်ပါတယ်။ ဒါကြောင့် admin နဲ့ဆိုင်တဲ့ Table ကိုပဲရွေးရမှာပါ။
ကဲ အောက်နားလေးမှာတွေ့ပါပြီဗျာ။ wwsm_admin ဆိုတဲ့ Table ကို။ ဒါကို Select လုပ်ပြီး ပုံထဲကလို Column ထပ်ရှာဖို့ Get Column ကိုထပ်နှိပ်လိုက်ပါပြီ။ 
id, username, password ဆိုတဲ့ Column တွေထွက်လာပါပြီ။ ကျွန်တော်တို့ လိုချင်တာက username, password ပဲလေ။ ဒါကြောင့် username,password ကိုပဲ Select မှတ်ပြီး Get Data ကိုနှိပ်လိုက်ပါတယ်။ ဒါဆို admin username နဲ့ password ကထွက်လာပါပြီဗျာ။
ပြီးရင်တော့ Admin Page Finder ကနေ admin page ရှာပြီး Login ဝင်လို့ရပါပြီ။ 
Note: ဒါက newbie တွေအတွက်သာဖြစ်ပါတယ်။ ဒီဟာနဲ့ဆိုဒ်တွေဟတ်ဖို့တော့ မကြိုးစားစေချင်ပါဘူး။ ဘာလို့လဲဆိုတော့ WAF တွေအထပ်ထပ်ခံထားတဲ့ site တွေဆို ရမှာမဟုတ်လို့ပါပဲ။ Tool မှာ pre-defined လုပ်ထားတဲ့ setting အတွင်းပဲရှာပေးတာပါ။ နောက်ပြီးတော့ ဆိုဒ်တိုင်းလည်း ဒီနည်းနဲ့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ အချို့ဆိုဒ်တွေက admin pass တော့ရပါရဲ့။ ဒါပေမယ့် hash အနေနဲ့ပဲရတတ်ပါတယ်။ အဲဒါတွေဆို Service ပေးပြီး Crack ခိုင်းရင် crack၊ မဟုတ်ရင် လက်ရှောင်လိုက်ပါ။ ဟီး။ ကျွန်တော်လည်း hash ဆိုတစ်ခါမှမရဖူးပါဘူး။ နောက်ပြီးတော့ Tool တွေကိုအားမကိုးပါနဲ့။ ဘာမှမတတ်သေးခင် စမ်းတဲ့သဘောအနေနဲ့ပဲ လုပ်စေချင်ပါတယ်။ နောက်ကွယ်မှာ ဘယ်လိုသွားတာလဲ၊ဆိုတာ သိမှ manual ထိုးတတ်မှာဖြစ်ပြီး သင့်ရဲ့ Skill, Knowledge ကို တိုးတက်စေမှာဖြစ်ပါတယ်။ လုံးဝမသုံးနဲ့လို့တော့ မပြောဘူးနော်။ တခါတလေတော့ Tool တွေဟာ manual ထိုးတာထက်စာရင် အချိန်ပိုသက်သာတယ်လေ။ I'm not responsible with my this tutorial for illegal use . Use at your own risk.
Read more »
4/10/2014
Malware Analysis by Cuckoo Sandbox
Malware Scaner တွေထဲမှာ ဒီကောင်လည်းမဆိုးဘူး။ Online ကနေတိုက်ရိုက် scan နိုင်တယ်။ ဒီကောင်လည်း url scan တာမရပါဘူး။ ဒါပေမယ့် တစ်ခုကောင်းတာက privacy အတွက် ကောင်းတယ်။ မိမိ scan ထားတဲ့ result ကို share တဲ့နေရာမှာ ရွေးချယ်ခွင့်ရှိတယ်။ Non-commercial ဖြစ်သလို free project လည်းဖြစ်ပါတယ်။ ကျွန်တော် နမူနာဖိုင်တစ်ခုကို scan ကြည့်တာ result ကကျေနပ်စရာကောင်းပါတယ်။ Screenshot တွေကအစ ဖော်ပြပေးပါတယ်။
[Malware Analysis by Cuckoo Sandbox]
Read more »
4/07/2014
HOTSPOT SHIELD ELITE 3.37 WITH CRACK
Hotspot Shield လေးရဲ့လုပ်ဆောင်ချက်တွေကတော့
Anonymous browsing
Ultra-safe surfing with Hotspot Shield's VPN
More than just anti-virus protection
A one-click soultion
