8/20/2013

How to Install Armitage in Windows 7 (Myanmar Version)

Armitage ဆိုတာကိုတော့ Metasploit မှာသုံးတဲ့ Command တစ်ခုလို့ဆိုရမှာပါ။ ဒီဟာကို ကျွန်တော်တို့ Windows 7 မှာသုံးချင်သူများအတွက် လုပ်ရမည့်နည်းလမ်းတွေကို ရေးသားထားတဲ့ စာအုပ်လေးပါ။ ပုံလေးတွေနဲ့ သေချာရေးပြထားပါတယ်။ ဒီစာအုပ်လေးကိုတော့ www.itheinzin.blogspot.com က D3MO PhY0 ရေးသားထားပါတယ်။ ဟက်ကင်းစိတ်ဝင်စားသူများ မဒေါင်းသေးရင် ဒေါင်းကြပေါ့။ သူရဲ့မူရင်း လိပ်စာမှာလည်းဒေါင်းနိုင်ပါတယ်။ အဆင်ပြေကြပါစေ။


Credit: www.itheinzin.blogspot.com
Read more »

8/19/2013

Delta Force Xtreme (PC Game)

ဒီဂိမ်းကတော့ ကြာပါပြီ။ ဟိုးအရင်က ကျွန်တော်ဆော့ဖူးတဲ့ဂိမ်းအဟောင်းလေးပါ။ ဆော့ရတာလည်းလွယ်ပါတယ်။ PC မှာ အနည်းဆုံး Graphic Card ရှိဖို့တော့လိုပါမယ်။ အနည်းဆုံး 32 MB Graphic card ရှိရင်ရပါပြီ။ File Size ကတော့ အားလုံး 600 MB ကျော်ပါတယ်။ အပိုင်း 13 ခုနဲ့ဒေါင်းရလွယ်အောင်တင်ထားပါတယ်။ အားလုံးဒေါင်းပြီးသွားရင် ထုံးစံအတိုင်း HJ-Split နဲ့သာပေါင်းလိုက်ပါ။ ISO ဖိုင်တစ်ဖိုင်ရပါမယ်။ အဲဒါကို Power ISO နဲ့ဖွင့်ပြီး Install လုပ်ရင် အဆင်ပြေသွားပါလိမ့်မယ်။ မဒေါင်းခင် system requirement ကိုလည်းကြည့်ထားအုံးဗျ။

SYSTEM REQUIREMENTS
MINIMUM PC REQUIREMENTS

Windows 98/ME/2000/XP
MINIMUM
Pentium III 1.2GHz Processor
2GB Hard Disk Space
512MB RAM
16X CD-ROM Drive
DirectX 9.0b
DirectX compatible Sound Card
32 MB DirectX compatible Video Card with Hardware T&L
Keyboard
Mouse

RECOMMENDED
Pentium 4 2.4GHz Processor
128MB nVidia GeForce 2 or ATi Radeon 9600 Class Video Card
MULTIPLAYER SYSTEM REQUIREMENTS
56Kbps Internet Connection (Broadband Recommended)

Download:



Read more »

8/18/2013

G-Talk & Facebook အကောင့်သစ် ဖွင့်နည်းများ ( သင့်ဖုန်းနံပတ် သုံးစရာမလိုပါ)


https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-prn1/p480x480/557654_206602712828087_1074362754_n.jpg
 ဒီနည်းလေးကတော့ G-Talk Account သစ်ဖွင့်မယ်ဆိုရင် သင့်Phone ကိုသုံးစရာ မလို ပါဘူး ။ ထိုနည်းတူ ဘဲ Facebook Account သစ်ဖွင့်မယ်ဆိုရင်လည်း Phone သုံးစရာမလို ဘဲရအောင်ဖွင့် မယ့်နည်းလေးပါ။ မသိသေးသူများအတွက် မျှဝေပေးလိုက်ပါတယ် ။
အသေးစိတ်လေး ပုံလေးတွေနဲ့ ရေးပေးထားတာဖြစ်ပါတယ်...
အကောင့်သစ်တစ်ခုရယူဖို့ အတွက် အခြေ ခံထိ ပါအောင်ရေးပေးထားပါတယ်..
တကယ်လို့ သင်ကဘာမှမသိဘူး ဆိုရင်တော့ ဒီစာအုပ်လေးကို ၃ ခါလောက်
ဖတ်ပေးပါ။ တဖြည်းဖြည်းစဉ်းစားပြီး လုပ်ကြည့်ပါ ...
အဆင်ပြေသွားပါလိမ့်မယ်...  အောင်မြင်ချင်ရင်ကြိုးစားပါ.. အိပ်မနေ ပါနဲ့ လို့ ဘဲ ပြောပါရစေခင်ဗျာ... အောက်က မိမိ ကြိုက်ရာလင့်မှာ Download ရယူနိုင်ပါပြီ...
Read more »

