11/03/2013

Metasploit in Ubuntu

Ubuntu မှာလည်း ကျွန်တော်တို့ Pen-testing tool တွေကိုအသုံးပြုနိုင်ပါတယ်။ တချို့ Tool တွေကျတော့ အဆင်မပြေဘူးဗျ။ apt-get install နည်းနဲ့ update လုပ်ခိုင်းတာမျိုးကျတော့။ ခုနည်းကတော့ လိုအပ်တဲ့ဖိုင်ကို ဒေါင်းပြီး run ပေးရုံပဲမို့ ရှယ်ပေးလိုက်တာပါ။ ကျွန်တော်ကတော့ Ubuntu 13.10 မှာ Test လုပ်ထားပါတယ်။ VM နဲ့ပါ။ လိုအပ်တဲ့ Metasploit Framework ကို http://www.rapid7.com/products/metasploi...ad.jsp#msf မှာသွားပြီး မိမိတို့စက်နဲ့ ကိုက်မယ့် Version ကိုဒေါင်းနိုင်ပါတယ်။
Linux အတွက် 32 Bit & 64 Bit ကို Support လုပ်ပေးပါတယ်။ Windows ကတော့ 64 တစ်ခုကိုပဲ support လုပ်ထားပါတယ်။ အိုခီ။ ကျွန်တော်ကတော့ 32 ကိုပဲဒေါင်းလိုက်ပါတယ်။ 169 MB ဗျ။ Terminal မှာ ခုလို ရိုက်လိုက်ပါမယ်။

cd Desktop ls
chmod 775 metasploit-latest-linux-installer.run
sudo ./ metasploit-latest-linux-installer.run


 ကျန်တာကတော့ Installation Wizard အတိုင်း လုပ်သွားရုံပါပဲခင်ဗျ။ အောက်မှာ ပုံတွေကို screenshot ရိုက်ပြထားပါတယ်။ 

Screenshot:










Metasploit ကိုသုံးချင်ရင် BT/Kali မှာလိုပဲ Terminal မှာ msfconsole လို့ရိုက်ထည့်လိုက်ရင် ရပါပြီ။ Metasploit Framework ပေါ်လာဖို့ တခါတလေ နည်းနည်းတော့စောင့်ပေးရပါတယ်။




Video Tutorial:

Read more »

vBulletin 4.2.0 Installation Guide in Localhost [Full Tutorial]

ကျွန်တော် vBulletin ကို local မှာကလိတာတော်တော်ကြာသွားပါတယ်။ ခုတော့ အဆင်ပြေသွားပါပြီ။ တလက်စတည်း တွေ့တာလေးကို ပြန်ရှယ်လိုက်ပါတယ်ဗျို့။ localhost မှာ run လို့ရရင် vb ကို localhost မှာလေ့လာလို့ရတာပေါ့။ shell တင်နည်းတွေ ဘာညာ :D