တော်တော်များများသိတာတော့ ပိတ်ထားတဲ့ Website တွေကျော်လိုခွလိုရတယ် အိုင်ပီဖျောက်လိုရတာတွေပါ။ ကျနော်အခု Full Version လေးတင်ပေးထားပါတယ်။ဖိုင်ထဲမှာInstall လုပ်ပုံလုပ်နည်းလည်းရေးပေးထားပါတယ်။
Download Zippyshare
Read more »
4/05/2014
COMODO Online Malware Analysis
Virustotal လိုပါပဲ။ ဒီကနေလည်း အကောင်တွေကို စစ်ဆေးနိုင်ပါတယ်။ URL scan တော့ support မလုပ်ထားပါဘူး။ ဒါကြောင့် ဖိုင်ကို upload တင်ပြီးမှ Scan ရမှာပါ။ Upload ပြီး scan တာမို့ Result ကသိကျနိုင်ဖွယ်ရှိပါတယ်။ :D
[COMODO Online Malware Analysis]
Read more »
4/03/2014
VirusTotal Scanner
သံသယရှိတဲ့ ဖိုင်တွေကို virustotal မှာ တိုက်ရိုက် upload တင်ပြီး စစ်ဆေးနိုင်ပါတယ်။ url link ကိုလည်းစစ်လို့ရတယ်။ ဒီကောင်ကတော့ offline scanner ပါ။ securityxploded ကနေထုတ်ထားတဲ့ free tool ပါ။ သုံးရတာလည်း လွယ်ပါတယ်။ စစ်ချင်တဲ့ဖိုင်ကို Browse ကနေရွေးပေးရုံပါပဲ။ ကောင်းတာက အင်တာနက်မရှိလည်း မယုံသင်္ကာဖြစ်တဲ့ဖိုင်တွေကို စစ်ဆေးလို့ရတာပေါ့။ Virustotal မှာ upload တင်ရမယ့်အချိန်တွေကို သက်သာစေပါလိမ့်မယ်။
[Download]
Read more »
4/02/2014
How to Detect RAT/Keyloggers
ကျွန်တော်လည်း ဘလော့ကို လှည့်မကြည့်တာ တော်တော်ကြာပါပြီ။ ကျွန်တော်တို့ အင်တာနက်မှာ ဟိုဖိုင်ဒီဖိုင်ဒေါင်းလုတ်တွေဆွဲတာ အခန့်မသင့်ရင် RAT/Keylogger တွေပါလာနိုင်တယ်။ သတိမထားမိရင်ပေါ့။ သာမန် RAT/Keylogger တွေလောက်တော့ AV တွေက သိပါတယ်။ Avira Internet Security ကိုသာ အင်စတော့လုပ်ရင် လုံခြုံတယ်လို့ဆိုနိုင်ပါတယ်။ သူက အင်တာနက်ကို TCP establish လုပ်တာကအစ Warming ပေးပါတယ်။ ခုနည်းကတော့ လွယ်လွယ်ကူကူ ကိုယ့်စက်မှာ RAT ရှိနေသလားဆိုတာ သိနိုင်တဲ့နည်းပါ။ ကျွန်တော်ကိုယ်တိုင်လည်း သေချာတော့ မပြောတတ်ပါဘူး။ သူများဖိုရမ်ကနေ ရေးထားတာလေးကိုတွေ့မိလို့ ဒီအတိုင်းပဲ screenshot ကအစ တိုက်ရိုက် ပြန်ရှယ်လိုက်တာ။ :D
အရင်ဆုံး Windows ရဲ့ Task Manager (Ctr+Alt+Del) ကိုခေါ်လိုက်ပါ။ ပြီးရင် Process tab ကိုခေါ်ပြီး View>Select Columns ကနေ PID(Process Identifiers) ကိုရွေးထားပါ။
ဒါဆိုရင် Windows မှာ Run နေတဲ့ သက်ဆိုင်ရာ process အလိုက် PID number နဲ့တွဲပြီး အောက်ကလို တွေ့နိုင်ပါပြီ။
ပြီးရင် CMD ကိုခေါ်ပြီး "netstat -ano" command ကိုခေါ်လိုက်ပါ။
ဒါဆို အောက်ကလိုတွေ့ရပါမယ်။ ဒီထဲက "ESTABLISHED" ဆိုတာကိုတွေ့ရမယ်။ ဘေးနားက PID နဲ့ပါတွဲပြီးမှတ်ထားပါ။ "ESTABLISHED" လုပ်တယ်ဆိုတာ ကိုယ့်စက်မှာ run နေတဲ့ program က အင်တာနက်ဆီကို ဒေတာ establish လုပ်နေတာပါ။ ဒါကတော့ ပြောရရင် program update လုပ်နေတာ ဒါမှမဟုတ် uploading တစ်ခုခုဖြစ်နိုင်ပါတယ်။
