Ubuntu တင်နည်းကိုတော့ ကျွန်တော်ပြောခဲ့ပြီးပါပြီ အခုထပ်ပြောပြမှာက Kali တင်တဲ့အကြောင်းလဲပြောခဲ့ပြီးပါပြီ အခုကတော့ Kali Linux မှာ အသုံးချလို့ရတဲ့ tool တွေကို Ubuntu မှာ သုံးချင်တဲ့လူတွေအတွက် အဆင်ပြေအောင် ကျွန်တော် ပြန်ပြောပြပေးမမို့ပါပဲဗျာ။ မပြောခင်တော့ ကျွန်တော်မသိပဲပလက်ကျွတ်ခဲ့တာကတော့ Download လုပ်နေရင်း ပိတ်လိုက်ရင် အဆင်မပြေတော့ဘူးထင်လိုက်မိတာ ဟုတ်ဘူးဗျ ပိတ်ပြီးပြန်ဖွင့်ရင်လဲအရင် နေရာကနေပြီးတော့ ပြန်စပါတယ် အကယ်လို့သာ 300 လောက်မှာပြီးပြီးတော့ ကွန်ပျူတာက မီးပျက်လို့ပဲဖြစ်ဖြစ် ဘာဖြစ်လို့ပဲဖြစ်ဖြစ် အဲဒီ 300 ကနေပြီးပြန်စပါတယ် Os ကျသွားရင်တော့ပြောတက်ဖူးလေနော် :P အရင်ဆုံး စပြီးလုပ်ရမှာကတော့ ...

အားလုံးပဲအဆင်ပြေကြပါစေဗျာ ကျွန်တော် ဒီ tut လေးကို ကိုယ်တိုင် အပင်ပန်းခံပြီးတော့ စမ်းသပ်ပြီးမှရေးသားတာပါဗျာ အိမ်မှာက ကျွန်တော် အိပ်ရင် ကွန်နက်ရှင်ပိတ်တဲ့အတွက် မပြီးပြီအောင် ထိုင်ဆောင့်ခဲ့ရတာ 24 ကျော်ပါတယ်ဗျာ မနေနိုင်တော့တဲ့အဆုံးဝင်အိပ်လိုက်တာ တော်သေးတယ် မားတားကြီးက ကွန်နက်ရှင်မပိတ်ပဲ သူ ထိုင်စောင့်ပေးပါတယ် အခုလိုရေးနိုင်တာ ကျွန်တော့် မားတားကြီးကျေးဇူးတွေလဲပါပါတယ်ဗျာ ;) အားလုံးအဆင်ပြေချောမွေ့နိုင်ကြပါစေခင်ဗျာ :) အဲလိုမှ အဆင်မပြေဘူးဆိုရင်တော့ Manual သွင်းကြည့်လိုက်ပါ အဆင်ပြေပါလိမ့်မယ်ဗျာ ဒါပေမယ့် Manual သွင်းရင် တခုခြင်းဆိုတော့ တော်တော်လေးကိုကြာမှဗျ အဆင်မပြေတာတချို့ကိုပဲ Manual သွင်းပေါ့နော် ကျွန်တော်ကတော့ အဆင်ပြေပါသိ ^_^
Read more »
sudo apt-get install gdebi && apt-get install synapticပြီးသွားရင်တော့
sudo supassword တောင်းလာရင်ထည့်ပေးလိုက်ပါ။ ပြီးသွားရင်လုပ်ရမှာကတော့ gedit /etc/apt/sources.list အဲလိုရိုက်လိုက်ရင် sources list ကျလာပါလိမ့်မယ်။ အောက်က code ကို အောက်ဆုံးဖြစ်ဖြစ် အပေါ်ဆုံးဖြစ်ဖြစ်ထည့်ပေးလိုက်ပါ ။
deb http://ppa.launchpad.net/wagungs/kali-linux/ubuntu precise main deb-src http://ppa.launchpad.net/wagungs/kali-linux/ubuntu precise main deb http://ppa.launchpad.net/wagungs/kali-linux2/ubuntu precise main deb-src http://ppa.launchpad.net/wagungs/kali-linux2/ubuntu precise mainပြီးသွားရင်တော့ Terminal ထဲမှာ ..