Requirement:
vBulletin 4.2
XAMPP
my guide biggrin

Download: vBulletin 4.2
XAMMP: just Googling

Download ဆွဲထားတဲ့ vBulletin မှာဖွင့်လိုက်ရင် upload နဲ့ do_not_upload ဆိုတာရှိပါတယ်။ upload ထဲကဖိုင်တွေကိုသုံးမှာပါ။ အိုခီ။ အရင်ဆုံး XAMPP ကိုသွင်းလိုက်ပေါ့နော်။ ပြီးရင် Browser မှာ localhost/phpmyadmin ကနေ vbulletin ဆိုတဲ့ DB တစ်ခု Create လုပ်ပါ။
 ပြီးရင် C:\xammp\htdocs မှာ vbulletin ဆိုတဲ့ Folder တစ်ခုဆောက်ပေးလိုက်ပါ။ (xampp ကိုအင်စတော့လုပ်ထားပြီလို့ယူဆပါမည်) ဒါဆို C:\xammp\htdocs\vbulletin ဖြစ်မှာပါ။ 
အဲဒီ path မှာ ခုနကဒေါင်းထားတဲ့ vbulletin ထဲက upload Folder မှာပါတဲ့ဖိုင်တွေအားလုံးကို Copy ကူးချလိုက်ပါ။ သတိထားစရာတစ်ခုက database name မှာပေးတဲ့နာမည်နဲ့ c:\xammp\ မှာပေးမယ့် Folder name ဟာတူအောင်ပေးပါ။ နို့မို့ဆို Installation ပိုင်းမှာ error တက်နိုင်လို့ပါ။ အိုခီ ဆက်မယ်နော်။ အရင်ဆုံး C:\xammp\php\php.ini မှာ php.ini ကို notepad ဖွင့်ကြည့်ပါ။ Edit>Find ကနေ curl ဆိုပြီးရှာလိုက်ရင် ပုံထဲကလိုထွက်လာပါမယ်။ Original က ;extension=php_curl.dll ဖြစ်ပါတယ်။ ရှေ့က ; ကိုဖျက်လိုက်ပါ။ ဒါဆို extension=php_curl.dll ဒီလိုလေးပေါ့။ ပြီးရင် Save လိုက်ပါ။ biggrin 
 နောက် ခုနကကျွန်တော်တို့ ကူးထားတဲ့ C:\xammp\htdocs\vbulletin မှာ includes ကိုသွား။ အထဲမှာ config ဆိုတဲ့ဖိုင်ကိုရှာ။ မူလဖိုင်က config.new ပါ။ အဲဒါကို config.php လို့ပြောင်းပေးရပါတယ်။ file ထဲက Line တွေမှာ dbname ကို vbulletin လို့သတ်မှတ်ပေးရပါမယ်။ ကျွန်တော်တို့က DB Create တုန်းက vbulletin လို့ပေးထားတာကိုး။ အိုခီ။ အောက်နားလေးမှာ dbusername မှာလည်း root လို့သတ်မှတ်ပေးပါ။ password မှာတော့ ချန်ထားခဲ့လိုက်ပါ။
  အိုခီ။ Installation စပါတော့မယ်။ XAMMP ကို မ Run ရသေးရင် ရမ်းပေးပါ။ biggrin Apache & MySql နှစ်ခု Running ဖြစ်တာသေချာပါစေ။ ဒါဆိုရင် Browser ကနေ localhost/vbulletin လို့ခေါ်လိုက်တာနဲ့ Installation Wizard ပေါ်လာပါပြီ။ ကျန်တာကတော့ ကိုယ့်ဘာသာဆက်ကလိရင် ဖြစ်ပါပြီ။ ကျွန်တော်ကတော့ ပို့စ်ပြီးအောင် ဆက်ရေးရအုံးမှာဆိုတော့ ဆက်မယ်နော် biggrin
 Begin Install >>

 အောက်ကလို အဆင်ပြေသလို ရိုက်ထည့်လိုက်ပါ။
ဘာမှ လုပ်မနေပါနဲ့ OK ကိုသာနှိပ်ပြီး ဆက်သွားရင် ရပါပြီ။
 username, password ထည့်ပေးရပါတယ်။
 Go to Admin CP ကနေ login ဝင်လို့ရပါပြီ။
 Security အတွက် ကျွန်တော်တို့ install.php ဖိုင်ကို မဖြစ်မနေဖျက်ပေးရပါမယ်။ အိုခီ။ C:\xammp\htdocs\vbulletin\install ထဲက install.php ဖိုင်ကိုဖျက်ပေးလိုက်ရင်ရပါပြီ။

 ကဲ့ Login ဝင်ပြီဗျာ။

ဒီပို့စ်လေးကို စာအုပ်အဖြစ် သိမ်းထားချင်တယ်ဆိုရင် ဒေါင်းလို့ရအောင် တစ်ခါတည်း ebook လေးလုပ်ပေးလိုက်ပါတယ်။ သိမ်းထားချင်တယ်ဆိုရင် ကလစ်။

Download eBook Version: Solidfiles Myuplbox Rghost
Read more »

11/02/2013

Admin Finder Perl Script ?

