11/07/2013

CAPTCHA ဆိုတာဘာလဲ?

ကျွန်တော်တို့ အင်တာနက်မှာ နေ့စဉ်ကြုံတွေ့ရတာတစ်ခုကတော့ CAPTCHA လို့ခေါ်တဲ့ word verification method ပဲဖြစ်ပါတယ်။ အရှည်ကောက်ကတော့ Completely Automated Public Turing test to tell Computers and Humans Apart ဖြစ်ပါတယ်။ ပြောရရင်တော့ user ဟာ ကွန်ပျူတာမဟုတ်ဘဲ လူသားဖြစ်ကြောင်း စစ်ဆေးတဲ့ တစ်ခုတည်းသော challenge-response test ပါပဲ။ လွယ်လွယ်ကူကူ ဥပမာပေးရရင် ကျွန်တော်တို့ Gmail, Yahoo တို့လို email account တွေကို signup
လုပ်တဲ့အခါ ကွေးကွေးကောက်ကောက် တခါတလေ မှုန်ဝါးဝါးနဲ့ စာသားလေးတေ၊ ဂဏန်းတွေကို မှန်အောင် ရိုက်ထည့်ပေးရတဲ့ အရာပါပဲ။ ဒါကို အင်တာနက်အသုံးပြုကြတဲ့လူတိုင်း ကြုံဖူးပါလိမ့်မယ်။ ဒါပေမယ့် အချို့သောလူတွေကတော့ ဒါက ဘာလို့ရိုက်ပေးရတာလဲဆိုတာ မသိကြပါဘူး။ ကျွန်တော်လည်း အစက အဲလိုတွေမြင်ရင် တအားစိတ်လေတယ်။ တခါတလေ စာလုံးတွေက မသဲကွဲဘူးလေ။ ကွန်နက်ရှင်က မကောင်းတော့ ဆဲချင်စိတ်က ငယ်ထိပ်ထိတက်လာပါရော။ :D ဒီပို့စ်ဖတ်ပြီးသွားရင် ဒါက လိုအပ်လို့ လုပ်ရတာဆိုတာ သိသွားပြီး အရင်လိုဆဲချင်စိတ်လျောသွားမယ်လို့ မျော်လင့်ပါတယ်။ ဟီး

CAPTCHA ကိုသုံးရတဲ့ရည်ရွယ်ချက်။
CAPTCHA ကိုအဓိကသုံးတာက automated software (bots) တွေက လူတွေနေရာမှာ အစားဝင်ပြီး Cooment ရေးတာမျိုးကို ကာကွယ်ဖို့ သုံးပါတယ်။ ဥပမာ Gmail account လုပ်တော့မယ်ဆို နောက်ဆုံးအဆင့်မှာ CAPTCHA လို့ခေါ်တဲ့ ကွေးကွေး
ကောက်ကောက် စာလုံးတွေကို ရိုက်ခိုင်းတာမြင်ဖူးပါလိမ့်မယ်။ တကယ်လို့သာ အဲလိုမလုပ်ထားဘူးဆိုရင် မသာမာသူတစ်ယောက်ယောက်က software တွေသုံးပြီး နာရီအနည်းငယ်အတွင်း account ပေါင်း ထောင်ချီပြီး လုပ်သွားနိုင်တယ်လေ။ ဒါဆို google ရဲ့ဆာဗာက မလိုလားအပ်တဲ့ error တွေတက်သွားနိုင်တာပေါ့။ နောက် ကျွန်တော်တို့ online voting လုပ်မယ်ဆိုရင် ဒါတွေက လိုအပ်ပါတယ်။ နို့မို့ ဆော့ဝဲလ်နဲ့ Vote လို့ကတော့ ပြသနာတက်ကုန်မှာပေါ့ဗျာ။ အဓိက ရည်ရွယ်ချက်ကတော့ ကွန်ပျူတာတွေမလုပ်နိုင်မယ့် (လူသားတစ်ယောက်ကသာ လုပ်နိုင်မယ့်) တစ်ခုတည်းသော human verification test တစ်ခုပဲဖြစ်ပါတယ်။ ကွန်ပျူတာတွေအတွက်တော့ ဒါဟာ မဖြစ်နိုင်တဲ့အနေထားပါပဲ။ CAPTCHA တော်တော်များများဟာ ရူးကြောင်ကြောင်
ဆန်ပြီး စိတ်ပျက်စရာကောင်းပေမယ့် ဒါက ကျွန်တော်တို့ကို ကာကွယ်ပေးနေတာပါ။ မသာမာသူတွေက malicious attacks နဲ့ ဆာဗာတွေကို ဒေါင်းသွားအောင် လုပ်နိုင်ပါတယ်။ Spam comment တွေလွတ်ပြီး ဆိုဒ်ပိုင်ရှင်တွေကို ဒုက္ခလှလှပေးနိုင်ပါတယ်။ ကျွန်တော်ကိုယ်တွေ့ဗျ။ အရင်က ကျွန်တော့်ဘလော့မှာ Comment ဝင်ရေးရင် အဆင်ပြေပါစေဆိုပြီး အဲဒီ Word Verification option ကိုဖြုတ်ထားပေးတာ Spam comment တွေတက်လာပါလေရော။ တစ်နေ့တစ်နေ့ Comment တွေတက်လာတာ ကြည့်မိပါတယ်
လဒတွေက အဲဒီအကြောင်းအရာတစ်ခုတည်းကို ပိုစ့်တိုင်းမှာတွေ့ရတယ်။ ဒါနဲ့ ပြန် enable လုပ်ထားလိုက်ရတယ်။ ဒီလောက်ဆိုရင် CAPTCHA ကိုသုံးရတဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားလိမ့်မယ်လို့ မျော်လင့်ပါတယ်။