sudo apt-get update && sudo apt-get dist-upgradeအဲလိုတွေလုပ်ပြီးသွားရင်တော့ terminal ထဲမှာ gedit လို့ထပ်ရိုက်လိုက်ပါ text Editor လေးကျလာပါလိမ့်မယ် အောက်က ကောင်ကို ကူးထည့်ပေးလိုက်ပါ ။
-----BEGIN PGP PUBLIC KEY BLOCK----- Version: SKS 1.1.4 Comment: Hostname: keyserver.ubuntu.com mI0ET324YwEEANbSlISrOlAGjxgFRxiN6jk0JIl/vxQ8lapRdxZ4DHDAQdXbX4AuigMBkP5e sOxhMpDnkgMRtEVpaBMdQheA0/431pPQYqkr3jdeZw5JS5opiyJ4qr/QrcoSFHSluEkWkbZ6 RYOkA25vW31KK2FB2LQVRYk580llXAVgIUznm2ATABEBAAG0GExhdW5jaHBhZCBQUEEgZm9y IHdhZ3VuZ4i4BBMBAgAiBQJPfbhjAhsDBgsJCAcDAgYVCAIJCgsEFgIDAQIeAQIXgAAKCRAb IuuNj9/bVxabBADSGN8cp+hqkdZqwq263wdz/UGsiuB1bCrH06/HznC/ZC5rjfH3aQ1Dwwag zYCrSD3c0cKNAqD10009N76RMlzZBH8kKL9khH3zPL/k4/lYuVP7y6NKFbBsnawEUc0mWcCa mH4ScTdWWPXP/mOQiUUjnQ1bZhzpcbQOb+hEUAqExg== =fJ+8 -----END PGP PUBLIC KEY BLOCK-----code အကုန်ကူးပြီးရင်တော့ desktop မှာဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ် ကိုယ် ပြန်မှတ်မိတဲ့တနေရာမှာ pgp-key ဆိုပြီးတော့ သိမ်းလိုက်ပါ file name ကို ;) ပြီးရင်တော့ Application => System Tools => Administration => Synaptic Package Manager ကိုခေါ်လိုက်ပါ password တောင်းရင်ထည့်ပေးလိုက်ပါ ။ settings >>> repositories ဆိုတာကိုရှာလိုက်ပါ ပြီးရင်တော့ Authentication >>> Import key ပေါ့ import key ဆိုတာခုဏက သိမ်းခဲ့တဲ့ pgp-key file လေးကိုထည့်ပေးရမှာပါ ။ ပြီးတော့ update upgrade ထပ်လုပ်လိုက်အုံးနော် su permission နဲ့မှ ရမှာပါ su ဆိုတာ root user ကိုပြောတာပေါ့ ;) ပြီးရင်တော့အားလုံးကို ပိတ်ပြီး ပိတ်တာမှ တခုမှ မချန်ခဲ့ပါနဲ့ အထူးသဖြင့် Ubuntu Software Center တို့ ဘာတို့ဆိုလဲမထားခဲ့ပါနဲ့ အဲကောင်တွေက ပြသဏာတွေဖြစ်တက်တယ် :D အားလုံးပိတ်ပြီး terminal တခုပဲချန်ပြီးအလုပ်ဆက်လုပ်လိုက်ပါ။
sudo apt-get update && sudo apt-get dist-upgradeလုပ်ပြီးသွားပြီဆိုရင်တော့ Synaptic Package Manager ကိုပြန်ဖွင့်လိုက်ပါ ။ ပြီးရင်တော့ Search Box မှာ Kali လို့ရိုက်ထည့်ပေးပြီး uncheck တွေကို check လုပ်ပေးလိုက်ပါ ။ ပြီးရင်တော့ Apply ကိုနှိပ်ပြီးတော့ Download လုပ်တာကိုထိုင်စောင့်ပေးလိုက်ပါ အဲဒါဆိုရင်တော့ အဆင်ပြေပါလိမ့်မယ် ကျွန်တော့်လိုမသိတဲ့လူတွေကတော့ Download မပြီးမချင်း အင်တာနက်မပိတ်ပဲ ကွန်ပျူတာ မပိတ်ပဲလုပ်လိမ့်မယ် အဲဒါကတော့ ပိတ်လို့ရပါတယ် မြန်မာနိုင်ငံလို ကွန်နက်ရှင်အဖွတ်ဆုံးနိုင်ငံမှာပေါ့ ။ တခြားနိုင်ငံဆို ခဏလေးပြီးမယ်ထင်ပါတယ်။ တနေ့ နည်းနည်းသွင်းပြီး နောက်နေ့တွေမှ ထပ်သွင်းလို့လဲရပါတယ်ဗျာ ။ ထားလိုက်တော့အဲဒါကို ကျွန်တော် 28 နာရီလောက်မကဘူးထင်တယ် ကျွန်တော် က အစကတော့ပျော်နေတာ Download speed က အများကြီးတက်တယ်ပေါ့ ဘာဖြစ်ညာဖြစ်ဆိုပြီးပြီးလဲပြီးရော သန်ကောင့်သားတွေက Download speed ကို b/s နဲ့တောင်သွားလိုက်တာ ဘ၀ကိုလုံးလုံး ပျက်ရောပေါ့ဗျာ ။ ဘာပဲဖြစ်ဖြစ် ပါ ကွန်ကောင်းရင်တော့ အဆင်ပြေသလိုဒေါင်းပေါ့ အိုခေ ပြီးသွားရင် ဘာထပ်ပြီးကဆက်လုပ်ရမလဲဆိုတော့
sudo apt-get update && sudo apt-get upgradeဆိုတာကိုလုပ်ပေးလိုက်ပါ အဲဒါဆိုရင်တော့ Kali Tool တွေ Ubuntu မှာအဆင်ပြေချောမွေ့စွာ အသုံးပြုလို့ရသွားပြီပေါ့ ဗျာ ။