8/17/2013

Port Scanning ဆိုတာ ဘာလဲ ?

Port Scanning ဆိုတာ ဘာလဲ ?

Port Scanning ဆိုတာ system တစ်ခုရဲ့  open ဖြစ်နေတဲ့ port ဒါမှမဟုတ် active ဖြစ်နေတဲ့ port ကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။
ဘာနဲ့ တူသလဲဆိုတော့ သူခိုးက အိမ်တစ်အိမ်ရဲ့ ပွင့်နေတဲ့ အပေါက်ကို ရှာတဲ့ သဘောနဲ့ တူတူပါပဲ။ :P

ကဲ Port Scanning လုပ်လိုက်ပီဆိုပါတော့........

Starting Scan

Target Host: www.blarblarblar.com ဒါမှမဟုတ် IP Address

TCP Port :7 (echo)
TCP Port :9 (discard)
TCP Port :13 (daytime)
TCP Port :19 (chargen)
TCP Port :21 (ftp)
TCP Port :23 (telnet)
TCP Port :25 (smtp)
TCP Port :37 (time)
TCP Port :53 (domain)
TCP Port :79 (finger)
TCP Port :80 (www)
TCP Port :110 (pop)
TCP Port :111 (sunrpc)
Finished.

ဒါဆိုရင်တော့ port scan လုပ်လိုက်တဲ့ domain ဒါမှမဟုတ် ip address မှာ active ဖြစ်နေတဲ့ port တွေကို ဖော်ပြပေးနေမှာဖြစ်ပါတယ်။

ဘယ်လို အသုံးချမလဲ ?


အဲ့ ရလာတဲ့ active ဖြစ်နေတဲ့ port ဒါမှမဟုတ် open ဖြစ်နေတဲ့ port သိရရင် ဘာလုပ်လို့ ရသလဲ ဆိုတော့ အဲ့ port ကနေပြီးတော့ အဲ့ဒီ system ကို remotely အသုံးပြုလို့ ရနိုင်ပါတယ်။ ဒါဆိုရင်တော့ အဲ့ဒီ system ထဲက data တွေကို ရယူလို့ ရတယ်ဆိုတာ ပြောစရာမလိုလောက်တော့ပါဘူး။

Open ဖြစ်နေတဲ့ port ကို scan လုပ်တဲ့ နည်း ၂ နည်း 

( ကျနော် သိသလောက်နော် ဒီ့ ပြင်နည်းလည်း ရှိနိုင်ပါတယ် )

  • Scan a single IP address for open ports:
 ဒီနည်းက ဘာနဲ့ တူလဲဆိုတော့  အိမ်တစ်အိမ်မှာရှိတဲ့ ပွင့်နေတဲ့ ဘယ် တံခါးပေါက်ကိုမဆို ရှာဖွေတာနဲ့ အတူတူပါပဲ။ ဒီနေရာမှာ အိမ် ဆိုတာ ကျနော်တို့  scan လုပ်လိုတဲ့ ip address ကိုဆိုလိုတာဖြစ်ပြီး ပွင့်နေတဲ့ တံခါးပေါက်ဆိုတာကတော့ open port ကို ဆိုလိုတာပါ။
Single IP တစ်ခု ရဲ့  Open port ကို scan လုပ်ခြင်းပါပဲ။
ဥပမာ ။  ။ searching for active ports only at 123.xx.xx.xx
  • Scan a range of IP address to find open ports:
ဒီနည်းကတော့ လမ်းတစ်လမ်းမှာ ရှိတဲ့ တံခါး ပွင့်နေတဲ့ အိမ်တစ်အိမ်ကို ရှာဖွေတာနဲ့ ခပ်ဆင်ဆင်ပါပဲ။