ဘယ်သူတွေ CAPTCHA ကိုအသုံးပြုတာလဲ?
CAPTCHA  ကို ဆိုဒ်ပိုင်ရှင်တွေ၊ online polling system, registration forms တွေမှာအများဆုံး သုံးပါတယ်။ ဥပမာ web-based email ဖြစ်တဲ့ Gmail, Yahoo, Hotmail တို့လိုပေါ့။ CAPTCHA က သူတို့ကို spam account, spam comment တွေရန်ကနေ ကာကွယ်ပေးပါတယ်။

CAPTCHA တည်ဆောက်ပုံ။
CAPTCHA ကို လူသားတွေအတွက် နားလည်လွယ်တဲ့ အမြင်အာရုံ (Visual Data) ကိုအခြေခံပြီးတည်ဆောက်ထားပါတယ်။ အမြင်အာရုံနဲ့ပတ်သက်လာရင် ကွန်ပျူတာတွေက လူသားတွေလောက် အသိဥာဏ်မရှိကြပါဘူး။ CAPTCHA  မှာ ပုံတွေက
တခါတလေ မှုန်ဝါးဝါး၊ နောက်ခံ Background က မထင်မရှားနဲ့ ကွန်ပျူတာတွေအတွက်တော့ တကယ်ကို ခက်ခဲ့တဲ့အလုပ်တစ်ခုပါပဲ။ မဖြစ်နိုင်တဲ့အနေအထားပါပဲ။ လူသားတစ်ယောက်ကသာလျင် မှန်မှန်ကန်ကန်ရွေးချယ်နိုင်ပါလိမ့်မယ်။ တခါတလေ ကျွန်တော်တို့တောင် မှားပါတယ်။ နောက်ပြီး CAPTCHA  ကို Random ပုံစံနဲ့ generate လုပ်ပါတယ်။ ပုံသေ သတ်မှတ်ထားတာမျိုးမဟုတ်တော့ က၊ွန်ပျူတာအနေနဲ့ မှန်မှန်ရိုက်ဖို့ မဖြစ်နိုင်ပါဘူး။ တချို့ဆိုဒ်တွေမှာဆိုရင် Visual Test ကိုအခြေခံမထားပါဘူး။ ပုံ ၄ ခုမှာ ၃ ခုက အကောင်ပလောင်၊ ၁ ခုကတော့ပန်းပွင့်ပေါ့။ အဲဒီမှာ အကောင်ပလောင် ၃ ခုကို ရွေးခိုင်းတာမျိုးပါ။ ဒီလို test ကိုလူသားတွေအနေနဲ့ အေးဆေးကျော်ဖြတ်ျွှိုင်ပေမယ့် ကွန်ပျူတာတွေအတွက်တော့ ချွေးဒီးဒီးကျရမယ့်ကိန်းပါ။ :D

Breaking the CAPTCHA
CAPTCHA  ကိုချိုးဖောက်ဖို့ ကွန်ပျူတာကို အမြင်အာရုံနဲ့ဆိုင်တဲ့ IQ တွေကိုသင်ပေးပြီး လူသားတွေတွေးသလိုမျိုးတွေးနိုင်အောင်သင်ပေးနိုင်ပါတယ်။ CAPTCHA ပုံတွေကိုမြင်တာနဲ့ လူသားတွေလို ဘာကိုဆိုလိုတာလဲဆိုတာ သိနိုင်တာမျိုးဖြစ်အောင်ပေါ့။
ဒါပေမယ့် CAPTCHA ကိုချိုးဖောက်ဖို့ algorithm တွေမရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ CAPTCHA algorithm ကိုလုပ်တာ အဖွဲ့တွေက individually ဖြစ်လို့ပါ။ တစ်ခုနဲ့တစ်ခု နည်းစနစ်တွေမတူကြတော့ လိုက်လုပ်ဖို့ဆိုတာအရမ်းကို ခက်ခဲမှာဖြစ်ပါတယ်။ ဒီနည်းက အချိန်ပြည့် 100% အလုပ်ဖြစ်မှာမဟုတ်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာအနှံ့က Spammer တွေကိုကာကွယ်ဖို့ လုံလောက်ပါတယ်။

Ref: Gohacking

Read more »

11/05/2013

iOS 7+ တွင် မြန်မာလို ဖတ်ရှုနိုင်ပြီ



iOS 7 နှင့်အထက်ကို ယနေ့ထိ Jailbreak လုပ်လို့ မရသေးတာ အားလုံးပဲသိကြပါလိမ့်မယ်။ Jailbreak မရသေးတဲ့အတွက် မြန်မာစာ အခက်အခဲကို ရင်ဆိုင်နေကြရမှာပါ။
အခုတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ မြန်မာ Developer တစ်ဦးဖြစ်သူ (ယခင်ကလည်း iDevice အတွက် ဇော်ဂျီကို ကြိုးပမ်းပေးခဲ့သူ၊ Mogok Browser, Likebook App များကိုရေးသားသူ) "ကိုသန့်သက်ခင်ဇော်" က iOS 7 နှင့်အထက်မှာ မြန်မာစာကို ကောင်းမွန်စွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးလိုက်ပါပြီ...



