10/08/2013

HTTrack Website Copier

ဒါကတော့ ဆိုဒ်တစ်ခုလုံးကို Offline မှာဖတ်လို့ရအောင် လုပ်ပေးမယ့် Tool လေးတစ်ခုဖြစ်ပါတယ်။ Tool ကသေးပေမယ့် တကယ်အသုံးလိုအပ်တဲ့အခါ အများကြီးအသုံးဝင်ပါလိမ့်မယ်။ ဥပမာ ကိုယ်က အဲဒီဆိုဒ်ကပို့စ်တွေအကုန်လုံးကိုစိတ်ဝင်စားလို့ ဆိုဒ်တစ်ခုလုံးသိမ်းထားချင်တယ်ဆိုရင် ဒီကောင်လေးနဲ့ page တွေအကုန် download ဆွဲချလိုက်ရုံပါပဲ။ အဲဒီ ဆိုဒ်ရဲ့ page တွေပေါ်မူတည်ပြီး download ဆွဲရတဲ့အချိန်တော့ ကွဲပြားသွားပါလိမ့်မယ်။ page တွေတစ်ခုချင်းလိုက်ပြီး မဆွဲချင်ဘူးဆိုရင်ပေါ့။ စိတ်ဝင်စားတယ်ဆိုရင် မူရင်းလင့်ဖြစ်တဲ့  http://httrack.com မှာသွားပြီးယူလိုက်ပါ။ Windows, Linux စတဲ့ platform တွေကို Support လုပ်ပါတယ်။

Read more »

10/07/2013

OWASP Pen-testing Lab (Ebook Myanmar Version)

OWASP  Pen-testing Lab တစ်ခုကို Install လုပ်နည်းရေးထားတဲ့စာအုပ်လေးတစ်ခုပါ။ ကျွန်တော်အရင်က MSYS က Moe TAin ရေးထားတဲ့ DVWA Hacking ဆိုတဲ့စာအုပ်တင်ပေးဖူးပါတယ်။
အခုလည်း အဲလိုပုံစံ Pen-testing Lab တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် အသေးစိတ်လေ့လာချင်ရင် DVWA Hacking စာအုပ်ကိုပြန်ရှာပြီးဖတ်ပါလို့အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့
ကျွန်တော်အခုတင်ပေးတဲ့စာအုပ်မှာ Installation ပိုင်းကိုသာဖော်ပြထားလို့ပါ။ စိတ်ဝင်စားသူများ ကလိလို့ရအောင် ပြန်ရှယ်ပေးတဲ့သဘောပါပဲ။ လိုအပ်တဲ့ Tool တွေကို ebook ထဲမှာ လင့်ပေးထားပါတယ်။
ဒေါင်းမရဘူးဆိုရင် ကျွန်တော်နောက်မှ လိုအပ်တဲ့ဖိုင်တွေကို ပြန်တင်ပေးပါမယ်။ အခုတော့ ကွန်က ဘယ်လိုမှအဆင်မပြေလို့ပါ။ စိတ်ဝင်စားတယ်ဆိုရင် ဒေါင်းနိုင်ပါပြီ။ အဆင်ပြေကြပါစေဗျာ။



Download: Mirrorcreator Solidfiles Mediafire
Read more »

10/04/2013

FCKEditor File Upload Vul

Vul တစ်ခုပါ။ ကြာပြီထင်ပါတယ်။ ဗားရှင်း 2 လားမသိဘူး။ အဲဒီဗားရှင်းဆိုရင် php code တွေထည့်ပြီး admin access တောင်ရနိုင်ပါသတဲ့။ ဒါပေမယ့် patch လုပ်ထားပြီလားမသိပါဘူး။ အာ့ကြောင့် မရတာကများမှာပါ။ php file တွေကိုက လက်မခံပါဘူး။ php file တင်လို့ရမှာ shell တွေတင်လို့ရမှာကိုး။ ဟီး။ ဒီကောင်ကတော့ txt, jgp လို image file, text file တွေကိုတော့လက်ခံပါတယ်။ အပြင်းပြေဗဟုသုတအဖြစ် စမ်းကြည့်ပေါ့ဗျာ။ မသိရင် Deface တင်သလိုလိုနဲ့လူရှိန်တာပေါ့။ :D

Google မှာအပေါ်ကပုံအတိုင်း Dork လေးအသုံးပြုပါမယ်။ 
Google Dork>> intitle:"FCKeditor - Uploaders Tests"
ကျလာတဲ့ဆိုဒ်တွေထဲက txt file တွေတင်လို့ရမယ့်တစ်ခုခုကိုစမ်းကြည့်ပေါ့။ Text file ထဲမှာကိုယ်စိတ်ကြိုက်စာသားတွေရေးနိုင်ပါတယ်။ Hack By ဘာညာဆိုပြီး။ :D


ရလာတဲ့ဆိုဒ်တစ်ခုမှာ PHP ကိုရွေးပြီး Browse ကနေ text ဖိုင်တစ်ခုကို upload တင်လိုက်ပါ။


URL ကိုခေါ်လိုက်တာနဲ့ အောက်ကလိုဖြစ်လာပါမယ်။ မသိရင်တော့ ဟတ်ထားတယ်ပေါ့။ :D


အနည်းဆုံးတော့ အပျင်းပြေ စမ်းကြည့်ပေါ့ဗျာ။
Read more »

10/01/2013

What is shell and how to use it?

