8/23/2013

DW Hacking Tools

ဒါကတော့ ကျွန်တော်တို့ ဆိုဒ်တွေကိုဟတ်တဲ့အခါ တခါတလေ username, pass ရထားတာတောင် admin page ကို ဖျောက်ထားတတ်တော့ ဝင်မရဖြစ်တတ်ပါတယ်။ ဥပမာ Wordpress မှာဆိုရင် someone.com/wp-admin လို့ခေါ်လိုက်တာနဲ့ admin page ကျလာပေမယ့် တခါတလေပေါ့ :D အကျင့်မကောင်းတဲ့ admin တွေက ဖျောက်ထားတတ်ပါတယ်။ :D ဒီလိုအချိန်မှာ ဒီကောင်နဲ့ ရှာလိုက်ရင် တော်တော်လေးအဆင်ပြေတာတွေ့ရပါတယ်။ အရင်က ကျွန်တော်တင်ဖူးတဲ့တစ်ခုဆိုရင် စက်လေးတာတို့ဖြစ်ပါတယ်။ ဒီကောင်ကတော့ အဲလိုမဖြစ်ပါဘူး။ admin finder တစ်ခုတည်းမဟုတ်ပါဘူး။ LFI Scanner, Quick System Grabber တို့လည်းပါပါသေးတယ်။ စမ်းကြည့်ပေါနော်။ အဆင်ပြေကြပါစေ။

[LFI Scanner]

[Quick System Grabber]

Read more »

8/22/2013

Command & Conquer Red Alert 2 (Disk A)

မင်္ဂလာပါခင်ဗျာ။ ဒီတစ်ခါတော့Command & Conquer Red Alert 2 ကိုတင်ပေးလိုက်ပါတယ် ဒီဂိမ်းကတော့ General နဲ့ဆင်ပါတယ်။ ကြာတော့ကြာပါပြီ။ ထွက်တာ။ ကလေးကလားဆန်တယ်ဆိုပေမယ့် ဆော့ကြည့်ရင်တော့ မဆိုးဘူးခင်ဗျ။ အဟောင်းလေးဆိုပေမယ့် ဆော့ဖူးတယ်ဆိုရင် ဆော့ချင်သေးတယ်ဆိုရင် ဒေါင်းလိုက်ပါဗျာ။ အပိုင်းအားလုံးကို ပြီးအောင်ဒေါင်းပြီးရင် ထုံးစံအတိုင်း hj-split နဲ့ပေါင်းလိုက်ပါ။ Disk B ရှိပါသေးတယ်။ အခန်းဆက်ပေါ့နော်။ ပြိးတော့ Yuri Version ဆိုတာလည်းရှိပါသေးတယ်။ အဲဒါတွေက ဒီဟာကိုအရင်သွင်းထားမှာ ဆက်လို့ရမှာမို့ ဒိဟာကိုအရင်ဒေါင်းထားကြပေါ့နော်။

Download

Read more »

8/21/2013

Kali Linux Live USB

Kali Linux ကို USB ကနေ Boot တက်ပြီးအသုံးပြုနည်းလေးပါ
အားနည်းချက်တစ်ခုကတော့
သွင်းပြီးသားဆော့ဝဲတွေက
Restart ချလိုက်ရင်ပြန်မပါလာတာပဲ
ကျန်တာတော့အကုန်အဆင်ပြေပါတယ်
Fight For It
;-)
အပေါ်က ပုံလေးကိုနှိပ်လိုက်ပါ အဲမှာ Download Link ထည့်ထားပါတယ် အဲဒါလေးDownload လုပ်လိုက်ပါ။
                                              Kali Linux Download        

ကဲ အားလုံးဒေါင်းပြီးသွားပြီ ဆိုရင် W32Disk Mananger လေးကိုရမ်းလိုက်ပါ။
Memory Stick ကို Format ရိုက်ထားပါ ပြီးရင် စက်နဲ. Join ပြီးရင် W32Disk Mananger က File ပုံလေးကနေ Download ဆွဲထားတဲ့ Kali ISO ဖိုင်လေးကို Select လုပ်ပြီး Write လုပ်လိုက်ပါ။
ပြီးရင်တော့ စက်ကို Restart ချ BIOS က Boot Setting ကို USB ချိန်းပြီး Live Version အနေနဲ.တက်လိုက်ပါ။

အဆင်ပြေပါစေ။
Read more »