ဇော်ဂျီဖောင့် ဖတ်နိုင်ရန်အတွက်...
  • မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/M8Es+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး "Install" ဆိုတာကို နှိပ်လိုက်ပါ။
  • "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ဇော်ဂျီ) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။

ယူနီကုဒ် ဖတ်နိုင်ရန်အတွက်...
  • မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/x4at+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး MON3 Anonta1 ကို "Install" ဆိုတာကို နှိပ်လိုက်ပါ။
  • "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ယူနီကုဒ်) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။

**မိမိအသုံးပြုမည့် ဖောင့်ကိုသာ ရွေးချယ် Install လုပ်ပါ။ နှစ်ခုလုံး ထည့်ထားပါက ယူနီကုဒ်ဖောင့်သာလျှင် အလုပ်လုပ်ပါလိမ့်မည်**

ပြန်လည်ဖျက်ပစ်လိုပါက Settings -> General -> Profiles -> Remove နှင့် ဖျက်ပစ်နိုင်ပါသည်။

ချွင်းချက်အနေနှင့် Safari Browser တွင်တော့ အချို့သော မြန်မာဆိုက်များတွင် မြန်မာလို မပေါ်ပါ။ Site ၏ အားနည်းချက်ဖြစ်မည်ဟု ယူဆမိပါသည်။ အခြား (Facebook, Notes, Message) App များတွင် ကောင်းစွာ ဖတ်ရှုနိုင်ပါတယ်။
မြန်မာစာ ရေးနိုင်ရန် ကီးဘုတ်အတွက်တော့ ကျွန်တော်တို့ ဆက်လက် မျှော်လင့်ကြပါဦးစို့...

ယခုကဲ့သို့ မြန်မာစာကို အဆင်အပြေဆုံးဖြစ်အောင် စီစဉ်ဖန်တီးပေးသူ "ကိုသန့်သက်ခင်ဇော်" ကို အထူးအထူးပင် ကျေးဇူးတင်ရှိပါတယ်...

ဤသတင်းကို ကနဦး ရေးသားပေးသူ "ကိုစေတန်" နှင့် ညကြီးမင်းကြီး ကျွန်တော် အိပ်ယာဝင်ခါနီးမှ FB တွင် Tag လုပ်ပြီး သတင်းပေးလာသူ ချစ်သူငယ်ချင်းကြီး "ကိုကမ္ဘာ့ဖျာ" တို့ကိုလည်း ကျေးဇူးအထူးပဲတင်ပါတယ်။

ကျွန်တော်တို့လို iDevice သုံးစွဲကြသူများ အနေနှင့်လည်း Developer များကို အားပေးကူညီကြတဲ့ အနေနဲ့ App များကို ဝယ်ယူသုံးစွဲကြပါလို့ "မိုးသိကြား" ဘလော့ခ်မှနေ၍ လေးလေးနက်နက် တိုက်တွန်းလိုက်ပါရစေ....


Credit to : blog.saturngod.net


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

Copy ------  http://www.moethagyar.info/ 
Read more »