ဆိုဒ်တခုကိုရပြီဆိုရင်တော့ Admin Page ကရှာရတော့မယ် google မှာရိုက်ရှာရင်ရပေမယ့် ဒီလို script နဲ့ရှာရင်တွေ့ကောင်းတွေ့နိုင်တာပေါ့နော် :D ဒါပေမယ့် အဲလိုမရှာပဲ Script နဲ့ရှာချင်တယ်ဆိုရင်တော့ ကျွန်တော်ပေးတဲ့ကောင်လေးနဲ့ရှာရင် သေချာသလောက်တော့ရှိပါတယ် :D ကျွန်တော်ကတော့ google မှာအချိန်ပေးရမှာမယ့်အစား script နဲ့ရှာလိုက်ပါတယ် google နဲ့ရှာရင်တွေ့နိုင်တယ် ဒါပေမယ့် အဲဒီ အတွက်ကိုအချိန်မပေးနိုင်တာနဲ့ ကွန်မကောင်းလို့ မရှာတော့ဘူးဗျ အခု script နဲ့ရှာလိုက်တော့ အဆင်ပြေသွားတာပေါ့နော် ;) ကျွန်တော်တော့ ကြိုက်တယ် မသိဘူး မရဘူးပဲ Window နဲ့လဲ သုံးလို့ရပါတယ် ဘယ်လိုသုံးရမလဲဆိုတော့ က perl ကိုအရင်ဆုံး ဒေါင်းပြီးတော့ ကွန်ပျူတာမှာ Install လုပ်လိုက်ပေါ့ ပြီးရင်တော့ ကျွန်တော်ပေးတဲ့ ကောင်လေးကို C:\ ထဲကိုသွားထည့်လိုက်ပါ ။ ပြီးရင် Win + R cmd လို့ရိုက်လိုက်ရင် cmd  လေးပေါ်လာလိမ့်မယ် ရှင်းသွားတာပဲနော်ဟီး ဘာပဲဖြစ်ဖြစ် အဲလိုရောက်ပြီဆိုရင်တော့
cd C:\script 
C:\ ဆိုတာကတော့ Localdisk ကိုပြောတာပါ script ဆိုတာကတော့ Folder ပေါ့ မရှိဘူးဆိုရင်အသစ်ဆောက်ပြီး ကျွန်တော် ပေးတဲ့ script ကိုသိမ်းလိုက်ပါ ။ အိုခေပြီးရင်တော့ ဘယ်လိုလုပ်ရမလဲဆိုတော့
admin.pl
အဲလိုလေးရိုက်လိုက်ရင်အဆင်ပြေပြီပေါ့နော် အဲဒါဆိုဘယ်လိုဆက်လုပ်ရမလဲဆိုတော့ က ...
==| > လေးမှာ ကိုယ်ရှာချင်တဲ့ ဆိုဒ်လိပ်စာကိုသာ ထည့်ပေးလိုက်ပေါ့ အဲဒါဆိုရင် ရှိရင် ရှိတယ် မရှိရင်မရှိဘူးဆိုတာကို စစ်ရင်းလဲဖော်ပြပေးမယ် နောက်တော့ စစ်လို့ တွေ့တယ်ဆိုရင် အောက်ဆုံးမှာ တွေ့တဲ့ဆိုဒ်တွေကို ချပြပေးပါလိမ့်မယ် ဒီလောက်ဆိုရင်စမ်းသုံးကြည့်ကြပေါ့ဗျာ ;)
တခြား linux မှာသုံးမယ်ဆိုရင်တော့ Desktop မှာ file ကိုသွားထားလိုက်ပေါ့နော်Terminal ထဲမှာတော့

cd Desktop
perl admin.pl

ပါပဲဗျာ

Download Here

Read more »

How to Download Torrent file with IDM

 
ဒီနည်းလမ်းကို Blog တော်တော်များများမှာ ရေးထားတာတွေ့ရပါတယ်။ ကျွန်တော်ကတော့ ဖိုင်တစ်ခုလိုနေတာနဲ့စမ်းရင်း ခုမှသိတာဆိုပါတော့။ နည်းလမ်းကတော့ လွယ်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ ခုနည်းက 1GB ကျော်တဲ့ဖိုင်တွေကိုတော့ ဒေါင်းလို့ရမှာမဟုတ်ဘူးဗျ။ 1GB အောက်ဆိုရင်တော့ အဆင်ပြေပါလိမ့်မယ်။ ပုံမှန်ဆို torrent file တွေကို utorrent လို torrent client ကနေဒေါင်းရင်အရမ်းကြာတယ်။ 1GB အထက်ဆိုရင်တော့ uTorrent တွေနဲ့သာအဆင်ပြေပါလိမ့်မယ်။ အရင်ဆုံး ဒီ မှာ သွားပြီး Register လုပ်လိုက်ဗျာ။ ကိုယ်လိုချင်တဲ့ torrent file ကိုတော့ torrent site တွေမှာရှာလိုက်ပါ။ ကျွန်တော်ကတော့ http://thepiratebay.sx မှာပဲ ခုလို ရှာလိုက်ပါတယ်