Light Image Resizer


ပုံတွေ ကို Resize ပြန်လုပ်ချင်သူများအတွက်ပါ ဥပမာ Facebook အတွက်သုံးမယ်ဆိုရင်ပေါ့



851 * 315 Cover Size Profile Size 180*180 အဆင်ပြေသလိုတော်သလိုလေးသုံးပါ့ဗျာ
အောက်က ပုံကို Click ပီးဒေါင်းလိုက်ပါ။

Download: Sharebeast Tusfiles



Read more »

Android Application ရေးသားနည်း

ဆရာမ ဒေါ်ထားထားလွင်ရေးထားတဲ့ Andriod Application ရေးသားနည်းစာအုပ်ကို
စုထားတဲ့ Ebook ကလေးပါ။ Programming အခြေခံရှိသူများလေ့လာနိုင်ပါတယ်။ ဘယ်သူမှမွေးကတည်းကမတတ်ပါဘူး တတ်နိုင်သလောက်ကြိုးစားကြည့်စေချင်ပါတယ်
အခြေခံမရှိသူများလဲ လေ့လာကြည့်ပါ ဖတ်ကြည့်ရင်အနည်းဆုံးဘာလဲဆိုတာသိခွင့်ရမှာပါ။

  Download: Mediafire Rghost Solidfiles Mirrorcreator
Read more »

8/20/2013

CRLF Injection (Myanmar Version)

ကျွန်တော် ဒီစာအုပ်ကို ဘာသာပြန်ပေးတာ နောက်မှ သေချာပြန်ကြည့်တော့ ကျွန်တော်ကိုယ်တိုင် နားမလည်ဘူးဖြစ်နေပါတယ်။ မူရင်း ရေးသားသူက သီအိုရီပိုင်းတွေလောက်သာချပြထားတော့ ကျွန်တော်တို့လို လူပြိန်းတွေက နားလည်ဖို့မလွယ်ပါဘူးဗျာ။ ကျွန်တော်ထင်တယ်။ XSS Attack လုပ်နည်းနဲ့တော့ ခပ်ဆင်ဆင်ဖြစ်လိမ့်မယ်ဗျ။ ဒီတော့ ဒီစာအုပ်ကိုဖတ်မယ်ဆိုရင် Min Soe Yar Sar ရေးထားတဲ့ XSS တိုက်ခိုက်နည်းများဆိုတဲ့စာအုပ်ကို ပြန်ဖတ်ကြစေလိုပါတယ်။ မဖတ်ရသေးသူများကတော့ အဲဒီစာအုပ်ကိုအရင် ဖတ်ကြဗျို့။ ဘာဖြစ်ဖြစ် ကျွန်တော်ကြိုးစားပြီး ဘာသာပြန်တယ်ဆိုတာ အားလုံးအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်ဖြစ်မယ်ဆိုရင် ဘာသာပြန်ရကျိုးနှပ်ပါပြီ။
ဒီလိုစိတ်ကူးလေးနဲ့ ဘာသာပြန်လိုက်တာပါ။ အမှန်တော့ တတ်သိရယ်လို့မဟုတ်ပါဘူး။ အဆင်ပြေကြပါစေဗျာ။

Read more »

How to Install Armitage in Windows 7 (Myanmar Version)

Armitage ဆိုတာကိုတော့ Metasploit မှာသုံးတဲ့ Command တစ်ခုလို့ဆိုရမှာပါ။ ဒီဟာကို ကျွန်တော်တို့ Windows 7 မှာသုံးချင်သူများအတွက် လုပ်ရမည့်နည်းလမ်းတွေကို ရေးသားထားတဲ့ စာအုပ်လေးပါ။ ပုံလေးတွေနဲ့ သေချာရေးပြထားပါတယ်။ ဒီစာအုပ်လေးကိုတော့ www.itheinzin.blogspot.com က D3MO PhY0 ရေးသားထားပါတယ်။ ဟက်ကင်းစိတ်ဝင်စားသူများ မဒေါင်းသေးရင် ဒေါင်းကြပေါ့။ သူရဲ့မူရင်း လိပ်စာမှာလည်းဒေါင်းနိုင်ပါတယ်။ အဆင်ပြေကြပါစေ။


Credit: www.itheinzin.blogspot.com
Read more »

8/19/2013

Delta Force Xtreme (PC Game)