11/04/2013

Domain Name Hijacking

 
ဒီပို့စ်မှာ Domain Name Hijacking အကြောင်းအကျဉ်းချုပ်ရှင်းပြပါမယ်။ ကျွန်တော်တို့ domain name တစ်ခုဝယ်လိုက်တဲ့အခါ အဲဒီ Domain ပေါ်မှာ full access ရဖို့ admin panel ပါလာပြီးသားပါ။ အဲဒီ domain ကို hosting server တစ်ခုခုဆီမှာ ညွန်းပြီးတော့ ဆိုဒ်တွေကို လည်ပတ်ပေးရပါတယ်။ တကယ်လို့များ အဲဒီ admin panel သာအဖောက်ခံရရင် ကိုယ်ရဲ့ domain ဟာလည်း hijack လုပ်ခံရမှာပါပဲ။ ဥပမာ ကျွန်တော်က www.abc.com ဆိုတဲ့ဒိုမိန်းတစ်ခုဝယ်ထားပြီး www.hostgator.com မှာ တင်ထားတယ်ဆိုကြပါစို့။ ကဲ domain hijack ကဘယ်လိုဖြစ်လာမှာလဲ? domain hijack လုပ်ဖို့ ကျွန်တော်တို့ domain name control panel ကို access ရဖို့လိုအပ်ပါတယ်။ ဆိုပါစို့ Attacker အောင်နက်ဆိုတဲ့သူက www.abc.com ကို target ထားတယ်ဆိုပါစို့။ :P ဒီတော့ သူ့အနေနဲ့ abc.com နဲ့ဆိုင်တဲ့ info တွေကိုလိုက်ရှာတယ်။ ဒီလိုလိုက်ရှာဖို့ အရမ်းလွယ်ပါတယ်။ http://whois.domaintools.com မှာသွားပြီး အဲဒီ ဒိုမိန်းလိပ်စာကို ရိုက်ထည့်ပြီးရှာရုံပါပဲ။ ဒါဆိုရင် အဲဒီဒိုမိန်းနဲ့သက်ဆိုင်တဲ့ administrative info တွေကိုတွေ့ရမှာပါ။ ဒိုမိန်းကို Register လုပ်ထားတဲ့ date, domain expire date, admin email ဘာညာတွေပေါ့။ ဟုတ်ကဲ့ ဒါဆို သူ့အနေနဲ့ ဘာတွေလုပ်နိုင်မလဲ ခန်းမှန်းလို့ရနေပါပြီ။ admin email ကိုတနည်းနည်းနဲ့ရအောင် လုပ်မယ်။ ဒီနေရာမှာတော့ email account hack ဖို့နည်းတွေကတော့ အများကြီးရှိနိုင်ပါတယ်။ Security sense သိပ်မရှိတဲ့ admin ဟာ SE နဲ့ဖြစ်ဖြစ် password အခိုးခံရနိုင်ပါတယ်။ မေးလ်အခိုးခံရပြီဆိုတာနဲ့ attacker ဟာ အဲဒီ domain control panel ရဲ့ password ကို reset ချလို့ရပါပြီ။ အိုကေ။ နောက် သူက control panel ကနေ သူတင်ထားတဲ့ web server မှာ ကိုယ့်ဒိုမိန်းကို point out လုပ်ရုံပါပဲ။ ဒိုမိန်း name ကတော့ hostgator.com မှာရှိနေအုံးမှာပါ။ ဒါပေမယ့် attacker က လုပ်ထားတဲ့ hosting server (webhost.com လို့ဆိုကြပါစို့) မှာ Configure လုပ်ထားမယ်ပေါ့။ ဟိုတလောက www.google.br က ဒီလိုနည်းနဲ့ hijack လုပ်ခံရတယ်လို့ ဖတ်လိုက်ရပါတယ်။ ဒါဆို ဘယ်လို ကာကွယ်မလဲ။ မိမိ email password ကိုအခိုးမခံရအောင် လုပ်ထားရပါမယ်။ လွယ်တယ်နော်။ :D နောက် domain register လုပ်ရင် မိမိ domain info ကိုကြည့်လို့မရအောင် Private Domain Name Registration လို service မျိုးနဲ့ကာကွယ်သင့်ပါတယ်။ ဒီလောက်ဆိုရင် Domain Name Hijacking အကြောင်း အကြမ်းဖြင်းနားလည်လိမ့်မယ်လို့ ထင်ပါတယ်။

Ref: gohacking.com

Read more »

Blogger Tool: Adfoc.us Shortener

ဒါကတော့ Adfoc.us သုံးတဲ့ blogger တွေအတွက်ပေါ့ဗျာ။ လိုချင်တယ်ဆိုရင် ယူသွားနိုင်ပါပြီ။ ထပ်ပြီးတော့ ပြောပါရစေ။ link တွေကို ၅ ခုထိမခံကြဖို့။ :) အဆင်ပြေကြပါစေ။

Download: Solidfiles
Read more »

V Root 1.7.2 latest version

 
V Root 1.7.2 နောက်ဆုံးထွက်ရှိလာတဲ့ Root Tool လေးဖြစ်ပြီးတော့ မြင်နေကျ Super User နေရာကို King user ဆိုပြီးအစားထိုးထားသည်ကို တွေရသည်။King User ကိုလည်း အင်္ဂလိပ်ဗားရှင်းနဲ့ ထုတ်ထားပါသည်။2013-10-29 ကထုတ်ထားတာဖြစ်ပါတယ်။
 
Read more »

Blogger Tool [Adfly Shortener]

Blogger တွေ adf.ly ကနေ short url လုပ်ပြီး ပိုက်ဆံရှာနေတဲ့သူတွေအတွက် တကယ်အသုံးဝင်မယ့် Tool ကောင်းလေးတစ်ခုပါပဲဗျ။ virustotal ကနေ scan ပေးထားပါတယ်။ 100% clean ပါ။ တစ်ခုတော့ ပြောချင်ပါရဲ့။ link တွေကို 5 ခုထိတော့ မခံကြပါနဲ့ဗျာ။ နှစ်ခုဆိုတော်ပြီပေါ့။ :D

Download: Solidfiles




Read more »

Android 4.3 for Galaxy S4 & Note 2

November 2 နေ့စွဲနဲ့ ဘလော့တစ်ခုမှာ ရေးထားတာဆိုတော့ ထွက်တာသိပ်မကြာသေးဘူးဆိုရမယ်။ ကျွန်တော်ကတော့ Android ပိုင်းဘက်မလှည့်ဖြစ်တာအတော်ကြာပါပြီ။ Galaxy Series တွေလည်းမကိုင်တော့ စိတ်မဝင်စားတာလည်းပါတာပေါ့။ ဟီး။ Official ထွက်တာမဟုတ်တဲ့အတွက် Bug အနည်းငယ်တော့ ရှိနိုင်ပါတယ်။ Installation အသေးစိတ်ကို ဒီ နေရာမှာလေ့လာနိုင်ပြီး လိုအပ်တဲ့ Firmware ကိုတော့ ဒီ မှာသွားပြီးဒေါင်းနိုင်ပါတယ်။ hotfile link ဆိုတော့ ဒေါင်းရတာအခက်အခဲရှိရင် ဒီ Group မှာအကူညီတောင်းကြည့်ပါ။ အဆင်ပြေကြပါစေဗျာ။