ထုံးစံအတိုင်း ဆရာသမားတွေကတော့ မသိချင်ယောင်ဆောင်ပေးကြပါ။ ဟီးဟီး။ ကျွန်တော်ပို့စ်ရေးစရာ ရှာမတွေ့လို့ပါ။ shell ဆိုတာဘာလဲပေါ့။ MSF Forum မှာ bro တစ်ယောင်ဝင်ရေးထားတာတွေ့လို့ ဗဟုသုတအဖြစ်ပြန်ရေးလိုက်ပါတယ်။ ဆိုဒ်တစ်ခုရဲ့ admin access ရပြီဆိုတာနဲ့ ကျွန်တော်တို့ shell တွေတင်လို့ရပါတယ်။ shell ဆိုတာကတော့ php file လေးတစ်ခုပါပဲ။ shell တင်ပြီးရင် ကျွန်တော်တို့ အောက်ကဟာတွေလုပ်လို့ရပါတယ်။ လုပ်နိုင်တာတွေကတော့ တော်တော်များပါတယ်။ 

၁။ shell တင်ပြီးတာနဲ့ အရင်ဆုံးလုပ်ဖြစ်မှာကတော့ deface တင်မယ်ထင်ပါတယ်။ :D ပြောရရင် shell တင်ထားတဲ့ဆိုဒ်ရဲ့ index ဖိုင်တွေကိုဖျက်ဆီးနိုင်ပါတယ်။ ဒါမှမဟုတ် ပြောင်းပစ်လိုက်လို့ရပါတယ်။ 

၂။ shell အမျိုးမျိုးအစားပေါ်မူတည်ပြီး ကျွန်တော်တို့ shell ကနေ ddos တိုက်လို့ရမယ်။ symlink လုပ်လို့ရမယ်။ 

၃။ server တွေကို root လုပ်လို့ရမယ်။ root ရရင် အဲဒီဆာဗာပေါ်က ဆိုဒ်တွေအားလုံးကို ထိန်းချုပ်နိုင်သွားပါလိမ့်မယ်။ ဆိုဒ် ၅၀၀ ရှိရင် ၅၀၀ စလုံးဆိုတော့ တော်တ်ာကြောက်စရာကောင်းတယ်။ ဒါပေမယ့် root လုပ်နိုင်တာက linux server တွေမှရပါမယ်။ Windows server တွေပေါ်မှာ ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ windows မှာ root ဆိုတာမပါလို့ပါပဲ။ :D

၎။ shell တင်ပြီးတာနဲ့ ကျွန်တော်တို့လုပ်နိုင်တဲ့နောက်တစ်ခုကတော့ အဲဒီဆိုဒ်ကနေ ကျွန်တော်တို့ file hosting လုပ်လို့ရပါတယ်။ ခင်ဗျားတင်ချင်တာတင်ပေါ့။ free hosting တွေကို ခဏမေ့ထားလို့ရပြီ။ ပိုက်ဆံလည်းမကုန်ဘူး။ ဟီး။ ဒါပေမယ့် Owner က shell ကိုဖျက်လိုက်ရင်တော့ အခြား hosting ကိုပြန်ပြောင်းပေါ့။ :D

Ref: MSF, Google


Read more »

9/30/2013

Laptop Battery ကိုကြာရှည်စေမယ့် ရှောင်ရန်/ဆောင်ရန်နည်းလမ်းများ

Laptop တွေဆိုတာ ကျွန်တော်တို့လူတွေရဲ့ဘဝမှာ အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ အများဆုံးသုံးတဲ့နေရာကတော့ အင်တာနက်သုံးတဲ့နေရာမှာဖြစ်ပြီးတော့ လုပ်ငန်းခွင်မှာရော
အသုံးပြုကြပါတယ်။ ဒါပေမယ့် ခင်ဗျားအပါအဝင်လူတိုင်းနီးပါးဟာ လက်တော့ Adapter ကို Plug ထိုးပြီးဆက်တိုက်သုံးကောင်းသုံးနေပါလိမ့်မယ်။ ဒီလိုလုပ်တာကိုအခုချက်ချင်းရပ်လိုက်ပါ။

ခင်ဗျားအနေနဲ့ လက်တော့ Battery ကိုကြာရှည်သက်တမ်းခံချင်ရင် ဘက်ထရီ 100% မရောက်ခင် plug ဖြတ်ပြီးသုံးသင့်ပါတယ်။ ဒါက ခင်ဗျားရဲ့ lithium-polymer battery ကိုသက်တမ်း ကြာရှည်စေမှာဖြစ်လို့ပါပဲ။

Cadex Electronics က CEO ဖြစ်တဲ့ Buchmann ရဲပြောကြားချက်အရ လက်တော့အသုံးပြုရင် ဘက်ထရီကို 80% ရောက်တာနဲ့ plug ဖြုတ်ပြီး 40% ရောက်တဲ့အထိပဲ အသုံးပြုသင့်တယ်လို့
အကြုံပေးပါတယ်။ ဒါက ခင်ဗျား ဘက်ထရီကို ပုံမှန်ထက် ၆ ဆထိတောင် သက်တမ်းပိုမိုကြာရှည်စေမှာဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ lithium-polymer battery တွေမှာရှိတဲ့ cellတွေဟာ Voltage level နဲ့ပတ်သက်နေလို့ပါ။  ဘတ်ထရီက charge (အားသွင်းတာ) များလေလေ voltage level လည်းများလေလေပါပဲ။ Voltage မှာ cell တွေများများစုလေလေ ဘက်ထရီမှာလည်း stress တွေများနေမှာဖြစ်ပါတယ်။ ဝန်ပိသလိုပေါ့ဗျာ။ အဲဒီ stress က ဘက်ထရီရဲ့ discharge cycle ကိုလျောနည်းစေပါတယ်။ ဥပမာ ဘက်ထရီက 100% ထိအားသွင်းနေချိန်မှာ discharge cycles က 300-500 ထိသာရှိပြီး 70% အားသွင်းချိန်မှာ 1200-2000 ထိ discharge cycles ထိရရှိမှာဖြစ်ပါတယ်။