လိုချင်တဲ့ဖိုင်ကိုတွေ့ရင် Torrent Download link ကိုခုလို Download button ကိုကလစ်ပြီး ကော်ပီကူးလိုက်ပါမယ်။

ပြီးရင် http://www.zbigz.com ကိုသွားပြီး ခုနကကော်ပီးထားတဲ့လင့်ကို paste လိုက်ပါ။ နောက် Go ပေါ့။
Free ကိုပဲရွေးပေးလိုက်ပါ။ Premium မှမသုံးနိုင်တာ :D
Cache Complete ဖြစ်တဲ့အထိခဏစောင့်ပေးလိုက်ပါ။ ပြီးရင် အောက်နားကအနီနဲ့ဝိုင်းထားတဲ့ Download ဆိုတာကိုနှိပ်ပေးလိုက်ရင် IDM နဲ့ Download လုပ်သွားပါလိမ့်မယ်။


Other Useful Links: 

Read more »

11/01/2013

Shell Upload in Wordpress 2nd Method

ကျွန်တော်တို့ wp မှာ plugin ကနေလည်း shell upload လုပ်လို့ရပါတယ်။ ကျွန်တော်လည်းအစကမသိဘူး။ ကျွန်တော်ကတော့ လက်ရှိဟတ်ထားတဲ့ site ကနေ နမူနာထားပြီး ပြပါမယ်။ ဟီး :D အရင်ဆုံး wp.zip လေးကိုအရင်ဒေါင်းထားလိုက်ပါ။ အထဲမှာ instoll.php ဆိုတာရှိတယ်။ အဲဒီထဲက php code တွေကို shell code နဲ့အစားထိုးပြီး သိမ်းထားလိုက်ပါ။
အိုခီ ထုံးစံအတိုင်း wp ထဲကို login ဝင်မယ်ဗျာ။ အထဲမှာ Plugins ဆိုတာကိုကလစ်လိုက်မယ်။ Add New>Upload ကနေ ခုနက shell code အစားထိုးပြီးပြင်ထားတဲ့ wp.zip ကိုရွေးပေးလိုက်ပါ။
ပြီးရင် Install Now ဆိုရင် ရပါပြီ။


ကဲ shell link ခေါ်မယ်။ someone.com/wp-content/plugins/stats/instoll.php ဆိုပြီး။ ကျွန်တော်သုံးတဲ့ shell က 404 shell ဖြစ်လို့ ခုလိုပေါ်တာပါ။ Tab key တစ်ချက်နှိပ်လိုက်ရင်
password တောင်းပါမယ်။


အိုခီ password ကိုရိုက်ပြီးဝင်လိုက်ရင် အောက်ကလို shell ကိုမြင်ရပါပြီခင်ဗျ။ ဟီး :D

Read more »

OWASP Mantra Security Toolkit

OWASP ရဲ့နောက်ထပ် open source project တစ်ခုပါ။ ဒီကောင်ကတော့ Windows, linux, Mac စတဲ့ platform 3 ခုထိတောင် Support လုပ်ပါတယ်။ Browser-base Security Framework တစ်ခုပါ။ စမ်းမယ်ဆိုရင် ဒီ မှာသွားပြီးဒေါင်းနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 100 MB ကျော်တယ်ဗျို့။ အသေးစိတ်လေ့လာချင်ရင်တော့ ဒီ မှာသွားပြီးလေ့လာလို့ရပါတယ်။

Read more »

10/31/2013

Dropbox in Kali Linux

  
Kali မှာ Dropbox ကိုသုံးချင်တယ်ဆိုရင် အောက်ကလိုလုပ်လိုက်ရင် ရပါတယ်။ လိုအပ်တဲ့ဖိုင်ကို မိမိတို့ Kali version(32 or 64) ပေါ်မူတည်ပြီးဒေါင်းလိုက်ပါ။