[Screenshot]


Read more »

AnonGhost Shell Priv8

AnonGhost Team ရဲ့ shell လေးပါခင်ဗျ။ ထွက်တာသိပ်မကြာသေးဘူး။ စမ်းချင်ရင် ယူလိုက်ပေါ့။ default password က AnonGhost<3AG6 ပါ။ တကယ်လို့ အဲဒါအလုပ်မဖြစ်ရင် {shell.php?ag} ဆိုပြီးဝင်ဗျာ။ စမ်းစရာ site မရှိရင် ကျွန်တော်လို local မှာ CMS တစ်ခုခုသွင်းပြီး စမ်းပေါ့နော် ဟီး။

 AnonGhost Shell Priv8: Click Here

All Credit to: Uber Zodiac & Shell Creator
Read more »

how to use unetbootin at Linux [tut]

ကျွန်တော်ကိုယ်တာရှာခဲ့လို့နောက်လူတွေ မရှာပဲမြန်မာမှုလေးနဲ့တွေ့အောင်ပြန်ရေးပေးလိုက်ပါတယ်ဗျာ :)


windows(for Windows)linux(for Linux) mac(for Mac OS X)

အရင်ဦးဆုံး Linux ကကောင်ကို ကိုဒေါင်းလိုက်ပါ ပြီးရင်တော့ ဘာလုပ်ရမလဲဆိုတော့ root folder ဖြစ်ဖြစ် Desktop ဖြစ်ဖြစ်ကို ကော်ပီကူးယူလိုက်ပါ ပြီးရင်ဘာလုပ်ရမလဲဆိုတော့ က :)
cd Desktop
အကယ်လို့သာ Desktop ပေါ်မှာထားခဲ့မယ်ဆိုရင်ပေါ့ မဟုတ်ပဲ root folder မှာဆိုရင်တော့ cd ရိုက်ပေးစရာမလိုအပ်ပါဘူး ကျွန်တော်ကတော့ root folder မှာထားလိုက်ပါတယ်။

chmod +x unetbootin-linux-*
ခရေပွင့်လေးကတော့ နံပါတ်ကိုပြောတာပေါ့နော် :D အတိအကျဆိုရင်တော့ ကျွန်တော်ဒေါင်းတုန်းကတော့ unetbootin-linux-585 လေးကိုရပါတယ်အဲဒီတော့
chmod +x unetbootin-linux-585
ပေါ့နော်ပြီးရင်တော့ဘာလုပ်ရမလဲဆိုတော့ နောက်တဆင့်ကတော့ သူ့ကိုဖွင့်ရမှာပေါ့

./unetbootin-linux-585
ဆိုပြီးဖွင့်လိုက်ပါ အဲဒါဆိုရင်တော့


အဲလိုမေးလာရင်တော့ ok ပဲပေးလိုက်ပါ အဲဒါဆိုရင်တော့ နောက်တဆင့်ကဘာလဲဆိုတော့ ...


ကဲဒါဆိုရင်တော့အဆင်ပြေလောက်ပြီလို့ထင်ပါတယ်ဗျာ ;) အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ ဖတ်ရှုပေးလို့ပေါ့ ;)
Read more »

Downloader for Linux[tut]

အရင်ကတော့ရေးဖူးတယ် နှမျှောမိတယ် ကျွန်တော့် Data တွေကို ဘာပဲဖြစ်ဖြစ် အသစ်ပြန်ရေးပေးလိုက်ပါတယ်ဗျာ ;) အရင်က တော့ xdman ကို window အတွက်ပဲလို့ကြားဖူးခဲ့တာပါ ဒါပေမယ့် ကျွန်တော်ဒေါင်းပြီးတော့ အထဲက ဖိုင်တွေလိုက်ကြည့်တော့ ကံကောင်းစွာနဲ့ပဲ .sh ဆိုတဲ့ file လေးကိုသွားတွေ့တယ်ဗျ ဟီး ကံကောင်းချက်တော့ :P ထားပါ အရင် ဦးဆုံးဒေါင်းလုပ်လုပ်ရမှာပေါ့နော် အဲဒါတော့ google မှာရှာရင် Extreme Download Manager ပေါ့နော် အဆင်သင့်ဆိုရင်တော့ အောက်က ကောင်လေးပေါ့
Dwonload Here