ဒီမှာလည်း လမ်းတစ်လမ်းမှာ ရှိတဲ့ တံခါးပွင့် နေတဲ့ အိမ်တစ်အိမ် ဆိုတာ Range of IP address ကို ဆိုလိုတာပါ။
ဥပမာ ။ ။ searching active ports only at 123.20.xx.xx to 123.30.xx.xx
Copy from: www.koalpha.blogspot.com
Read more »

Cookie Stealing (MITM)

ဘလော့မှာ Facebook Account ဟတ်ချင်ပါတယ်ဆိုတဲ့ ကိုယ်တော်တွေအတွက် MHU ကအကိုတစ်ယောက်ရေးထားတဲ့ စာအုပ်ကိုပြန်ရှယ်လိုက်ပါတယ်။ ဒီလောက်တောင်မှ FB acc ကိုဟတ်ချင်နေတာ ဒီစာအုပ်ကိုသာဖတ်ကြည့်ပေါ့ဗျာ။ Educational Purpose only မို့ မဟုတ်တဲ့နေရာမှာသုံးရင်တော့ at your own risk ပဲ။ ဒီနည်းလမ်းလည်း ပြောရရင် 100% အလုပ်မဖြစ်ပါဘူးလေ။ ဘာပဲဖြစ်ဖြစ်ပေါ့။ လိုချင်တယ်ဆိုရင် ယူသွားနိုင်ပါပြီ။


Credit: Hearless (MHU)
Read more »

8/16/2013

LFI-via-phpinput Tutorial by H1N1 (Myanmar Version)

တကယ်ကောင်းမွန်တဲ့ ပို့စ်တစ်ခုဖြစ်လာဖို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး။ ဒီလိုစာအုပ်မျိုး ရေးနိုင်ဖို့ဆိုတာလည်း မလွယ်ကူပါဘူးဗျာ။ ကိုတုတ်ကွေးရဲစာအုပ်ကို ပြန်ရှယ်လိုက်ပါတယ်။
အခုလိုရေးပေးတဲ့ စာရေးသူတွေကို ကျွန်တော်တို့လို မတောက်တခေါက်သူတွေက ကျေးဇူးတင်ပါတယ်။ ဗဟုသုတအလိုငှာ ပြန်ရှယ်လိုက်ပါတယ်။ လိုချင်သူများ ဒေါင်းနိုင်ပါပြီ။ လင့်တွေအတွက် အခြား hosting site တွေကနေ အဆင်ပြေရင် ပြန်တင်ပေးပါမယ်။ လောလောဆယ်တော့ မူရင်းလင့်ကနေပဲ ညွန်းပေးလိုက်ပါတယ်။


Copy from: http://tokekway.blogspot.com/2013/08/lfi-via-phpinput-tutorial-by-h1n1-ebook.html
Read more »

What is Firewall?

Introduction to Firewall

ကျွန်တော်တို့ ကျောင်းတွေမှာ ဒါမှမဟုတ် ရုံးခန်းတွေမှာ အင်တာနက် အသုံးပြုတဲ့အခါမှာ အချို့  website (အထူးသဖြင့်  social site တွေဖြစ်တဲ့ Facebook တို့  Twitter တို့ ) တွေကို အသုံးပြုလို့ မရပါဘူး။
အဲ့လို အသုံးပြုလို့ မရအောင် Firewall ကို အသုံးပြုပြီး block ထားကြတာပါ။ နောက်ပြီးတော့ Firewall ဟာ Hacker တွေရဲ့ ရန်ကလည်း ကာကွယ်ပေးပါတယ် (၁၀၀% တော့မဟုတ်ဘူးဗျ.. ဘာလို့ လဲဆိုတော့ firewall ကို ဖောက်လို့ ရတဲ့ နည်းတွေအများကြီးရှိလို့  :P)
ကဲ ဒါဖြင့် Firewall ဆိုတာ ဘာလဲ သိဖို့ ဆက်လေ့လာလိုက်ရအောင်............