ဘက်ထရီဆိုတာမျိုးကတော့ သဘာဝအရ စွမ်းဆောင်ရည် တဖြည်းဖြည်းကျဆင်းစမြဲပါ။ ဒါကတော့ အမှန်ပါ။ လက်တော့ ဝယ်ခါစက ဘက်ထရီသက်တမ်းက 7 နာရီဆိုပါစို့၊ တစ်နှစ်လောက်အသုံးပြုပြီးရင်
7 နာရီမရတော့ပါဘူး။ ဒါပေမယ့် ဘက်ထရီက ပူနေတာများရင် ဘက်ထရီသက်တမ်းကို ပိုပြီး တိုစေပါလိမ့်မယ်။ တအားပူနေရင် cell တွေထဲမှာ ကွဲအက်နိုင်တဲ့အထိတောင်ဖြစ်နိုင်ပါတယ်။
အပူတွေတအားများတဲ့အခါ ဘက်ထရီက အားသွင်းရင် မြန်မြန်ဆန်ဆန် အားမဝင်တော့တဲ့အထိတောင် တွေ့ရှိရတယ်လို့ iFixit ရဲ့ Kyle Wiens ကပြောပါတယ်။

Buchmann အကြုံပေးတာကတော့ ဘက်ထရီသက်တမ်းကို တတ်နိုင်သမျှ ကြာရှည်စေချင်ရင် လက်တော့သုံးရင် ဘက်ထရီကို 80% ကနေ 40% ကြားမှာပဲအသုံးပြုပါလို့ဆိုပါတယ်။ ခုချိန်ထိတော့
Windows ရော Mac ရော လက်တော့ဘက်ထရီ 80%, 40% ရောက်ရင် user တွေကို alert ပေးတဲ့ စနစ်ကိုမထည့်ထားသေးပါဘူး။ ဒီတော့ ခင်ဗျားအနေနဲ့ ဘက်ထရီ 40% ကနေ 80% ကိုရောက်ဖို့ 
ကြာတဲ့အချိန် ဒါမှမဟုတ် 80% ကနေ 40% ရောက်တဲ့အချိန်ကို မှတ်ထားပြီး ပျမ်းမျှကြာချိန်ကိုမှတ်ထားပါ။ ပြီးရင် Timer တစ်ခုထားပြီး ဘက်ထရီကို plug/unplug လုပ်ပါလို့အကြုံပေးထားပါတယ်။ 
တကယ်လို့ ခင်ဗျားအနေနဲ့ ခရီးရှည်တစ်ခုသွားရမယ်ဆိုရင်တော့ 100% အထိအားသွင်းပေါ့လေ။ ဒါက ခင်ဗျားဘက်ထရီသက်တမ်းကို ကြာရှည်စေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီးတော့ ဒါဟာ ထိုက်တန်ပါတယ်။

ခုတလော ကျွန်တော်ဆီမှာ ကွန်နက်ရှင်က တက်လိုက်ကျလိုက်ဖြစ်နေတာ။ အဲဒါနဲ့ ကွန်ကောင်းတုန်းလေး စိတ်ဝင်စားစ၊ရာ ဆောင်းပါးတွေကိုလိုက်ကြည့်ရင်း save ပြီး Offline မှာပြန်ကြည့်ရင်း ဒီလိုဆောင်းပါးပုံစံရေးလိုက်တာ။ ဘာပြောပြော ကျွန်တော်ရဲ့ပို့စ်လေးက စိတ်ဝင်စားစရာကောင်းပြီး သတိထားစရာအသိတစ်ခုတိုးသွားမယ်ဆိုရင် ကျွန်တော်ကြိုးစားပြီး ရေးပေးရကျိုးနပ်မှာပါ။


Ref: wired.com
Read more »

Top 5 Firefox Add-on for Proxy

Firefox ဆိုတာကတော့ ကျွန်တော်တို့အတွက်တော့ Friendly ဖြစ်ပြီး Default Browser တစ်ခုလို့တောင် ထင်မှတ်မိပါတယ်။ :D သူရဲ့ Security တွေကလည်းမြင့်ပါတယ်။ ဒီတော့ Firefox လေးသုံးပြီး Add-on တွေဖြည့်စွက်လိုက်ရင် အင်တာနက်မှာ Hide IP လိုဆော့ဝဲလ်တွေသုံးစရာမလိုပဲ Anonymously သွားလို့ရပါတယ်။ ဒါကတော့ hackingsec.in မှာရေးထားတာလေးကို ပြန်ရှယ်လိုက်ပါတယ်။ 

ဒီကောင်ကတော့ UK based proxy addon ပါ။ သုံးရတာလည်း လွယ်ပါတယ်။ 

ဒီကောင်ကလည်း အကောင်းဆုံး addon တစ်ခုပါပဲ။ သူက IP address leakage, cookie leakage စာတာတွေကိုကာကွယ်ပေးတယ်လို့ဆိုပါတယ်။ ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မသိ။ :D

 သူကတော့  Anonymous Proxy လိုမကပါဘူး။ Content Filtering တွေကို bypass လုပ်လို့ရပါသတဲ့။

သူကလည်း user friendly ဖြစ်တဲ့ addon လေးဖြစ်ပါတယ်။ နောက် auto proxy rotating function နဲ့အခြားသော feature တွေပါဝင်ပါတယ်။