ကဲဒေါင်းလိုက်ပါ နည်းနည်းလေး ပဲ File Size ကတော့ မဆိုးဘူးပေါ့ ဟီး ဆက်လိုက်ရအောင်... ဒေါင်းပြီးရင်ဘာလုပ်ရမလဲဆိုတော့ File ကိုဖြည်လိုက်ရမှာပေါ့ အဲကောင်ကို Double click နဲ့ Search From Internet နဲ့ရပါတယ် မဟုတ်ပဲ command line နဲ့သွားချင်ရင်တော့ အောက်ကအတိုင်းပဲပေါ့ file ကို တနေရာရာမှာထားလိုက်ပါ Desktop ဖြစ်ဖြစ် တနေရာရာပေါ့ ကျွန်တော်တော့ root folder ထဲမှာထားလိုက်ပါတယ် ။ ထားပြီးရင်တော့ အောက်က အတိုင်းပဲပေါ့နော်
tar xvf xdman.tar.gz

ပြီးရင်တော့
cd xdman

xdman ထဲကိုဝင်လိုက်တာပေါ့ ;)
chmod +x xdman.sh

chmod +x ကတော့ Read Write Permission လေးပေးလိုက်တာပေါ့အလိုမှ မဟုတ်ရင် Permission Access Denied ဆိုပြီးဖြစ်နေပါလိမ့်မယ် ကဲထက်ဆက်ရမယ်ဆိုရင်တော့
./xdman.sh

အဲဒါဆိုရင်တော့ Xdman လေးပွင့်လာပါလိမ့်မယ် အဲဒီမှာ အဆင်သင့်သုံးလို့ရပြီပေါ့ ဘယ်လိုသုံးရမလဲဆိုတော့ Chrome ဆိုရင်တော့ Ctrl + J ကိုနှိပ်ပြီးတော့ Download လုပ်တဲ့နေရာကိုသွားလိုက်ပါ ပြီးရင်တော့ ကိုယ်ဒေါင်းလုပ်လုပ်ချင်တဲ့ ဒေါင်းလုပ်လင့်ကို Right Click ပြီးရင်တော့ Copy Link Addresses ပေါ့ ပြီးရင်တော့ xdman မှာ Add Url ကနေပြီးတော့ထည့်ပြီးဒေါင်းလုပ်လိုက်ပါ ဆင်ပြေမှာပါ ^^ ဒီလောက်ဆိုရင်နားလည်မယ်ထင်ပါတယ် အကယ်လို့သာ Mozilla သုံးမယ်ဆိုရင်တော့ Xdman ထဲမှာ Tools ထဲကနေပြီးတော့ Browser Integration ကနေပြီးတော့ ဒေါင်းလုပ်လင့်လေးမှ တဆင့်ဒေါင်းလုပ်လို့ရပါတယ် အဲဒါဆိုရင်တော့ အဆင်ပြေပြီပေါ့နော် မဟုတ်လဲ Mozilla ထဲက Download ကိုခေါ်ပြီးတော့ Right Click => Copy Download Link အဲလိုမှ တဆင့် xdman က Add Url ကိုနှိပ်ပြီးထည့်ပေးလိုက်ပါ အဲဒါဆိုရင်တော့အဆင်ပြေပြီပေါ့ဗျာ အားလုံးပဲဖတ်ပေးလို့ကျေးဇူးတင်ပါတယ် ;)
Read more »

NetcatPHP Shell

ပုံထဲကလို shell အသစ်လေး သုံးချင်ရင် စမ်းကြည့်ဗျာ။
Shell Creator: Mr.H4rd3n

All Credit to: Mr.H4rd3n & Madleets 
 NetcatPHP Shell: Click Here
 
Read more »

11/03/2013

Microsoft Office Word 2013 ကိုလေ့လာအသုံးပြုခြင်း (Myanmar Version)

Office 2013 အကြောင်းရေးထားတဲ့ မြန်မာလိုစာအုပ်လေးပါ။ ကျွန်တော်ကတော့ ခုထိ Office 2007 နဲ့ပဲ နှစ်ပါးသွားနေတုန်း။ :D ebook တစ်ခုဖြစ်အောင်ရေးဖို့ဆိုတာ အချိန်ပေးရ၊ အားစိုက်ရပါတယ်။ ဘလော့ဂါတစ်ယောက် ကြိုးစားရေးထားတဲ့ ဒီစာအုပ်လေးကို စိတ်ဝင်စားတယ်ဆိုရင် ဒေါင်းသွားနိုင်ပါပြီ။ မူရင်းလင့်တွေနဲ့ပဲ ချိတ်ပေးလိုက်ပါတယ်။ သူ့စာအုပ်လေးကို ပြန်မျှဝေပေးပါလို့ပြောတာနဲ့ တင်ပေးလိုက်ပါတယ်။ All Credit to http://soesoehein.blogspot.com 

Read more »

hash cracker py script [script]