  ကောင်းပြီ။ အဲဒါကို ခုနက Task manager ကိုပြန်သွားပြီး PID နဲ့တိုက်ဆိုင်စစ်ကြည့်လိုက်ပါ။
အင်း Established လုပ်နေတာ PID 3464 နဲ့ Task Manager နဲ့ပြတာက Dropbox.exe ဆိုတာတွေ့ရပါတယ်။ ဒီတော့ အဲဒီ run နေတဲ့ Dropbox.exe ကိုထောက်ပြီး Open File Location နဲ့ဖွင့်လိုက်ပါ။ တကယ်အမှန်အကန် dropbox ဖိုင်ဆိုရင် သက်ဆိုင်ရာ Dropbox install လုပ်ထားတဲ့ Directory ဆီကိုရောက်သွားပါမယ်။ မဟုတ်ရင် Rat ဘာညာပေါ့။ နောက် Establish မှာပြတဲ့ PID က Taskmanager မှာ svchost.exe ဘာညာပြတယ်ဆိုရင် RAT/Keylogger အဖြစ်သိစေအပ်ပါတယ်။ :D
ဒီလိုဆိုရင်တော့ Virustotal မှာ အဲဒီဖိုင်ကိုစစ်ဆေးကြည့်ဖို့ လိုပါလိမ့်မယ်။
Credit: Uber.org
Read more »
3/30/2014
TCP/IP Protocol Basic [articles]
ကျွန်တော်တို့ IT လောကထဲမှာ TCP/IP ဆိုတာ မဖြစ်မနေသိထားသင့်တဲ့ အခြေခံ Concept တစ်ခုပါပဲ။ Networking သမားတွေဆိုရင် သိကိုသိထားရမှာပါ။ ဟက်ကာဖြစ်ချင်ရင်လည်း ဒီ TCP/IP အကြောင်းကိုနားလည်ထားရမှာလို့ ဖတ်ဖူးတယ်။ ဟုတ်/မဟုတ်တော့ ကျွန်တော်လည်း မသိပါဘူး။ TCP/IP ရဲ့အရှည်ကောက်ကတော့ Transmission Control Protocol/Internet Protocol ဖြစ်ပါတယ်။ TCP/IP Protocol ကြောင့်သာ ကျွန်တော်တို့ LAN မှသည် Internet ဆီသို့၊ Windows မှသည် Linux ကွန်ပျူတာတွေဆီ အဆင်ပြေပြေ Communication လုပ်နိုင်တာပါ။ TCP/IP သာမရှိခဲ့ရင် Internet ဆိုတာလည်းရှိလာမှာ မဟုတ်ပါဘူး။ TCP/IP ကို ARPAnet (Advanced Research Project Agency) ကနေ develop လုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ဖက်ဆိုင်ရာက ကွန်ပျူတာတွေအချင်းချင်း အဆင်ပြေပြေချိတ်ဆက်နိုင်ဖို့ တီထွင်ခဲ့တာဖြစ်ပါသတဲ့။ အဲဒီတုန်းကတော့ Network Control Protocol (NCP) လို့သာခေါ်ပါသေးတယ်။ နောက်မှ TCP ဖြစ်လာတယ်ဆိုပါတော့။ ARPA ဆိုတာ Internet ရဲ့ဖခင်ပါပဲ။ ဒါကတော့ TCP/IP ရဲ့သမိုင်းအကျဉ်းဖြစ်ပါတယ်။
TCP/IP Protocol Suite
Protocol ဆိုတာကတော့ ကျွန်တော်တို့နားလည်လွယ်အောင်ပြောရရင် Standard (စံသတ်မှတ်ချက်) တစ်ခုပါပဲ။ ဥပမာ မြန်မာနိုင်ငံမှာ ငွေကြေးအတွက် ကျပ်(Kyat) ကို Standard အဖြစ်အသုံးပြုတယ်။ ဒါပေမယ့် သူများနိုင်ငံမှာသွားပြီး မြန်မာငွေကျပ်ကိုအသုံးပြုလို့မရဘူး။ နိုင်ငံခြားမှာ မြန်မာစကားနဲ့သွားပြောလို့မရဘူး။ Global Language ဖြစ်တဲ့ English ကိုပြောရတယ်။ ဟိုးအရင်တုန်းကတော့ Computer လောကမှာလည်း ဒီလိုပေါ့ဗျာ။ Apple ကလည်း Apple Talk ဆိုတဲ့ Protocol ကိုသုံးတယ်။ Novel အဖွဲ့ကလည်း သူတို့ရဲ့ IPX/SPX (Internetwork Package Exchange/Sequence Package Exchange) ဆိုတဲ့ protocol ကိုတစ်ယောက်တစ်မျိုးစီအသုံးပြုကြတာ။ ဘာတွေဖြစ်လာသလဲဆိုတော့ Apple Device အချင်းချင်းဆက်သွယ်မယ်ဆိုရင် OK တယ်။ အခြား Novel, Microsoft Device တွေနဲ့ချိတ်မယ်မယ်ဆို မရတော့ဘူး။ မြန်မာစကားကို ကိုရီးယားသွားပြောလို့ နားမလည်သလိုပေါ့ဗျာ။ ဒါကြောင့် စံသတ်မှတ်ချက် Protocol ဆိုတာလိုအပ်လာပါတယ်။