မပြောချင်တော့ပါဘူး။ ဟီး

Addon တွေအားလုံးက Mozilla ရဲ့ Officially ထုတ်ထားတဲ့ addon တွေမို့ စိတ်ချလက်ချသုံးနိုင်ပါတယ်။ ဒီထဲက အားလုံးလည်း သုံးစရာမလိုပါဘူး။ ကိုယ်နဲ့အဆင်ပြေရာတစ်ခုကိုသုံးရင် ရပါပြီ။ အကုန်သာ install လုပ်နေရင် Firefox ကလေးနေပါလိမ့်မယ်။ ကျွန်တော်ကတော့ Anon X တစ်ခုပဲသုံးပါတယ်။ သုံးရတာလည်းလွယ်ပါတယ်။ link ကနေသွား Add to Firefox ကနေ install လုပ်ပြီး Firefox ကို Restart ချလိုက်ရင်ရပါပြီ။ မသုံးချင်ရင် Tool>Addon ကနေ Disable/Remove လုပ်လို့ရပါတယ်။ 
Read more »

အကောင်းဆုံး Free VPN Service 5 ခု

VPN ဆိုတာကတော့ Virtual Private Network ရဲ့အတိုကောက်စာလုံးပါ။ လိုရင်းတိုရှင်းပြောရရင် အင်တာနက်ကနေ ကိုယ်ရဲ့ LAN Network ကို Access ယူပြီး အင်တာနက်သုံးတဲ့သဘောပါပဲ။ ဥပမာ မိမိက လေဆိပ် ဒါမှမဟုတ် တစ်နေရာရာကိုရောက်နေမယ်။ ဒါပေမယ့် သူများ Public Wifi Zone တွေမှာ ကိုယ်ရဲ့ paypal account ကို login မလုပ်ချင်ဘူး။ အဲလိုအခြေနေမှာ ကိုယ်ရဲ့ LAN Network ကို Over Internet ကနေ Access ရယူလိုတဲ့အခါ အသုံးပြုရပါတယ်။ သူများနိုင်ငံတွေမှာတော့ Service ပေးပြီးရယူကြပါတယ်။ VPN ကိုသုံးရင် Connection တော့ နည်းနည်းလေးသွားပါမယ်။ သူများနိုင်ငံမှာတော့ ဘာမှမသိသာပါဘူး။ ကိုယ်တွေကတော့ မရတာများတယ်။ ဒါပေမယ့် အနည်းဆုံးတော့ VPN နဲ့ချိတ်လိုက်ရင် IP Change သွားပါတယ်။ ဒီတော့ အနည်းဆုံး အင်တာနက်မှာ မိမိ IP Hide ပြီးသုံးနိုင်ပါလိမ့်မယ်။ ဒီတော့ VPN တွေသုံးချင်ရင် အောက်မှာ အကောင်းဆုံးလို့ဆိုထားတဲ့ free vpn service တွေကိုဖော်ပြလိုက်ပါတယ်။ စမ်းကြည့်ပေါ့ဗျာ။

HotSpot Shield Free က နာမည်ကြီး free vpn service တစ်ခုဖြစ်ပါတယ်။ free version မှာတော့ စိတ်မသက်စရာ ကြော်ငြာတွေတော့ရှိပါမယ်။ Security အတွက်တစ်ခုတည်းနဲ့တင် သုံးသင့်တဲ့ vpn တစ်ခုဖြစ်လေတော့ မဆိုးဘူးဆိုရမှာပါပဲ။ သူ support လုပ်တဲ့ platform တွေကတော့ စုံပါတယ်။ Windows, Mac, iOS, Android တွေကို support လုပ်ပါတယ်။


Private Tunnel ကိုအသုံးပြုပြီး ကျွန်တော်တို့အနေနဲ့ US, UK, Switzerland, Canada, နဲ့ Amsterdam က vpn server တွေကိုချိတ်ပြီး သုံးနိုင်မှာဖြစ်ပါတယ်။ ဒီကောင်ကလည်း
Windows, Mac, iOS, Android platform တွေကို support လုပ်ပေးပါတယ်။


 OkayFreedom VPN ကတော့ privacy ကိုဂရုစိုက်ပေးတဲ့ vpn site ဖြစ်တဲ့အတွက် အင်တာနက်သုံးတဲ့အချိန်မှာ လုံခြုံမှုကိုရရှိစေမှာပါ။ သူလည်း American, British, French, German, or Swiss ဆာဗာတွေကို ရွေးချယ်စရာရှိပါမယ်။ စိတ်မကောင်းစရာကတော့ တစ်လကို Banwidth limit 500 MB ကန့်သတ်ထားတာပါပဲ။ ဒါပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ အမြဲတမ်း vpn server ကို connect 
မလုပ်ဘူးဆိုရင် အဆင်ပြေပါတယ်။ ဒီကောင်ကတော့ Windows တစ်ခုတည်းကိုပဲ support လုပ်ပါတယ်။


CyberGhost ကတော့ နာမည်ကြီးပါ။ ကျွန်တော်ဒီကောင်အကြောင်းအရင်က ပို့စ်ဖူးပါတယ်။ သူကတော့ တစ်လကို Bandwidth Limit က 1950 GB တောင်ပေးတာဆိုတော့ တော်တော်လေး မိုက်တယ်
ဆိုရမှာပါ။ သူဆီမှာ ဆာဗာ 200 အပြင် location ပေါင်း 19 ခုကနေသုံးနိုင်မှာဖြစ်ပါတယ်။ သူလည်း Windows တစ်ခုတည်းကိုသာ support လုပ်ပါတယ်။