ဘာမှဟုတ်ဘူး တနေ့တော့စမ်းရင်းရလို့ အရမ်းပျော်ပြီးတော့ ပြန်လာရှဲတာ ကျွန်တော် အရမ်းကိုပဲ script တွေဆိုရင်ချစ်တယ် ဟီးဘယ်လိုပြောရမယ်မှန်းတောင်မသိဘူးဗျ script သုံးနေရရင်ကိုပျော်နေတယ်လူက :D ဘာပဲဖြစ်ဖြစ် ကျွန်တော် တနေ့က googling လုပ်ရင်းနဲ့တွေ့လို ၀မ်းသ အားရနဲ့ share မို့ပါပဲ ဒါပေမယ့် အသုံးမ၀င်လောက်ဘူးထင်လို့ ဒါမဲ့လဲ share ချင်တဲ့စိတ်က ထိမ်းလို့မှ မရတာကို အဲတော့ နည်းနည်းပြန်လည် ကုန်ကြမ်းချခွင့်ပုပါနော် :D google မှာရှာမယ်ဆိုရင်တော့ findmyhash ပေါ့နော် ကျွန်တော်ပြောမယ့်ဟာကတော့ hash ပေါ့နော် ဘာမှတော့သိပ်မကွာပါဘူး တူတူပဲ နာမည်ပြောင်းလိုက်တာပဲရှိတယ် အကယ်လို့ သာ Kali သုံးမယ်ဆိုရင် Kali ရဲ့ base on tool အဖြစ်ပါရှိပြီးသားပါ ကျွန်တော်ပြောမယ့်ကောင်လေးက အရမ်းကိုအသုံးဝင်တယ် google မှာ ရှိတဲ့ ဆိုဒ်တော်တော်မျာများကို Script မှာချိတ်ဆက်ပြီးသားဆိုတော့ ရှာရတာလွယ်ကူအဆင်ပြေတာပေါ့ဗျာ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးကို Window မှာလဲအသုံးပြုချင်ရင်ရပါတယ် ဒါပေမယ့် Python တော့သွင်းထားဖို့လိုအပ်တာပေါ့နော် ကျွန်တော်ပြောပြပေးထားတဲ့ admin finder နဲ့တူတူပါ ပဲ အဆင့်တွေကတော့ ဘာပဲဖြစ်ဖြစ် ဒီတခါတော့ Linux အတွက်ကိုပြောပေးသွားပါ့မယ်ဗျာ ;) ပေးထားတဲ့လင့်လေးကိုဒေါင်းပြီရင်တော့ Desktop ပေါ်ဖြစ်ဖြစ်ထားလိုက်ပေါ့နော် ထားပြီးရင်တော့ ...
cd Desktop
cd နဲ့ Direction Desktop ပေါ်ကိုသွားလိုက်ပေါ့နော် ပြီရင်တော့

python hash.py typeofhash -h yourhashcodes

အဲလိုမျိုးပေါ့နော် အောက်မှာ typeofhash မှာထည့်ရမယ့်ကောင်လေးတွေပေါ့နော် yourhashcode ဆိုတာကတော့ ကိုယ် crack ချင်တဲ့ hash ပေါ့

Accepted algorithms are
MD4 - RFC 1320
MD5 - RFC 1321
SHA1 - RFC 3174 (FIPS 180-3)
SHA224 - RFC 3874 (FIPS 180-3)
SHA256 - FIPS 180-3
SHA384 - FIPS 180-3
SHA512 - FIPS 180-3
RMD160 - RFC 2857
GOST - RFC 5831
WHIRLPOOL - ISO/IEC 10118-3:2004
LM - Microsoft Windows hash
NTLM - Microsoft Windows hash
MYSQL - MySQL 3, 4, 5 hash
CISCO7 - Cisco IOS type 7 encrypted passwords
JUNIPER - Juniper Networks $9$ encrypted passwords
LDAP_MD5 - MD5 Base64 encoded
LDAP_SHA1 - SHA1 Base64 encoded

Valid OPTIONS are
-h hash_value: If you only want to crack one hash, specify its value with this option.
-f file: If you have several hashes, you can specify a file with one hash per line.

NOTE: All of them have to be the same type.
-g: If your hash cannot be cracked, search it in Google and show all the results.
NOTE: This option ONLY works with -h (one hash input) option.
အဲလိုအဲလိုပေါ့နော် ;)

Hash တခုထဲကိုပဲ crack မယ်ဆိုရင်တော့ အောက်က အတိုင်းပေါ့နော်
python hash.py MD5 -h "098f6bcd4621d373cade4e832627b4f6"

အကယ်လို့သာ hash မတွေ့ဘူးဆိုရင် နောက်မှာ -g ထည့်ပေးခြင်းအားဖြင့် Google မှာရှာမယ်လို့ ပြောတာပေါ့နော်
python hash.py SHA1 -h "A94A8FE5CCB19BA61C4C0873D391E987982FBBD3" -g

python hash.py MYSQL -f mysqlhashesfile.txt
အပေါ်က နည်းကတော့ အစုလိုက်အပြုံလိုက်မဟုတ်ပဲနဲ့ တကြောင်းကို hash တခုနဲ့ပေါ့ ဒီလောက်ဆိုနည်းနည်းတော့ နားလည်လိမ့်မယ်ထင်ပါတယ်ဗျာ :D