TCP/IP Protocol မပြောခင်မှာ ကျွန်တော်တို့အခြေံကျတဲ့ OSI 7 Layer အကြောင်းကို သိထားရမယ်။ OSI 7 Layer ကိုအောက်ပါအတိုင်းတွေ့နိုင်ပါတယ်။
Application Layer
Presentation Layer
Session Layer
Transport Layer
Network Layer
Data-Link Layer
Physical Layer
OSI 7 Layer အကြောင်းကို သဘောပေါက်ဖို့ ကျွန်တော်အရင် ရေးထားတဲ့ OSI 7 Layer [Explain] ဆိုတဲ့ Thread မှာအသေးစိတ်ပြန်ဖတ်ဖို့လိုပါလိမ့်မယ်။ OSI 7 Layer ကိုနားလည်သွားပြီဆိုရင် TCP/IP ကိုဆက်သွားမယ်။ OSI 7 Layer မှာတုန်းက layer 7 ခုဖြစ်ပေမယ့် TCP/IP Protocol မှာ Layer 4 ခုပဲဖြစ်သွားပါတယ်။ ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Application Layer (Application+Prensation+Session)
Transport Layer
Network Layer
Data-Link Layer (Data-Link+Physical)
Application, Prensation, Session Layer 3 ခုပေါင်းပြီး Application Layer အဖြစ်သတ်မှတ်ပါတယ်။ နောက် Data-Link, Physical Layer 2 ခုကို Data-Link Layer အဖြစ်သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် TCP/IP Protocol Suite မှာ layer 4 ခုရှိတယ်လို့ ပြောနိုင်ပါပြီ။ အောက်မှာ Layer 4 ခုအကြောင်းကို ဆွေးနွေးကြည့်ရအောင်။
Application Layer
ဒီ Layer ကနေ ကျွန်တော်တို့ အစပြုရတာပေါ့ဗျာ။ ဥပမာ ကျွန်တော်တို့ Gmail ကနေ Mail တစ်စောင်ပို့လိုက်တာမျိုး။ FTP ကနေ ဖိုင်တစ်ခု Download ဆွဲလိုက်တာမျိုး၊ Facebook သုံးနေတာမျိုး၊ တစ်ခုခုဖြစ်နိုင်ပါတယ်။ Application Layer အတွက် နာမည်ကြီး protocol တွေကတော့ အောက်ပါအတိုင်းတွေ့ရမှာပါ။
HTTP (Hypertext Transfer Protocol)
FTP (File Transfer Protocol)
SMTP (Simple Mail Transfer Protocol)
SNMP (Simple Network Management Protocol)
Transport Layer
Transport Layer ဆိုတာ host နှစ်ခုကြားက data တွေစီးဆင်းဖို့ ပင်မကျောရိုးလို့ပြောရမှာပါ။ Application Layer ကနေပို့လိုက်တဲ့ data တွေကို ဒီ layer ကပို့ဆောင်ပေးရပါတယ်။ Transport Layer အတွက် protocol တွေအများကြီးရှိတဲ့အထဲက အသုံးများဆုံး protocol ကတော့ TCP နဲ့ UDP (User Datagram Protocol) ပဲဖြစ်ပါတယ်။ ဒီနေရာမှာTCP protocol ဆိုတာ ‘reliable connection’ လို့သတ်မှာတ်ပြီး ဥပမာ ကျွန်တော်တို့ ဖိုင်တွေကို ဒေါင်းလုတ်ဆွဲနေရင် တကယ်လို့ကြားထဲက package တွေပို့ရာမှာ error ရှိခဲ့ရင် ပြန်စစ်ပြီး ကြားမှာ ဒေတာဆုံးရှုံးမှုမရှိအောင် ကိုင်တွယ်ပေးပါတယ်။ UDP ဆိုတာကတော့ ခုနကလို ကြားထဲမှာ တစ်ခုခု error ရှိနေပေမယ့်လည်း Ignore လုပ်ပစ်ပြီး လက်ခံတဲ့ protocol အဖြစ်သတ်မှတ်စေပါတယ်။ ဒါကို ‘unreliable connection’ လို့ခေါ်ပါတယ်။