JustFreeVPN ကိုတော့ US, UK, နဲ့Canada, ဆာဗာတွေနဲ့အလုပ်လုပ်ပါတယ်။ အခြားရွေးစရာမရှိပါဘူး။ ဒါပေမယ့် သူက PPTP Protocol ကိုအသုံးပြုထားတဲ့အတွက် ဒေတာစီးဆင်းမှုတွေကို
encrypt လုပ်ပေးမှာဖြစ်ပါတယ်။ 


Free VPN တွေသုံးရတာမိုက်ပါတယ်။တကယ်လို့ သင်က privacy ကိုလိုချင်တယ်ဆိုရင်ပေါ့လေ။ သာမန်အသုံးပြုမယ့်သူတွေအနေနဲ့ မသုံးစေချင်ပါဘူး။ ဘာလို့လဲဆိုတော့
ကွန်နက်ရှင်က နည်းနည်းလေးသွားမှာကိုး။ သူများဆီမှာ မသိသာပေမယ့် ကိုယ်တွေဆီမှာက လိပ်ထက်တောင်နှေးသွားမှာလေ။ မဖြစ်မနေသုံးရမယ့် သူတွေအတွက်ကတော့ အပေါ်က vpn service
တွေက ကျေနပ်စရာကောင်းမှာပါ။ ကျွန်တော်ကတော့ CyberGhost, HotSpot Shield တွေကို Recommended ပေးပါတယ်။ အခြားဟာတွေက Configuration လုပ်ရတာ လက်ပေါက်ကပ်လို့ပါ။
ကျွန်တော်လည်း လေပေါ့တာများသွားပြီ။ ဒီလောက်ဆိုရင် ရပြီထင်ပါတယ်။ :D

Ref: makeuseof






Read more »

9/28/2013

လကမ္ဘာကို ပတ်မယ့် နာဆာရဲ့ ဂြိုလ်တုမှာ Broadband Access ပါရှိမယ်

ကျွန်တော်က ဟိုစပ်စပ်ဒီစပ်စပ် စိတ်ဝင်စားတဲ့ကောင်ဖြစ်တော့ ဒီပို့စ်ရေးလိုက်တာ ဟီး။ IT နဲ့ တိုက်ရိုက်မပတ်သက်ပေမယ့် Broadand ပါတာနဲ့ ဗဟုသုတ အဖြစ်ဖတ်ကြည့်ပေါ့ဗျာ။ နာဆာဆိုတာတော့ အာကာသနဲ့ပတ်သက်ရင် အားလုံးသိပြီးသားဖြစ်မှာပါ။ ဟုတ်ပါတယ်။ ခုဆိုရင် နာဆာက လကမ္ဘာဆီကို 
ပတ်မယ့် Lunar Atmosphere and Dust Environment Explorer (LADEE) လို့ခေါ်တဲ့ Orbiter ဆီမှာ Broadband Capabilites ပါတစ်ခါတည်းသယ်ဆောင်သွားမယ်လို့ဆိုပါတယ်။ on board technology လို့ခေါ်တဲ့ two-way laser communication စနစ်နဲ့ ကမ္ဘာနဲ့ လကမ္ဘာဆီကို ဆက်သွယ်ပေးမှာပါ။

နာဆာကတော့ ဒီနည်းပညာကို အာကာသထဲမှာ သေးငယ်ပေါ့ပါးတဲ့ Telescope ကိုအသုံးပြုပြီး ကမ္ဘာနဲ့ဆက်သွယ်ပေးမှာဖြစ်ပါတယ်။ အဲဒီ telescope မှာပါတဲ့ LCD ကနေ စက္ကန့်တိုင်းမှာ millions နဲ့ချီတဲ့ လေဆာရောင်ခြည်တွေနဲ့ ကမ္ဘာက Station သုံးခုဆီကိုပို့လွတ်ပေးမှာဖြစ်ပါတယ်။ အဲဒီ Station တစ်ခုဆီက လုံးဝတိမ်ကင်းတဲ့နေရာမှာရွေးချယ်ထားပါတယ်။

ဆိုးဝါးတဲ့ ရာသီဥတုက laser signal တွေကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် အဲဒီ station သုံးခုတည်ရှိမယ့် နေရာက တစ်နှစ်ပတ်လုံးလုံးဝတိမ်ကင်းစင်နေဖို့လိုအပ်ပါတယ်။ ဒါကြောင့်လည်း Station တွေက  New Mexico, California နဲ့ Spain မှာတည်ဆောက်ထားတာ အံ့သြစရာတော့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာသုံးခုလုံးက sunny climates လို့လူသိများတာကိုး။ sunny climates ဆိုတာတော့ အခြားနေရာတွေထက်စာရင် တစ်နှစ်ပတ်လုံး တိမ်ကင်းစင်တဲ့ နေရာပါပဲ။
ဒီလိုနည်းနဲ့ ကမ္ဘာမှာရှိတဲ့ ground station ကနေ Signal တွေလက်ခံရရှိမှာဖြစ်ပါတယ်။ 

ပညာရှင်တွေပြောတာကတော့ LADEE မှာပါမယ့် လေဆာရောင်ခြည်ဟာ အနီအောက်ရောင်ခြည်နီးပါးရှိတဲ့ wavelength ကိုအသုံးပြုထားပါသတဲ့။ ဒီနည်းပညာကိုတော့
Lunar Laser Communication Demonstration လို့ခေါ်ပါတယ်။ LLCD အနေနဲ့ ကမ္ဘာကို 622 megabits per second အမြန်နှုန်းနဲ့ signal တွေကိုပေးပို့မှာဖြစ်ပါတယ်။ ဒါက လက်ရှိအသုံးပြုနေတဲ့ အမြန်နှုန်းထက် ၆ ဆမြန်တာပါ။