More examples:
python hash.py MD4 -h "db346d691d7acc4dc2625db19f9e3f52"

python hash.py MD5 -h "098f6bcd4621d373cade4e832627b4f6"

python hash.py SHA1 -h "a94a8fe5ccb19ba61c4c0873d391e987982fbbd3"

python hash.py SHA224 -h "90a3ed9e32b2aaf4c61c410eb925426119e1a9dc53d4286ade99a809"

python hash.py SHA256 -h "9f86d081884c7d659a2feaa0c55ad015a3bf4f1b2b0b822cd15d6c15b0f00a08"

python hash py SHA384 -h "768412320f7b0aa5812fce428dc4706b3cae50e02a64caa16a782249bfe8efc4b7ef1ccb126255d196047dfedf17a0a9"

python hash py SHA512 -h "ee26b0dd4af7e749aa1a8ee3c10ae9923f618980772e473f8819a5d4940e0db27ac185f8a0e1d5f84f88bc887fd67b143732c304cc5fa9ad8e6f57f50028a8ff"

python hash.py RMD160 -h "5e52fee47e6b070565f74372468cdc699de89107"

python hash.py GOST -h "a6e1acdd0cc7e00d02b90bccb2e21892289d1e93f622b8760cb0e076def1f42b"

python hash py WHIRLPOOL -h "b913d5bbb8e461c2c5961cbe0edcdadfd29f068225ceb37da6defcf89849368f8c6c2eb6a4c4ac75775d032a0ecfdfe8550573062b653fe92fc7b8fb3b7be8d6"

python hash.py LM -h "01fc5a6be7bc6929aad3b435b51404ee:0cb6948805f797bf2a82807973b89537"

python hash.py LM -h "01fc5a6be7bc6929aad3b435b51404ee"

python hash.py NTLM -h "01fc5a6be7bc6929aad3b435b51404ee:0cb6948805f797bf2a82807973b89537"

python hash.py NTLM -h "0cb6948805f797bf2a82807973b89537"

python hash.py MYSQL -h "378b243e220ca493"

python hash.py MYSQL -h "*94bdcebe19083ce2a1f959fd02f964c7af4cfc29"

python hash.py MYSQL -h "94bdcebe19083ce2a1f959fd02f964c7af4cfc29"

python hash.py CISCO7 -h "12090404011C03162E"

python hash.py JUNIPER -h "\$9\$90m6AO1EcyKWLhcYgaZji"

python hash.py LDAP_MD5 -h "{MD5}CY9rzUYh03PK3k6DJie09g=="

python hash.py LDAP_SHA1 -h "{SHA}qUqP5cyxm6YcTAhz05Hph5gvu9M="

"" အဲကောင်တွေထည့်စရာမလိုပါဘူးဗျာ "" အထဲမှာ hash တွေပြောင်းလဲမှုရှိတယ်လို့ဆိုလိုတာပါပဲဗျာ အားလုံးအဆင်ပြေမယ်လို့တော့ထင်တာပဲ များသောအားဖြင့်တော့ ရတာများပါတယ်ဗျာ ;) ဒီလောက်ဆိုရင်တော်တော်ကြီးကိုနားလည်ပြီလို့ထင်ပါတယ်ဗျာ ;) ကျွန်တော်လိုလူတောင် နားလည်တယ်ဆိုတော့ တခြားလူတွေတော့ပြောစရာမလိုတော့ဘူးထင်ပါတယ်ဗျာ :D

Download Here
Read more »

Metasploit in Ubuntu

Ubuntu မှာလည်း ကျွန်တော်တို့ Pen-testing tool တွေကိုအသုံးပြုနိုင်ပါတယ်။ တချို့ Tool တွေကျတော့ အဆင်မပြေဘူးဗျ။ apt-get install နည်းနဲ့ update လုပ်ခိုင်းတာမျိုးကျတော့။ ခုနည်းကတော့ လိုအပ်တဲ့ဖိုင်ကို ဒေါင်းပြီး run ပေးရုံပဲမို့ ရှယ်ပေးလိုက်တာပါ။ ကျွန်တော်ကတော့ Ubuntu 13.10 မှာ Test လုပ်ထားပါတယ်။ VM နဲ့ပါ။ လိုအပ်တဲ့ Metasploit Framework ကို http://www.rapid7.com/products/metasploi...ad.jsp#msf မှာသွားပြီး မိမိတို့စက်နဲ့ ကိုက်မယ့် Version ကိုဒေါင်းနိုင်ပါတယ်။
Linux အတွက် 32 Bit & 64 Bit ကို Support လုပ်ပေးပါတယ်။ Windows ကတော့ 64 တစ်ခုကိုပဲ support လုပ်ထားပါတယ်။ အိုခီ။ ကျွန်တော်ကတော့ 32 ကိုပဲဒေါင်းလိုက်ပါတယ်။ 169 MB ဗျ။ Terminal မှာ ခုလို ရိုက်လိုက်ပါမယ်။

cd Desktop ls
chmod 775 metasploit-latest-linux-installer.run
sudo ./ metasploit-latest-linux-installer.run


 ကျန်တာကတော့ Installation Wizard အတိုင်း လုပ်သွားရုံပါပဲခင်ဗျ။ အောက်မှာ ပုံတွေကို screenshot ရိုက်ပြထားပါတယ်။ 

Screenshot:










Metasploit ကိုသုံးချင်ရင် BT/Kali မှာလိုပဲ Terminal မှာ msfconsole လို့ရိုက်ထည့်လိုက်ရင် ရပါပြီ။ Metasploit Framework ပေါ်လာဖို့ တခါတလေ နည်းနည်းတော့စောင့်ပေးရပါတယ်။




Video Tutorial:

Read more »