ဒီဂိမ်းကတော့ ကြာပါပြီ။ ဟိုးအရင်က ကျွန်တော်ဆော့ဖူးတဲ့ဂိမ်းအဟောင်းလေးပါ။ ဆော့ရတာလည်းလွယ်ပါတယ်။ PC မှာ အနည်းဆုံး Graphic Card ရှိဖို့တော့လိုပါမယ်။ အနည်းဆုံး 32 MB Graphic card ရှိရင်ရပါပြီ။ File Size ကတော့ အားလုံး 600 MB ကျော်ပါတယ်။ အပိုင်း 13 ခုနဲ့ဒေါင်းရလွယ်အောင်တင်ထားပါတယ်။ အားလုံးဒေါင်းပြီးသွားရင် ထုံးစံအတိုင်း HJ-Split နဲ့သာပေါင်းလိုက်ပါ။ ISO ဖိုင်တစ်ဖိုင်ရပါမယ်။ အဲဒါကို Power ISO နဲ့ဖွင့်ပြီး Install လုပ်ရင် အဆင်ပြေသွားပါလိမ့်မယ်။ မဒေါင်းခင် system requirement ကိုလည်းကြည့်ထားအုံးဗျ။

SYSTEM REQUIREMENTS
MINIMUM PC REQUIREMENTS

Windows 98/ME/2000/XP
MINIMUM
Pentium III 1.2GHz Processor
2GB Hard Disk Space
512MB RAM
16X CD-ROM Drive
DirectX 9.0b
DirectX compatible Sound Card
32 MB DirectX compatible Video Card with Hardware T&L
Keyboard
Mouse

RECOMMENDED
Pentium 4 2.4GHz Processor
128MB nVidia GeForce 2 or ATi Radeon 9600 Class Video Card
MULTIPLAYER SYSTEM REQUIREMENTS
56Kbps Internet Connection (Broadband Recommended)

Download:



Read more »

8/18/2013

G-Talk & Facebook အကောင့်သစ် ဖွင့်နည်းများ ( သင့်ဖုန်းနံပတ် သုံးစရာမလိုပါ)


https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-prn1/p480x480/557654_206602712828087_1074362754_n.jpg
 ဒီနည်းလေးကတော့ G-Talk Account သစ်ဖွင့်မယ်ဆိုရင် သင့်Phone ကိုသုံးစရာ မလို ပါဘူး ။ ထိုနည်းတူ ဘဲ Facebook Account သစ်ဖွင့်မယ်ဆိုရင်လည်း Phone သုံးစရာမလို ဘဲရအောင်ဖွင့် မယ့်နည်းလေးပါ။ မသိသေးသူများအတွက် မျှဝေပေးလိုက်ပါတယ် ။
အသေးစိတ်လေး ပုံလေးတွေနဲ့ ရေးပေးထားတာဖြစ်ပါတယ်...
အကောင့်သစ်တစ်ခုရယူဖို့ အတွက် အခြေ ခံထိ ပါအောင်ရေးပေးထားပါတယ်..
တကယ်လို့ သင်ကဘာမှမသိဘူး ဆိုရင်တော့ ဒီစာအုပ်လေးကို ၃ ခါလောက်
ဖတ်ပေးပါ။ တဖြည်းဖြည်းစဉ်းစားပြီး လုပ်ကြည့်ပါ ...
အဆင်ပြေသွားပါလိမ့်မယ်...  အောင်မြင်ချင်ရင်ကြိုးစားပါ.. အိပ်မနေ ပါနဲ့ လို့ ဘဲ ပြောပါရစေခင်ဗျာ... အောက်က မိမိ ကြိုက်ရာလင့်မှာ Download ရယူနိုင်ပါပြီ...
Read more »

8/17/2013

Port Scanning ဆိုတာ ဘာလဲ ?

Port Scanning ဆိုတာ ဘာလဲ ?

Port Scanning ဆိုတာ system တစ်ခုရဲ့  open ဖြစ်နေတဲ့ port ဒါမှမဟုတ် active ဖြစ်နေတဲ့ port ကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။
ဘာနဲ့ တူသလဲဆိုတော့ သူခိုးက အိမ်တစ်အိမ်ရဲ့ ပွင့်နေတဲ့ အပေါက်ကို ရှာတဲ့ သဘောနဲ့ တူတူပါပဲ။ :P

ကဲ Port Scanning လုပ်လိုက်ပီဆိုပါတော့........