ဒီနည်းပညာက လကမ္ဘာဆီက သတင်းအချက်အလက်တွေကို စက္ကန့်ပိုင်းအတွင်း ကမ္ဘာကနေလက်ခံရရှိစေမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဒါက ကြီးမားတဲ့ တိုးတက်မှုတစ်ခုပါပဲ။ 1968 ခုနှစ်တုန်းကဆိုရင် ပုံတစ်ပုံ လကမ္ဘာကနေ ကမ္ဘာဆီကိုရောက်ဖို့  ရက်တော်တော်များများ ကြာခဲ့တာဖြစ်ပါတယ်။

ပြောရရင် သူများတွေက လကမ္ဘာတွေထိတောင် Broadband Access ရအောင်လုပ်တော့မယ်ဆိုတော့ လကမ္ဘာကနေ အင်တာနက်တွေသုံးလို့ ရတော့မယ်သဘောလား
မသိဘူး။ ကိုယ်တွေကတော့ 3G မပြောနဲ့ ခုတလော 20 KB/s နဲ့စုတ်ချာနေတဲ့ Connection ကိုနပ်မှန်အောင်မသုံးနိုင်တဲ့ဘွ။ :( :( ပြောတော့ပါဘူးလေ။ :P
နောက်စိတ်ကူးပေါက်ရင် အင်္ဂါဂြိုလ်နဲ့ပက်သတ်တဲ့စိတ်ဝင်စားစရာပို့စ်တွေရေးရင်ကောင်းမလားလို့။ ဟီး။ ရေးစေချင်ရင် မန်းကြနော်။ :D

Ref: Techbeat

Read more »

9/27/2013

Andromeda v2.06 (Botnet)

http://viprasys.org/xfs/image/direct/5V0E64vye3/2.jpg 
Andromeda Botnet ကတော့ နည်းနည်း လန်းတယ်ဗျ.. interface ကလည်း တော်တော်လေး အထာကျပါတယ်။ Botnet ပိုင်းလေ့လာနေသူများ.. မသုံးဖူးသေးလို့ သုံးဖူးချင်တယ်ဆိုတဲ့ ညီကိုများအတွက် တင်ပေးလိုက်ပါတယ်.. DDOS Botnet ပါ..
ကဲကြိုက်ရာလင့်များ ဒေါင်းလော့ရယူနိုင်ပါပြီ။
Read more »

9/26/2013

WebCruiser Web Vulnerability Scanner


SQL Injection လိုမျိုး web vulnerability scanner အမျိုးအစားတစ်ခုဖြစ်ပါတယ်။ သူလုပ်နိုင်တာတွေ အောက်မှာတစ်ချက်ကြည့်လိုက်ပါ။ စမ်းကြည့်မယ်ဆိုရင် ဒေါင်းလိုက်ပါ။ CyberW0rm ကနေ မ,လာပါတယ်။


Key Features:
* Crawler(Site Directories And Files);
* Vulnerability Scanner: SQL Injection, Cross Site Scripting, XPath Injection etc.;
* SQL Injection Scanner;
* SQL Injection Tool: GET/Post/Cookie Injection POC(Proof of Concept);
* SQL Injection for SQL Server: PlainText/Union/Blind Injection;
* SQL Injection for MySQL: PlainText/Union/Blind Injection;
* SQL Injection for Oracle: PlainText/Union/Blind/CrossSite Injection;
* SQL Injection for DB2: Union/Blind Injection;
* SQL Injection for Access: Union/Blind Injection;
* Post Data Resend;
* Cross Site Scripting Scanner and POC;
* XPath Injection Scanner and POC;
* Auto Get Cookie From Web Browser For Authentication;
* Report Output.



Read more »

My Android Apk

ဒါကတော့ ကျွန်တော်ရဲ့ဆိုဒ်ကို offline မှာပါဖတ်လို့ရမယ့် apk လေးဖြစ်ပါတယ်။ လုပ်ဖြစ်တယ်ဆိုတာလည်း apk လုပ်နည်းကိုသိချင်တာရယ် ကျွန်တော်ကိုယ်တိုင် ကိုယ့်ဆိုဒ်ဆီက post တွေကို အင်တာနက်မရှိချိန်မှာပြန်ဖတ်နိုင်အောင်လို့ စမ်းလုပ်ရင်းနဲ့ ပြန်ရှယ်လိုက်တာ။ ကျွန်တော်ဆိုဒ်ကို အမြဲလာနေကျသူတွေအနေနဲ့ လိုချင်တယ်ဆိုရင် ယူထားလိုက်ပေါ့ဗျာ။ အဆင်ပြေကြပါစေ။ 

Read more »

Backtrack5 Port using CHROOT

BT ကို Android မှာသွင်းနည်းလေးပါ။ ကျွန်တော်ဘော်ဒါရေးထားတာကြာပါပြီ။ ဟိုး လွန်ခဲ့တဲ့ 5 လလောက်ကတည်းကထင်တယ်။ ဒီနေ့မှ ကျွန်တော်လည်းစိတ်ကူးပေါက်လာလို့ သူ့ကိုပူဆာပြီးပြန်ရှာခိုင်းတာပါ။ သူ test လုပ်တာတော့ အောင်မြင်ခဲ့ပါတယ်တဲ့။ ကျွန်တော်ကတော့ မစမ်းသပ်သေးလို့ တစ်ခုခုအဆင်မပြေဖြစ်ခဲ့ရင် အကြုံမပေးနိုင်ရင် နာလည်ပေးပါ။ မူရင်းလင့်တွေရော ပြန်ညွန်းထားပါတယ်။ ကလိချင်သူများစမ်းကြည့်ပေါ့နော်။