Installation:
Terminal မှာ
dpkg -i  dropbox_1.6.0_i386.deb

 Ok ကိုနှိပ်ပြီး
Terminal မှာ dropbox start -i လို့ ရိုက်ပေးရပါမယ်။ အောက်ကလို မြင်ရပါမယ်။
 ဒီအဆင့်မှာတော့ နည်းနည်းကြာလိမ့်မယ်။ Conection ပေါ်မူတည်ပြီ။ အဆင်ပြေပြီဆိုရင် အောက်ကလို အကောင့်ထဲဝင်ပြီး သုံးလို့ရပါပြီ။


Credit: Madleets
Read more »

Ubuntu 14.04 Codename: Trusty Tahr

Ubuntu ကိုသဘောကျတဲ့သူများရှိနေလားမသိဘူး။ ကျွန်တော်ကတော့ Ubuntu ကိုသဘောကျပါတယ်။ ဒါပေမယ့် မသုံးပါဘူး။ :D ပြောရရင် Ubuntu ရဲ့ UI style ကိုသဘောကျလို့ပါ။ မကောင်းတာက plugin တွေသွင်းခိုင်းတာပါပဲ။ ကွန်နက်ရှင်ကောင်းရင်တော့ မဆိုးဘူးပေါ့။ ကဲ ထားပါတော့ Ubuntu မကောင်းကြောင်းပဲပြောနေသလိုဖြစ်နေပြီ။ ဟိုတလောက Ubuntu 13.10 ကိုထုတ်တာသိကြမှာပါ။ အခု Ubuntu 14.04 ကို Release လုပ်မှာတဲ့။ နာမည်ကိုတော့ Trusty Tahr လို့ပေးထားပါတယ်။ Ubuntu 13.10 တုန်းကတော့ Saucy လို့မှည့်ထားတာဖြစ်ပါတယ်။ တကယ် ပွဲထုတ်မယ့်ရက်ကတော့ 17, April 2014 မှာပါ။ ဗားရှင်းအသစ်မှာ ဘာတွေထူးခြားလာမလဲဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်။ Current Project ကိုလေ့လာချင်တယ်ဆိုရင် ဒီ မှာကြည့်လို့ရပါတယ်။ Release လုပ်မယ့် Date ကအောက်ပါအတိုင်းဖြစ်ပါတယ်။

The schedule of the release of Ubuntu 14.04 Trusty Tahr
  • 19th December - Alpha 1 (Not for Public)
  • 23rd January - Alpha 2 (Not for Public)
  • 27th February - Beta 1 (Not for Public)
  • 27th March - Final Beta
  • 10th April - Release Candidate
  • 17th April - Final Release


Read more »

Drupal Installation Guide in Localhost

Drupal Site တစ်ခုကို localhost မှာ Install လုပ်နည်းရေးထားတဲ့စာအုပ်လေးပါခင်ဗျ။ စိတ်ဝင်စားတယ်၊ မလုပ်တတ်ဘူးထင်ရင် ဒေါင်းနိုင်ပါတယ်။ အဆင်ပြေကြပါစေခင်ဗျ။ :D

Download: Rghost Solidfiles
Read more »