Starting Scan

Target Host: www.blarblarblar.com ဒါမှမဟုတ် IP Address

TCP Port :7 (echo)
TCP Port :9 (discard)
TCP Port :13 (daytime)
TCP Port :19 (chargen)
TCP Port :21 (ftp)
TCP Port :23 (telnet)
TCP Port :25 (smtp)
TCP Port :37 (time)
TCP Port :53 (domain)
TCP Port :79 (finger)
TCP Port :80 (www)
TCP Port :110 (pop)
TCP Port :111 (sunrpc)
Finished.

ဒါဆိုရင်တော့ port scan လုပ်လိုက်တဲ့ domain ဒါမှမဟုတ် ip address မှာ active ဖြစ်နေတဲ့ port တွေကို ဖော်ပြပေးနေမှာဖြစ်ပါတယ်။

ဘယ်လို အသုံးချမလဲ ?


အဲ့ ရလာတဲ့ active ဖြစ်နေတဲ့ port ဒါမှမဟုတ် open ဖြစ်နေတဲ့ port သိရရင် ဘာလုပ်လို့ ရသလဲ ဆိုတော့ အဲ့ port ကနေပြီးတော့ အဲ့ဒီ system ကို remotely အသုံးပြုလို့ ရနိုင်ပါတယ်။ ဒါဆိုရင်တော့ အဲ့ဒီ system ထဲက data တွေကို ရယူလို့ ရတယ်ဆိုတာ ပြောစရာမလိုလောက်တော့ပါဘူး။

Open ဖြစ်နေတဲ့ port ကို scan လုပ်တဲ့ နည်း ၂ နည်း 

( ကျနော် သိသလောက်နော် ဒီ့ ပြင်နည်းလည်း ရှိနိုင်ပါတယ် )

  • Scan a single IP address for open ports:
 ဒီနည်းက ဘာနဲ့ တူလဲဆိုတော့  အိမ်တစ်အိမ်မှာရှိတဲ့ ပွင့်နေတဲ့ ဘယ် တံခါးပေါက်ကိုမဆို ရှာဖွေတာနဲ့ အတူတူပါပဲ။ ဒီနေရာမှာ အိမ် ဆိုတာ ကျနော်တို့  scan လုပ်လိုတဲ့ ip address ကိုဆိုလိုတာဖြစ်ပြီး ပွင့်နေတဲ့ တံခါးပေါက်ဆိုတာကတော့ open port ကို ဆိုလိုတာပါ။
Single IP တစ်ခု ရဲ့  Open port ကို scan လုပ်ခြင်းပါပဲ။
ဥပမာ ။  ။ searching for active ports only at 123.xx.xx.xx
  • Scan a range of IP address to find open ports:
ဒီနည်းကတော့ လမ်းတစ်လမ်းမှာ ရှိတဲ့ တံခါး ပွင့်နေတဲ့ အိမ်တစ်အိမ်ကို ရှာဖွေတာနဲ့ ခပ်ဆင်ဆင်ပါပဲ။

ဒီမှာလည်း လမ်းတစ်လမ်းမှာ ရှိတဲ့ တံခါးပွင့် နေတဲ့ အိမ်တစ်အိမ် ဆိုတာ Range of IP address ကို ဆိုလိုတာပါ။
ဥပမာ ။ ။ searching active ports only at 123.20.xx.xx to 123.30.xx.xx
Copy from: www.koalpha.blogspot.com
Read more »

Cookie Stealing (MITM)

ဘလော့မှာ Facebook Account ဟတ်ချင်ပါတယ်ဆိုတဲ့ ကိုယ်တော်တွေအတွက် MHU ကအကိုတစ်ယောက်ရေးထားတဲ့ စာအုပ်ကိုပြန်ရှယ်လိုက်ပါတယ်။ ဒီလောက်တောင်မှ FB acc ကိုဟတ်ချင်နေတာ ဒီစာအုပ်ကိုသာဖတ်ကြည့်ပေါ့ဗျာ။ Educational Purpose only မို့ မဟုတ်တဲ့နေရာမှာသုံးရင်တော့ at your own risk ပဲ။ ဒီနည်းလမ်းလည်း ပြောရရင် 100% အလုပ်မဖြစ်ပါဘူးလေ။ ဘာပဲဖြစ်ဖြစ်ပေါ့။ လိုချင်တယ်ဆိုရင် ယူသွားနိုင်ပါပြီ။


Credit: Hearless (MHU)
Read more »

8/16/2013

LFI-via-phpinput Tutorial by H1N1 (Myanmar Version)

