Backtrack ကတော့ KALI Linux ဆိုပြီး ဗားရှင်းအသစ်ပွဲထုတ်လိုက်ပါပြီ။ အရင် Backtrack 5 ထက် ဖိုင်ဆိုဒ်သေးငယ်တဲ့အပြင် ပိုမိုစွမ်းဆောင်ရည် မြင့်မားလာတယ်လို့ဆိုပါတယ်။ ဟုတ်မဟုတ်တော့ ကျွန်တော်လည်း သေချာမသိပါ။ :D Debian Linux ကိုအခြေခံထားပြီးတော့ Compatible ဖြစ်တဲ့ Device တွေကတော့ Samsung ARM Chromebook, Raspberry Pi, ODROID U2 / X2 and SainSmart SS808 တွေပဲဖြစ်ပါတယ်။ penetration testing tools ပေါင်း 300 ကျော်ပါဝင်ပြီးတော့
3/15/2013
3/14/2013
Phrozen Keylogger Lite
Mediafire acc နောက်တစ်ခုထပ်ပါသွားတာ ဖိုင်တွေကို ပြန်တင်ပေးတာနဲ့ ပို့စ်တွေသိပ်မရေးဖြစ်သေးဘူးဗျာ။ သို့သော်လည်း ဘလော့ကို လာလည်သူများအတွက် update ဖြစ်အောင်လို့ ဒီ Keylogger လေးကိုတင်ပေးလိုက်ပါတယ်။ အကျယ်တော့ မရှင်းပြတော့ဘူးနော်။ ကိုယ့်ဘာသာစမ်းကြည့်ပေတော့။ အားလုံးအဆင်ပြေကြပါစေ။ နောက်တစ်ခါ ဆော့ဝဲတွေတင်ရင် mediafire ကနေမတင်ပေးတော့ဘဲ အခြား Hosting တစ်ခုခုကနေ တင်ပေးပါတော့မယ်။
Labels:
Keyloggers
3/09/2013
How To Root Huawei T8833 (Y300)
ဘလောတစ်ခုကနေ ကူးယူဖော်ပြလိုက်ပါတယ်။ ဘာပြောပြော Huawei ဖုန်းတွေက လူသုံးများတယ်လေ။ လိုအပ်မယ်ထင်လို့ ပြန်လည်မျှဝေလိုက်တာပါ။ မူရင်းပို့စ်ပိုင်ရှင်ကို အောက်မှာ Credit ပေးထားခဲ့ပါတယ်။ အချို့စာသားတွေကို အနည်းငယ်ပြောင်းလဲရေးသားထားပါတယ်။ ဥပမာ Zawgyi Font သွင်းနည်းစတာတွေကိုပေါ့။ အားလုံး အဆင်ပြေကြပါစေဗျာ။
Huawei T8833 (Y300) ကို Root ဖို့ အတွက် လိုအပ်တာလေးတွေ ဒေါင်းလော့အရင်ယူထားပါ ။- Huawei Driver ( ဖုန်းကို ပါဝါဖွင့်ပြိးတော့ ကွန်ပျူတာမှာကြိုးနဲ့ထိုးပါ ပြီးရင် My Comupter ထဲမှာ Driver ပေါ်နေပါပီ..အဲဒါကို Run ပါ)Huawei Driver ကရှိပြီးသားဆိုရင်တော့မလိုဘူးပေါ့နော်
- Flashtool Driver
- Root tool
Huawei Driver ကို ကွန်ပျူတာ Run ပေးပါ..ပြီးတော့ Flashtool driver မရှိရင် Flash tool ကအလုပ်မလုပ်ပါဘူးး ဒါကြောင့် Flashtool driver ကိုလည်း
ကွန်ပျူတာမှာ Run ထားပေးပါ.