10/28/2013

Easy Kali Vs kaais For Your Kali Life

ကျွန်တော် ကတော့ ဟိုဟာပါ ဒီဟာပါ မပြောခင် လေး အရင်ဦးဆုံး ဒီဆိုဒ်ကိုလာလည်တဲ့လူတွေ အားပေးတဲ့လူတွေအထဲမှာ Kali Linux သုံးတဲ့လူတွေများရှိသလားတော့မသိဘူးဗျ ရှိတဲ့လူဆိုရင်တော့ အဆင်ပြေသွားစေရပါမယ် command line အရမ်းမသုံးတက်တဲ့လူတွေတောင်နားလည်သဘောပေါက်သွားပါလိမ့်မယ်။ အဲဒီကောင်လေးကတော့ တခုကတော့ စစသွင်းခြင်း မြန်မာစာမှန်ဖို့အတွက်ပေါ့ နောက်တခုကတော့ လိုအပ်တာတွေသွင်းဖို့ပါ မလိုအပ်ဘူး မသုံးတဲ့လူတွေအတွက်တော့မလိုအပ်ဘူးပေါ့ ဗျာ ;) ကျွန်တော်က စာသိပ်မရေးတက်ဘူးဗျ အဲဒီအတွက် အမှားတွေပါကောင်းပါနိုင်တယ် အဲဒီအတွက် ကြိုပြီးခွင့်လွှတ်ပေးပါလို့ ။ အိုခေစကြမယ်နော် အရင်ဦးဆုံး မိတ်ဆက်ပေးချင်တာကတော့ Ghost Area က ထုတ်တဲ့ ကောင်လေးပါပဲ အရမ်းမိုက်တယ် မြန်မာစာကိုလုံးဝ မှန်တယ် တခြားနည်းတွေက မမှန်ခဲ့ဘူး အဲဒီနည်းနဲ့မှပဲ ကျွန်တော်မှန်သွားတယ်ဗျ အရမ်းမိုက်တယ် ;) သူ့ကိုဘယ်လိုသုံးရမလဲဆိုတော့က ... အရင်ဦးဆုံး Ghost Area ကနေပြီးတော့ဒေါင်းလိုက်ပါ ဒေါင်းလုပ်က အဲဒီက လုပ်ရင်သေချာဆုံးမလို့ပါပဲဗျာ ။ ဒေါင်းပြီရင် အခုဒီစာကိုအရင်ဖတ်ပေါ့ဗျာ မဟုတ်ရင် ဟိုဘက်မှာ မြန်မာဖောင့်မသွင်းထားရသေးတော့ နည်းနည်းလေး ကကိသလောက်ဖြစ်နေလိမ့်မယ်ဗျ ... အရင်ဒေါင်းပြီးရင် Window မှာဆိုတော့အရင်ဖြည်ခဲ့လိုက်ပေါ့ မဟုတ်ရင်လဲ Kali မှာဆိုရင်တော့ အဲဒီကောင်လေးကို Desktop ကိုကူးလိုက်ပါ ။ ကူးပြီးရင် Terminal ကိုဖွင့်ပြီး အလုပ်စလုပ်ကြတာပေါ့နော် ...kk Terminal ထဲမှာ လုပ်ရမှာကတော့ ...

root@404:~# cd Desktop
အဲဒါကတော့ Desktop ကိုသွားတဲ့လမ်းကြောင်းပေါ့ မဖြည်ရသေးရင်တော့ Terminal ထဲမှာ

root@404:~/Desktop # tar xvf GhostArea.tar.gz
အဲဒါကတော့ File ဖြည်လိုက်တာပါပဲဗျာ အိုခေ ဖြေပြီးရင်တော့

root@404:~/Desktop # cd GhostArea
အဲဒီကောင်ကတော့ GhostArea ထဲကို သွားမယ်လို့ပြောတာပါ ။ အိုခေ ဒလောက်ဆိုရင်တော့ နည်းနည်းခရီးပေါက်နေပြီဗျ အဲအထဲမှာ ဘာတွေရှိတယ်ဆိုတာသိချင်ရင်တော့ Terminal ထဲမှာ

root@404:~/Desktop # ls


List ထုတ်ပြပါဆိုပြီးတော့ ပြောတာပေါ့နော် အိုခေ အဲဒီထဲမှာရှိတာတွေကျလာလိမ့်မယ် ။ အဲလိုရှိတဲ့အထဲကမှ

root@404:~/Desktop/GhostArea # chmod +x easy_kali.sh
easy_kali.sh ကို permission ဖွင့်ပေးလိုက်တာပေါ့နော် အိုခေ ထပ်ပြောမယ်ဗျာ Terminal ထဲမှာပဲ ...