ယခုနည်းလမ်းဟာ သင့် OS,romနဲ့ system တွေကို ပြောင်းလဲ/ပြုပြင်ခြင်းမလိုပါဘူး။ သင့် OS ကိုထိခိုက်ခြင်း ချိုးဖျက်ခြင်း မရှိ စေရပဲ Virtual machine ကဲ့သို့ အလုပ်လုပ်မှာပဲဖြစ်ပါတယ်။

[ လိုအပ်ချက်များ]
. ဖုန်းကို Root လုပ်ထားရပါမယ်,Busybox သွင်းထားရပါမယ် ။
. sdcard မှာ 3.3G အလွတ် ရှိရပါမယ်။
. command ပေးဖို့ Emulator ရှိရပါမယ်။မရှိရင်လဲ ဒီကဒေါင်းပါ (https:// play.google.com /store/apps/ details?id=jackpal.androidterm )
. android vnc ဒေါင်းလိုက်ပါ (https:// play.google.com /store/apps/ android.androidVNC )
. ကွန်ပျူတာမှာ 7zip ဖြေဖို့ SW ရှာဒေါင်းလိုက်ပါ။

[ bt အတွက်ဒေါင်းပါမယ် ]
. Bcktrack5 CWM flashable zip with script (https://www.dropbox.com/s/ v04015wj6vjmwmk/Backtrack5_cwm_script-signed. zip )
. bt.img (splitted into 10 7-zip files) 
. bt.7z.001 ( http:// doomlord.sylvester2007.com/ bt5android/bt. 7z.001 )
. bt.7z.002 ( http:// doomlord.sylvester2007.com/ bt5android/bt. 7z.002 )
. bt.7z.003 ( http:// doomlord.sylvester2007.com/ bt5android/bt. 7z.003 )
. bt.7z.004 ( http:// doomlord.sylvester2007.com/ bt5android/bt. 7z.004 )
. bt.7z.005 ( http:// doomlord.sylvester2007.com/ bt5android/bt. 7z.005 )
. bt.7z.006 ( http:// doomlord.sylvester2007.com/ bt5android/bt. 7z.006 )
. bt.7z.007 ( http:// doomlord.sylvester2007.com/ bt5android/bt. 7z.007 )
. bt.7z.008 ( http:// doomlord.sylvester2007.com/ bt5android/bt. 7z.008 )
. bt.7z.009 ( http:// doomlord.sylvester2007.com/ bt5android/bt. 7z.009 )
. bt.7z.0010 ( http:// doomlord.sylvester2007.com/ bt5android/bt.7z.0010)

[ Video Installation Guide ]
. http://www.youtube/. com / watch?v=j1pN5bEidaM

[ စမယ် ရယ်ဒီနော်  ]
၁။ အကုန်ဒေါင်းလိုက်ပါ ( bt.img နဲ့ cwm zip အပါဝင် ) ,အားလုံးကို temporary folder ထဲ ခနထည့်ထားပါ။
၂။ ဖုန်းထဲက sdcard ရဲ့ နောက်ဆုံးအဆင့် ( root of sdcard ) အရှင်းဆုံးပြောရရင် file manager ထဲကနေ နောက်ဆုံးမထွက်ခင်အဆင့်ပေါ့ အဲ့ မှာ bt နာမည်နဲ့ folder ဖိုဒါ ဆောက်လိုက်ပါ ။
၃။ bt.7z ဖိုင်တေနဲ့ bt.img ဖိုင်တေကို Extract လုပ်ပြီး အကုန်လုံးကို ခုန ဆောက်ခဲ့တဲ့ bt ဖိုဒါထဲ ကူထည့်လိုက်ပါ။
၎။ Backtrack5_ cwm_script-singed. zip ဖိုင်ကို ခုန bt ဖိုဒါ နေရာမှာတူတူ ထားပြီး recovery အတွက် Flash လုပ်ထားပါ။
၅။ reboot လုပ်ပြီး bt ဖိုဒါထဲမှ အောက်ပါ ဖိုင်တွေရှိမရှိသေချာပြန်စစ်ပါ -
bt
bt.img
installbt.sh
startbt
stopbt
၆။ အိုကီ ပြီ ဆိုရင် စ ကလိရအောင် :P။ terminal ဖွင့်ပြီး ဒါလေးတေရိုက် လိုက်ပါ -
su
cd/sdcard/bt
sh install.sh
startbt
bt
ui
၇။ ပြီးရင် home keyနဲ့ ပြန်ထွက်ပြီး VNC viewer ဖွင့် ပြီး set up ကို ဒီလိုလေးလုပ်ပါမယ်-
pass : 12345678
Address : 127.0.0.1
port : 5901
color : 24-bit
၈။ အိုခေ Connect လေးကို နှိပ်ပါမယ် ။ဒန် တန့်ဒန်  .. ဟော ခုဆိုရင် BT5 GUI ဟာ VNC မှာ စတင် ပြေးနေပါပီ .. ( ဘီးပါတပ်ပေးမှာ .. ငိငိ ) ။ menukey နှိပ်ပြီး input mode မှာ touchpad လုပ်ပေးပါ ။ ဒါဆို screen ကို လက်တော့လို မော်နီတာ လို သုံးလို့ရပါပြီ ။
၉။ ပိတ်ချင်တယ်ဆိုရင် menukey က disconnect လုပ်ပါ ။ပြီးရင် terminal ကိုသွားပြီး-
killui
exit ရိုက်လိုက်ပါ ။
၁၀။ အခုဆိုရင် သင်ဟာ btကနေပြန်ထွက်သွားပြီး သာမန် #shell ပေါ်ပြန်ရောက်နေပါပြီ ။ -
stopbt ရိုက်ပြီး မထွက်မချင်း exit သာ ရိုက်ပါတော့။
၁၁။ ခုဆိုရင် အားလုံးလွတ်ပြီကျွက်ပြီ ထွက်ပြီးပြီ ဖြစ်သွားပါပြီ ။ reboot လေးပြန်လုပ်ပေးပါနော့။