Root Tool ကို ကွန်ပျူတာမှ ဖွင့်လိုတ်ပါ..အဆင့်လိုတ်လုပ်သွားမယ်နော်
Root Tool ကို ကွန်ပျူတာ ဇစ်ဖြည်လိုတ်ရင် Flash Tool ဆိုပြီးအပြာရောင်လေးတွေ မှာပါ..အဲဒါလေးကိုဖွင့်လိုတ်နော်။
အဲဒီမှာအနီလေး ဝိုင်းထားတယ်နော်..အဲဒါလေးကို Click လိုတ်ပါ.အဲဒီအခါသူက ဖိုင်ရွေးဖို့ ဘောက်တခု ကျလာမှာပါ။
အဲဒီမှာနည်းနည်းလေးသတိထားရမှာက အပေါ်မှာတွေ့လား T8833 root လေ..အဲဒီအထဲကဟာမှရမှနော်..T8951 နဲ့ က လုပ်နည်းတူတယ်။
ပြီးတော့ Flash tool လည်းတူနေတော့မှားသွာ့းရင် Firmware သေတက်လို ပါ..ပြီးရင် MT6577_Android_scatter-loading>emmc
ကိုရွေးပေးပြီးတော့ Open ဖွင့်လိုတ်ပါ။
အဲဒီမှာအနီနဲ့ဝိုင်းထားလေးကို နှိပ်လိုတ်ပါ..ပြီးရင် ဘောက်တခုမေးလာပါက Yes ကိုရွေးပေးပါ။
Yes ကကိုနှိပ်ပြီးရင် အောက်ပုံလေးကိုဖြစ်သွားပါမယ်.ဒါဆို ရင် ကွန်ပျူတာမှာပြင်ဆင် တဲ့အပိုင်းပြီးသွားပါပြီ။
ပြီးရင် ဖုန်းကိုပါဝါပိတ်ပါ ပြီးရင် အောက်ပုံလေးကို ကြည့်ပေးပါ။
ဖုန်ကိုပါဝါပိတ်ပါ..ဓါတ်ခဲဖြုတ်ပါ ပြီးရင် ကြိုးကိုစထိုးပါ..ကြိုးနဲ့ထိုးလိုတ်လို့ ..ဖုန်းက တချက်တုန်သွားတယ် အဲလိုတုန်ပြီဆိုရင် ဓါတ်ခဲတက်လိုတ်ပါ။
ဓါတ်ခဲလည်းတပ်ပြီးရင် နောက်တကြိမ် ထပ်တုန်ပါမယ်..(စုစုပေါင်းနှစ်ကြိမ်ပေါ့..)
အဲဒီလို နှစ်ချက်လည်းတုန်ပြီးရင် ကွန်ပျူတာမှာပြန်ကြည့်လိုတ်ပါ.အောက်ကပုံလေးလိုအလုပ်လုပ်သွားမှာပါ (အဲလိုမှမပေါ်ဘူးဆိုရင်
ဓါတ်ခဲကိုပြန်ဖြုတ် ပြန်တက်ပြီးတော့ ပြန်လုပ်ပါ..)
အပေါ်ကပုံကို ကြည့်ပါ ပြီးရင် ဘာမှလုပ်စရာမလိုဘူးနော်.အဲဒီအတိုင်းပဲထားလိုတ်..အနီရောင် 100% ပြည့်သွားရင် အဲဒီ အနီရောင်နေရာမှာ အဝါရောင် အတန်းလေး 100% ပြည့်ရင် အိုကေပီ..
အဝါရောင်လေး 59% ရောက်နေပြီနော်..ခဏဆက်စောင့်..
ဒါဆို အိုကေပြီ..အဲဒီလိုလေးပေါ်လာရင် USB ကြိုးကိုဖြုတ်လိုတ်တော့ပြီးတော့ ဓါတ်ခဲဖြုတ် ပြီးတော့ဓါတ်ခဲပြန်တက်
ပြီးတော့ပါဝါဖွင့်လိုတ်..ပြီးရင် Language ချိန်းလိုတ်..(သြော်မေ့နေတာ..Root ဖောက်လိုတ်ရင် Facotry Reset ချပြီးသားဖြစ်သွားမှာနော်..မေ့နေမှာဆိုးလို့ ..)