တကယ်ကောင်းမွန်တဲ့ ပို့စ်တစ်ခုဖြစ်လာဖို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး။ ဒီလိုစာအုပ်မျိုး ရေးနိုင်ဖို့ဆိုတာလည်း မလွယ်ကူပါဘူးဗျာ။ ကိုတုတ်ကွေးရဲစာအုပ်ကို ပြန်ရှယ်လိုက်ပါတယ်။
အခုလိုရေးပေးတဲ့ စာရေးသူတွေကို ကျွန်တော်တို့လို မတောက်တခေါက်သူတွေက ကျေးဇူးတင်ပါတယ်။ ဗဟုသုတအလိုငှာ ပြန်ရှယ်လိုက်ပါတယ်။ လိုချင်သူများ ဒေါင်းနိုင်ပါပြီ။ လင့်တွေအတွက် အခြား hosting site တွေကနေ အဆင်ပြေရင် ပြန်တင်ပေးပါမယ်။ လောလောဆယ်တော့ မူရင်းလင့်ကနေပဲ ညွန်းပေးလိုက်ပါတယ်။


Copy from: http://tokekway.blogspot.com/2013/08/lfi-via-phpinput-tutorial-by-h1n1-ebook.html
Read more »

What is Firewall?

Introduction to Firewall

ကျွန်တော်တို့ ကျောင်းတွေမှာ ဒါမှမဟုတ် ရုံးခန်းတွေမှာ အင်တာနက် အသုံးပြုတဲ့အခါမှာ အချို့  website (အထူးသဖြင့်  social site တွေဖြစ်တဲ့ Facebook တို့  Twitter တို့ ) တွေကို အသုံးပြုလို့ မရပါဘူး။
အဲ့လို အသုံးပြုလို့ မရအောင် Firewall ကို အသုံးပြုပြီး block ထားကြတာပါ။ နောက်ပြီးတော့ Firewall ဟာ Hacker တွေရဲ့ ရန်ကလည်း ကာကွယ်ပေးပါတယ် (၁၀၀% တော့မဟုတ်ဘူးဗျ.. ဘာလို့ လဲဆိုတော့ firewall ကို ဖောက်လို့ ရတဲ့ နည်းတွေအများကြီးရှိလို့  :P)
ကဲ ဒါဖြင့် Firewall ဆိုတာ ဘာလဲ သိဖို့ ဆက်လေ့လာလိုက်ရအောင်............

What is Firewall?

Firewall ကို ဥပမာပေးပြီးပြောရမယ်ဆိုရင် ဘာနဲ့ တူလဲဆိုတော့ ရုံးခန်း အပြင်ဘက်မှာ စောင့်တဲ့ လုံခြုံရေးဝန်ထမ်း နဲ့ တူတယ်လို့ ပြောလို့ ရတယ်ဗျ။
အဲ့ ရုံးခန်းက လုံခြုံရေး ၀န်ထမ်းတွေ ရဲ့ တာဝန်က ဘာလဲ ဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲ ID card အထောက်အထားပြ နိုင်တဲ့သူကို တော့ ရုံးခန်းထဲ ပေးဝင်တယ် ID အထောက်အထားမပြနိုင်တဲ့ သူတွေကိုတော့ block လုပ်ထားပေးတယ်။ အဲ့သဘောတရားအတိုင်းပဲ Firewall ဟာ System ထဲကို ၀င်လာမယ့် unauthorized access တွေကို block လုပ်ပေးထားပါတယ်။
Firewall ဟာ Software လဲဖြစ်နိုင်သလို Hardware လဲဖြစ်နိုင်ပါတယ်။ သူက Administrator က define လုပ်လိုက်တဲ့ rule တွေအတိုင် set လုပ်ပြီးတော့ အလုပ်လုပ်ပါတယ်။ Firewall Administrator ကို အသုံးပြုပြီးတော့ website တစ်ခုချင်းစီကို access လုပ်လို့ မရအောင် block လို့ ရပါတယ်။

- Traffic အားလုံ ( အ၀င်၊အထွက် ) ဟာ Firewall ကို ဖြတ်ပြီးသွားရပါတယ်။
- Admin က authorized ပေးတဲ့ traffic ပဲ ပေးဖြတ်ပါတယ်။ မဟုတ်ရင်တော့ block လုပ်လိုက်ပါတယ်။

Types of Firewall

  •  Packet Filtering
  •  Appliction level gate way
  •  Circuit level gate way

Packet Filtering ( Network Layer )