root@404:~/Desktop/GhostArea # ./easy_kali.sh




အဲဒါကတော့ Install လုပ်မယ်လို့ပြောတာပေါ့နော် ။ Install လုပ်ပြီးသွားရင်တော့ အပေါ်ဆုံး ဒေါင့်လေးမှာရှိတဲ့ Applications => GhostArea => Easy Kali => EasyKali အဲလိုဆိုရင်တော့အဆင်ပြေပြီပေါ့နော် ဘယ်လိုသုံးရမလဲဆိုတော့ ကိုယ်က Install လုပ်ချင်တာ သုံးချင်တဲ့ဟာတွေကို နံပါတ်စဉ်ပေးထားပါတယ် အဲဒီဟာကို နှိပ်လိုက်ရင်တော့ Install လုပ်ပေးသွားပါလိမ့်မယ် အဲဒီထဲက အဆင့်တွေအတိုင်းပဲပေါ့ဗျာ :) အဲဒီဟာကတော့ မြန်မာ က Ghost Area Team Develop လုပ်ထားတဲ့ကောင်ပေါ့နော် ။ အခုတော့ နိုင်ငံခြားက ကျွန်တော့်အကောင့်ထဲက ဖွဘုတ်ပြောပါတယ် သူလုပ်ထားတဲ့ဟာလေးကတော့ အရမ်းမိုက်တယ်ဗျ :) တော်တော်များများကို Install လုပ်နိုင်အောင်လုပ်ထားတယ် :D အဲကောင်လေး နာမည်ကတော့ kaais တဲ့အရမ်းကြိုက်တယ် ကျွန်တော် Kali သုံးနေရ သမျှကတော့ အဲဒါတွေကိုပဲသုံးသွားမှာ အရမ်းကိုမိုက်တယ်ဗျ အဲဒီကောင်လေးသုံးရင် ဘာအရင်ဆုံးလုပ်လဲဆိုတော့ Connection ရှိမရှိ နောက်တော့ Update လုပ်မလုပ်ပေါ့ Update လုပ်ရင်သူကမေးတာကို yes or no ရှိတယ် လုပ်ချင်ရင်တော့ Yes ပါ မလုပ်ဘူးဆိုရင်တော့ No ပေါ့ ^_^ လွယ်တယ်နော် ဟီး အိုခေ သူ့ကတော့ အပေါ်က ကျွန်တော်ပြောထားတဲ့ Ghost Area ကရေးထားတဲ့ဟာလေးအတိုင်းပဲ လွယ်ကူပါတယ်ဗျာ သူကတော့ File တခုထဲဆိုတော့ Extract လုပ်စရာမလိုဘူးပေါ့ သူ့ကိုတော့ Terminal ထဲမှာ

root@404:~/Desktop # chmod +x kaaisv3.sh
ပါ ပြီးရင်တော့ ဘယ်လို run ရမလဲဆိုတော့က

root@404:~/Desktop # ./kaaisv3.sh
အဲလို run လိုက်ရင်ရပါပြီဗျာ ။ သူကလဲနံပါတ်စဉ်တွေနဲ့ဆိုတော့ အလွယ်တကူလုပ်လို့ရတာပေါ့နော် ;)အားလုံးအဆင်ပြေလိမ့်မယ်လို့တော့ ကျွန်တော် ထင်ပါတယ်ဗျာ ကျွန်တော်ကိုယ်တိုင်းစမ်းသပ်ချက်အရပြန်လည်ဝေမျှလိုက်ပါတယ်ဗျာ :D root@404 ဆိုတာကတော့ root computer name ကို ပြောတာပါ အဲဒါက Terninal ထဲဟာပါ ထည့်ရိုက်စရာမလိုအပ်ပါဘူးဗျာ ။ Download ကိုတော့ အောက်ဆုံးမှာလုပ်လိုက်ပါ ။

Easy Kali Download : Here
Kaaisv Download : Here

အားလုံးအဆင်ပြေမယ်တော့ထင်ဒါပါပဲဗျာ ကျွန်တော်ကတော့ တော်တော်အသုံးဝင်တယ် ဟီး
Read more »

Web-Sorrow v1.5.0 (security scanner for the information disclosure and fingerprinting phases of pentesting)

Perl Language နဲ့ရေးထားတဲ့ Tool လေးတစ်ခုပါ။  ဒီကောင်က ပုံမှာမြင်ရတဲ့အတိုင်း website တွေကို Scan ပေးမှာပါ။  ဒါကြောင့် windows သမားတွေကတော့ Perl ကိုသွင်းထားရပါမယ်။ အဲဒီအတွက် Active Perl ဆိုတာကိုသွင်းထားရင် အဆင်ပြေပါတယ်။ Active perl ကိုအင်စတော့လုပ်ထားရင် C:\Perl ဆိုတဲ့ Directory တစ်ခုရှိလာပါမယ်။ အဲဒီ Directory မှာဒေါင်းထားတဲ့ဖိုင်ကို (တကယ်လို့ Zip ဖိုင်ဆိုရင်ဖြည်ပေးလိုက်ပေါ့) extract ပြီး ထားလိုက်ပါ။ ဥပမာ C:\Perl\Something ပေါ့။ ကျွန်တော်ကတော့ C:\Perl ထဲမှာ extract လုပ်ထားတော့ CMD မှာ ခုလို dir change လိုက်ပါမယ်။