Network Layer
ဒီ Layer ကတော့ Internet Layer အဖြစ်လူသိများပါတယ်။ Network Layer မှာ IP Address တွေပါလာမယ်။ နောက်အကျယ်ချဲပြီး ARP လို့ခေါ်တဲ့ Address Resolution Protocol တွေပါလာမယ်။ နောက် Internet Control Message Protocol (ICMP), Internet Group Management Protocol (IGMP) ဒါတွေပါလာမယ်။ ICMP Protocol ဆိုတာ ကျွန်တော်တို့သုံးနေကျ ping Command ဖြစ်ပါတယ်။
Data-Link Layer
Network Interface Layer လို့လည်းခေါ်ပါတယ်။ ဒီ layer မှာ OS မှာပါတဲ့ Device Driver တွေပါဝင်မယ်။ Network Interface Card (NIC) တွေပါဝင်မယ်။ Device Driver နဲ့ NIC တွေက Cable ကနေပို့လိုက်တဲ့ ဒေတာတွေကို အခြား ကွန်ပျူတာတွေဆီကို Communication လုပ်ရမှာ အဆင်ပြေစေဖို့ ထိန်းကျောင်းတာဖြစ်ပါတယ်။
TCP/IP Model
ကျွန်တော်တို့ ပေါ်မှာ layer တွေအကြောင်း လေ့လာပြီးနောက် Computer နှစ်ခု TCP/IP Model အနေနဲ့ ဘယ်လိုဆက်သွယ်သလဲဆိုတာ လေ့လာကြည့်မယ်။ ဒါကတော့ client-server architecture အဖြစ်လူသိများတဲ့ ပုံစံပါပဲ။ 
ပုံမှာအတိုင်း ကျွန်တော်တို့ PC ကနေ data တွေ http protocol ကနေ Transport layer ဆီကိုသွားပါမယ်။ နောက် TCP ကနေ destination port, sequence number, စတဲ့ information တွေကို assign လုပ်ပါမယ်။ IP Layer မှာတော့ Transport layer ကနေလာတဲ့ information တွေကိုသူရဲ့ သက်ဆိုင်ရာ information တွေထပ်ပေါင်းလိုက်ပါတယ်။ source IP Address, Destination IP ဘာညာပေါ့။ ကဲ နောက်ဆုံး NIC တွေက သက်ဆိုင်ရာ MAC Address တွေကို Ethernet Network ကနေ data တွေပို့မယ်။ ဟိုလက်ခံမယ့် server ဘက်မှာလည်း အရင်ဆုံး Data-link layer ကနေ information တွေကိုအရင်ဖတ်မှာပေါ့နော်။ ဒီလိုပဲ Network Layer, Transport Layer, Application layer ကိုဖြတ်ပြီး နောက်ဆုံး target (webserver) ဆီကိုရောက်သွားပါပြီ။ နောက်တဖန် server ကနေ ခုနကလိုပဲ layer အဆင့်ဆင့်ကိုဖြတ်ပြီး webserver ကနေ PC ဆီကိုပြန်သွားပါမယ်။ ဒါကတော့ TCP/IP အလုပ်လုပ်တဲ့ပုံစံအတိုချုပ်ပေါ့ဗျာ။ အသေးစိတ်ပြောမယ်ဆိုရင် ဒီပို့စ်နဲ့လုံလောက်မှာမဟုတ်လို့ပါ။ ဒီလောက်ဆိုရင် TCP/IP အခြေခံသဘောတရားကို နားလည်သွားမယ်လို့မျော်လင့်ပါတယ်။
Ref: TCP/IP Foundations (Andrew G. Blank), thegeekstuff.com
http://www.4sectors.com/forum/showthread.php?tid=1765
Read more »