Packet Filtering Router ဟာ  incoming IP တစ်ခုချင်းစီကို admin က set လုပ်ထားတဲ့ rules တွေကို apply လုပ်ပါတယ်။ ပြီးတော့မှ forward လုပ်သင့်တာကို လုပ် discard လုပ်သင့်တာကို လုပ်တာပါ။ Router ကို အ၀င်အထွက်တွေအတွက် filter လုပ်ဖို့  config လုပ်ထားတဲ့သဘောပါပဲ။
ဒီ Packet Filtering မှာအဓိက သတိထားရမှာက IP Spoofing Attack ပါပဲ။ ဘယ်လို achieved လုပ်သွားလဲဆိုတော့ packet ရဲ့ IP source ကို change လုပ်ပြီး achieved လုပ်သွားတာပါ။

Appliction level gate way

ဒါကို proxy server လို့ လည်း လူသိများပါတယ်။ user က  TCP/IP layer ကို အသုံးပြုပြီးတော့ gateway နဲ communicate လုပ်တာပါ။ Gateway က connect လုပ်မယ့် remote host ရဲ့ နာမည်ကို မေးပါလိမ့်မယ်။
User ကသာ valid ဖြစ်တဲ့ user ID ကို ထည့်လိုက်မယ်ဆိုရင် Gateway ကနေပြီးတော့ remote access ပြန်ပေးပါလိမ့်မယ်။
Packet Filtering နည်းထက်ပို ပြီး လုံခြုံမှုရှိပါတယ်။ incoming traffic တွေကို အလွယ်တကူ audit လုပ်လို့ ရပါတယ်။ Application-level filtering မှာ spam, virus တွေကို လည်းကာကွယ်ပေးပါတယ်။

Circuit level gate way

Circuit level gate way  ကတော့ OSI model တွေရဲ့ session layer မှာ အလုပ်လုပ်ပါတယ်။ Monitor TCP နဲ့ packets တွေကို legitimate ဖြစ်အောင် လုပ်ပေးပါတယ်။ Traffic filter ကတော့ session rules တွေပေါ်မှာပဲ အခြေခံပါတယ်။
Circuit-level firewalls မှာတော့ network ကို hide လုပ်ပေးထားပါတယ်။ ဒီကောင်က denying access လုပ်တဲ့အခါမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် packet တစ်ခုချင်းစီကိုတော့ filter မလုပ်သင့်ပါဘူး။

Why Firewall?


Firewall ဟာ unauthorized users တွေကို block လုပ်ပေးပါတယ်။ network ထဲကို vulnerable services တွေ prohibits လုပ်ပေးပါတယ်။
IP spoofing နဲ့ routing attack တွေရန်ကနေ ကာကွယ်ပေးပါတယ်။
Remote login, Trojan backdoors, Session hijacking, cookie stealing စတာတွေကိုလည်း ကာကွယ်ပေးပါတယ်။
ဒါတွေကြောင့် Firewall ကို အသုံးပြုနေကြတာပါ။

Limitation of Firewalls

Firewall ဟာ  by pass firewall attack method ကို မကာကွယ်ပေးနိုင်ပါဘူး။
internal threats တွေကိုလည်း မကာကွယ်ပေးနိုင်ပါဘူး။
virus infected ဖြစ်နေတဲ့ progams (or) files ကို transfer လုပ်ခြင်းကိုလည်းမကာကွယ်နိုင်ပါဘူး။
 
ပို့စ်ကောင်းကောင်းလေးတစ်ခုဖြစ်ဖို့ ရေးရတာမလွယ်ပါဘူး။ ဒါကြောင့် Ko Apha ကို credit အကြီးကြီးပေးပါတယ်ဗျာ။ :D

Copy from: http://koalpha.blogspot.com/2013/07/what-is-firewall.html
Read more »

8/14/2013

My Favorite Hosting Sites

 
ကျွန်တော်သဘောကျမိတဲ့ free hosting site တွေကို ဖော်ပြလိုက်ပါတယ်။ ကျွန်တော်လက်ရှိသုံးနေတဲ့ file sharing site တွေပါ။ ဘလော့ဂါတွေအတွက် file hosting တွေအများကြီးရှိတဲ့ထဲက free ရတဲ့ဟာတွေပေါ့။ အလကားရတယ်ဆိုတော့ အချို့ဟာတွေက သုံးရင် မကောင်းတဲ့အချက်တွေလည်းပါပါတယ်။ အောက်မှာ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ hosting လေးတွေကို စုစည်းဖော်ပြလိုက်ပါတယ်။
Read more »