အသုံးပြုနည်းကိုတော့  ဒီ မှာအသေးစိတ်လေ့လာလို့ရပါတယ်။ ကျွန်တော်ကတော့ ခုလို Google ကို scan ကြည့်လိုက်ပါတယ်။ အဆင်တော့ မပြေဘူးပေါ့။ အသေးစိတ်ကို ကိုယ့်ဘာသာကလိပေါ့ဗျာ။ login page ကိုရှာတာတို့ အများကြီးပါတယ်။ အိုကေ။ စမ်းမယ်ဆိုရင် အောက်ကနေဒေါင်းလိုက်ဗျာ။

Basic overview of capabilities:

Web Services: a CMS and it's version number, Social media widgets and buttons, Hosting provider, CMS plugins, and favicon fingerprints
Authentication areas: logins, admin logins, email webapps
Bruteforce: Subdomains, Files and Directories
Stealth: with -ninja you can gather valuable info on the target with as few as 6 requests, with -shadow you can request pages via google cache instead of from the host
AND MORE: Sensitive files, default files, source disclosure, directory indexing, banner grabbing (see below for full capabilities)


Download: Direct Mirror

Read more »

Proxy ဆိုတာဘာလဲ

အခုဒီ post မှာတော့ Proxy ဆိုတာဘာလဲ ဘယ်လိုအသုံးဝင်သလဲ ဆိုတာတွေကို ရှင်းပြပေးသွားပါမယ်။

Proxy ဆိုတာ user နဲ့  server ကြားမှာ ပေါင်းကူးပေးတာပဲ ဖြစ်ပါတယ်။

Proxy ဟာ သင့်ရဲ့  ip address ကို ပြောင်းလဲပေးခြင်း သို့ မဟုတ် sever နဲ့ ချိတ်ဆက်ဖို့ အတွက် သင့်ရဲ့  request ကို protocol ပြောင်းလဲပြီး အဲ့ဒီ server က allow ဖြစ်စေမှာဖြစ်ပါတယ်။

ဒါလေးကို အားလုံး မျက်စိထဲမြင်အောင် ဥပမာလေးနဲ့ ပြောရရင်
အဆောင်နေတဲ့ ကျောင်းသားတစ်ယောက် သူ့ အဆောင်မှာ internet access တော့ရှိတယ် ဒါပေမယ့် တစ်ချို့ site တွေ ( soical site တွေဖြစ်တဲ့ facebook, twitter ) ကိုဖွင့်လို့ မရပါဘူး။
ဒီလိုအခြေအနေမျိုးမှာ Proxy Site တစ်ခုခုရဲ့ အကူအညီယူပြီး အဲ့ဒီ ဖွင့်လို့ မရတဲ့ site တွေကို proxy မှတဆင့် access ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် Hacker တွေ Attacker တွေ ကတော့ Proxy ကို နည်းအမျိုးမျိုးနဲ့ အသုံးချတတ်ကြပါတယ်။
ဥပမာ Corporate Firewall ထဲကို firewall network ထဲမှာ ရှိနေပြီးသား victim ရဲ့  IP ကို imitating လုပ်ခြင်းဖြင့်  Corporate Firewall ထဲကို ၀င်ရောက်လေ့ရှိပါတယ်။

အောက်ကပုံကတော့ Proxy Server တစ်ခု အလုပ်လုပ်ပုံကို အကြမ်းဖြင်း ပြထားတာပဲဖြစ်ပါတယ်။



ဒါကတော့ Example of Proxy Site ပါ။ http://3night.3owl.com/

Uses of Proxy. 

1. using caching
2. can be used to be anonymous
3. to bypass parental control of pc.
4. to avoid internet filtering to access content
5. to scan transmitted content for malware before delivery
6. used by people using internet for illegal purposes.

Read more »