Language ချိန်းပြီးရင် Application Menu List ထဲဝင်မွှေကြည့်။ .Root ပါ ပေါက်ပြီးသားတွေ့ရပါမယ်။
Zawgyi Font သွင်းနည်းကိုတော့ ကျွန်တော်ရဲ့ အရင်ပို့အဟောင်းလေးမှာ ဆက်ဖတ်နိုင်ပါတယ်။
Credit To http://collectionofandroids.wordpress.com
Labels:
Rooting
3/06/2013
3/03/2013
Temple Run 1 apk
ဒီဂိမ်းကတော့ ပေါ်တာတော့ နည်းနည်းကြာပြီဗျ။ ဒါပေမယ့် Popular ဖြစ်နေတော့ တင်ပေးလိုက်တယ်။
အရင်တုန်းက Angry Birds လိုမျိုးပေါ့။ ဖိုင်ဆိုဒ်ကတော့ 10 MB ကျော်လေးဖြစ်ပါတယ်။ ဒေါင်းရတာ
အဆင်ပြေအောင် WinRAR နဲ့ချုံ့ထားပေးပါတယ်။ ဒေါင်းပြီးရင် ပြန်ဖြေပြီးမှ apk ဖိုင်ကို ဖုန်းထဲမှာ
အင်စတော့လုပ်ရမှာပါ။ အပျင်းဆော့ကြည့်လိုက်ပေါ့ဗျာ။ အဆင်ပြေကြပါစေ။
Labels:
Android
မြန်မာမှုလက်ရာဖန်တီးအနုပညာ
ခုတလောပို့စ်တွေသိပ်မရေးဖြစ်ဘူးဗျာ။ ဟုတ်ကဲ့ ဒီလကစပြီး ပို့စ်တွေဆက်လက်ရေးနိုင်အောင် ကြိုးစား
သွားပါမယ်။ လောလောဆယ်တော့ သန်းထိုက် (ရွှေရိပ်) ရေးသားတဲ့ ဒီစာအုပ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော် ဖတ်မိသလောက် နည်းပညာစာအုပ်တွေထဲမှာဆိုရင် သူရေးတဲ့
စာအုပ်တွေက ဖတ်လို့အတော်ကောင်းတယ်လို့ဆိုရမှာပါ။ ဇော်လင်း (Youth) ရေးတဲ့စာအုပ်တွေလိုပေါ့။
ဒီစာအုပ်လေးကတော့ ဗီဒီယို Editing ပိုင်းနဲ့ပက်သတ်တဲ့စာအုပ်ပါ။ စိတ်ဝင်စားသူများ အောက်ကနေ
ဒေါင်းသွားနိုင်ပါတယ်။ အားလုံးကို လေးစားလျက်။
Labels:
Myanmar Ebooks
2/26/2013
2/24/2013
Injector Team Shell
***********************************************************************
Download : Injector team
***********************************************************************
Special function of Injector Shell
- private symlink bypass
- auto cpanel crack
Password ---> inj3ct0r
Credit to Injector Team
Labels:
Shell
2/22/2013
2/05/2013
1/30/2013
Mozilla Firefox for Android
Android အတွက် ဒီတစ်ခါတော့ Mozilla Firefox ကိုတင်ပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်ကတော့ ဖုန်းကနေ အင်တာနက်သုံးမယ်ဆိုရင်တောင် Mozilla ကိုပဲဆက်သုံးမှာမို့ ကျွန်တော်လို Mozilla Firefox ကို Android နဲ့သုံးချင်တယ်ဆိုရင် ဒေါင်းသွားနိုင်ပါတယ်။ ဒါကိုတော့ 1mobile ဆိုဒ် ကနေဆွဲလာတာကို ပြန်တင်လိုက်ပါတယ်။ နောက်ဆုံးဗားရှင်းလေးပါ။ ဖိုင်ဆိုဒ်က 20 MB ကျော်ပါတယ်။ ကျွန်တော်က တဆင့်ပြန်ချုံ့ထားပေးပါတယ်။ 18 MB လောက်တော့ရှိပါမယ်။ သုံးမယ်ဆိုရင် Extract လုပ်ပြီးမှသုံးပေါ့။ အဆင်ပြေကြပါစေ။
Labels:
Android
1/29/2013
Programming Access 200 Database
ဒီစာအုပ်လည်း ကြာပါပြီ။ မတင်ပေးဖြစ်တာပါ။ ကျွန်တော်လို မသိသေး မရှိသေးတဲ့လူတွေဆိုရင် အောက်ကနေ ဒေါင်းလုတ်သွားယူနိုင်ပါပြီ။ ဒေါင်းလုတ် လုပ်ဖို့ Link တွေနှစ်ခုလောက်ပေးထားပါတယ်။ တစ်ခုမရရင် နောက်တစ်ခုရအောင်လို့ပါ။ နောက်ပိုင်း mediafire ကသိပ်မတင်ပေးရဲတော့ပါဘူး။ အကောင့်ပျက်ရင် အခြားကျွန်တော်တင်ထားတဲ့ ဖိုင်တွေမရလို့ပါ။
Labels:
Programming eBooks
Subscribe to:
Posts (Atom)




