[ အိုခီ installed တခါ လုပ်ပြီးသွားပြီ ဆိုရင်တော့ နောက် အသုံးပြုမယ် ဝင်မယ်ဆိုရင် -
su
cd/sdcard/bt
startbt
bt
ui ရိုက်ပြီး စနိုင်ပါပြီ။

မှတ်ချက် ။ ယခုတင်ပေးသော အကြောင်းရာများနှင့် ဖိုင်များအားလုံးအားလုံးကို xda developer ဆိုက်မှ မလာပါကြောင်းနှင့် ကျနော်တို့ နည်းပညာလောကကို အထောက်ပံ့ဖြစ်စေရန်သာရည်ရွယ်ပါသည် ။

[Video Installation Guide]



Written By Liquid Foxer
Read more »

How to Access Gmail "Offline"


အကြောင်းအမျိုးမျိုးကြောင့် မိမိ Gmail ကို အင်တာနက်မရှိတဲ့အခါ offline ကနေဖတ်ဖို့လိုအပ်ခဲ့ရင် ကျွန်တော်တို့ ဒီနည်းနဲ့ လုပ်ကြည့်မယ်ဗျာ။ နည်းတွေကတော့ အများကြီးရှိပါတယ်။ လွယ်လွယ်နည်းကိုပဲပြောပြပါတော့မယ်။ အဓိကက အဆင်ပြေဖို့။ 

Using Gmail Offline Extension (Google Chrome)


ဒီကောင်နဲ့ဆိုရင်လည်း ရပါတယ်။ Google Chrome browser ကိုတော့ သုံးပေးရမှာဖြစ်ပါတယ်။ Gmail Offline extension ကိုသုံးဖို့ https://chrome.google.com/webstore/detail/gmail-offline/ejidjjhkpiempkbhmpbfngldlkglhimk ကိုသွားပြီး သွင်းနိုင်ပါတယ်။ အသုံးပြုပုံ အသေးစိတ်ကိုတော့ မပြောတော့ပါဘူး။ 

Using Mozilla Thunderbird

ဒီကောင်ကတော့ gmail တွေကို offline မှာ ဖတ်လို့ရအောင် syn လုပ်ပေးပါတယ်။ attachment တွေကို hard drive မှာတစ်ခါတည်းသိမ်းလို့ရအောင် Setting တွေချိန်ထားလို့ရပါတယ်။ Dropbox လိုပေါ့။ ကျွန်တော်ကတော့ ဒီနည်းလမ်းကိုသဘောကျတယ်။ Setting ချိန်တဲ့အခါ အရင်ဆုံး POP3 ကိုရွေးပေးရမှာဖြစ်ပါတယ်။ အဲဒါမှ email တွေကို ကွန်ပျူတာမှာ သိမ်းပေးမှာမို့ပါ။ အသေးစိတ်ကိုတော့ ကိုယ့်ဘာသာကလိရင် ရပါလိမ့်မယ်။ Thunderbird ကို http://www.mozilla.org/en-US/thunderbird/ မှာသွားဒေါင်းပြီး မိမိကွန်ပျူတာရဲ့ Email Client အဖြစ်အသုံးပြုနိုင်ပါလိမ့်မယ်။ 

ကျွန်တော် ဒီပို့စ်ကိုရေးရတဲ့အကြောင်းကတော့ apk တစ်ခုလုပ်တယ်ဗျာ။ ဖြစ်ချင်တော့ ဒီရက်တွင်း Connection က စုတ်ပြတ်သတ်နေပါတယ်။ 2 MB apk လေးတစ်ခုကို mail ထဲကနေဘယ်လိုမှဒေါင်းမရဘူးဖြစ်နေတယ်။ အဲဒါနဲ့ ဒီနည်းလမ်းလေးနဲ့ စမ်းကြည့်ရင်း တစ်လက်စတည်းပြန်ရှယ်လိုက်တာပါ။  မကြာခင် ကျွန်တော်ဆိုဒ်ရဲ့ Android apk ကိုတင်ပေးပါမယ်။ ဘာရယ်မဟုတ်ပါဘူး။ အဆင်ပြေကြပါစေ။
Read more »

9/25/2013

Ankit Fadia Hacking Ebooks Collection

Hacking စာအုပ်လေးတွေကို စုထားတဲ့ AIO Tool တစ်ခုပါ။ အထဲမှာပါတဲ့ Table Of Contents ကိုကြည့်ပြီး စိတ်ဝင်စားတယ်ဆိုရင် မသွားနိုင်ပါပြီ။ AIO ဖြစ်တဲ့အတွက် ဒေါင်းပြီး ဖိုင်ကိုဖွင့်မယ်ဆိုရင် Antivirus ကိုတော့ ခဏပိတ်ထားဖို့လိုပါလိမ့်မယ်။ အဆင်ပြေကြပါစေ။
[Table of Contents]
Ankit Fadia Hackers Guide 
Untold windows Tips And Secrets 
Base 64 Encoding Torn Apart 
Batch File Programming 
Closing Open Holes Defacing Websites A Step By Step Process 
Dos Attacked 
Encryption Algorithms Explained 
Firewalls- How To Unblock It ?? 
FTP Exploits Gathering Info On Remote 
Host Hacking Into Linux Removing Banners From Your Site 

Download: Solidfiles Rghost

Read more »