What is Firewall?

Firewall ကို ဥပမာပေးပြီးပြောရမယ်ဆိုရင် ဘာနဲ့ တူလဲဆိုတော့ ရုံးခန်း အပြင်ဘက်မှာ စောင့်တဲ့ လုံခြုံရေးဝန်ထမ်း နဲ့ တူတယ်လို့ ပြောလို့ ရတယ်ဗျ။
အဲ့ ရုံးခန်းက လုံခြုံရေး ၀န်ထမ်းတွေ ရဲ့ တာဝန်က ဘာလဲ ဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲ ID card အထောက်အထားပြ နိုင်တဲ့သူကို တော့ ရုံးခန်းထဲ ပေးဝင်တယ် ID အထောက်အထားမပြနိုင်တဲ့ သူတွေကိုတော့ block လုပ်ထားပေးတယ်။ အဲ့သဘောတရားအတိုင်းပဲ Firewall ဟာ System ထဲကို ၀င်လာမယ့် unauthorized access တွေကို block လုပ်ပေးထားပါတယ်။
Firewall ဟာ Software လဲဖြစ်နိုင်သလို Hardware လဲဖြစ်နိုင်ပါတယ်။ သူက Administrator က define လုပ်လိုက်တဲ့ rule တွေအတိုင် set လုပ်ပြီးတော့ အလုပ်လုပ်ပါတယ်။ Firewall Administrator ကို အသုံးပြုပြီးတော့ website တစ်ခုချင်းစီကို access လုပ်လို့ မရအောင် block လို့ ရပါတယ်။

- Traffic အားလုံ ( အ၀င်၊အထွက် ) ဟာ Firewall ကို ဖြတ်ပြီးသွားရပါတယ်။
- Admin က authorized ပေးတဲ့ traffic ပဲ ပေးဖြတ်ပါတယ်။ မဟုတ်ရင်တော့ block လုပ်လိုက်ပါတယ်။

Types of Firewall

  •  Packet Filtering
  •  Appliction level gate way
  •  Circuit level gate way

Packet Filtering ( Network Layer )

Packet Filtering Router ဟာ  incoming IP တစ်ခုချင်းစီကို admin က set လုပ်ထားတဲ့ rules တွေကို apply လုပ်ပါတယ်။ ပြီးတော့မှ forward လုပ်သင့်တာကို လုပ် discard လုပ်သင့်တာကို လုပ်တာပါ။ Router ကို အ၀င်အထွက်တွေအတွက် filter လုပ်ဖို့  config လုပ်ထားတဲ့သဘောပါပဲ။
ဒီ Packet Filtering မှာအဓိက သတိထားရမှာက IP Spoofing Attack ပါပဲ။ ဘယ်လို achieved လုပ်သွားလဲဆိုတော့ packet ရဲ့ IP source ကို change လုပ်ပြီး achieved လုပ်သွားတာပါ။

Appliction level gate way

ဒါကို proxy server လို့ လည်း လူသိများပါတယ်။ user က  TCP/IP layer ကို အသုံးပြုပြီးတော့ gateway နဲ communicate လုပ်တာပါ။ Gateway က connect လုပ်မယ့် remote host ရဲ့ နာမည်ကို မေးပါလိမ့်မယ်။
User ကသာ valid ဖြစ်တဲ့ user ID ကို ထည့်လိုက်မယ်ဆိုရင် Gateway ကနေပြီးတော့ remote access ပြန်ပေးပါလိမ့်မယ်။
Packet Filtering နည်းထက်ပို ပြီး လုံခြုံမှုရှိပါတယ်။ incoming traffic တွေကို အလွယ်တကူ audit လုပ်လို့ ရပါတယ်။ Application-level filtering မှာ spam, virus တွေကို လည်းကာကွယ်ပေးပါတယ်။

Circuit level gate way

Circuit level gate way  ကတော့ OSI model တွေရဲ့ session layer မှာ အလုပ်လုပ်ပါတယ်။ Monitor TCP နဲ့ packets တွေကို legitimate ဖြစ်အောင် လုပ်ပေးပါတယ်။ Traffic filter ကတော့ session rules တွေပေါ်မှာပဲ အခြေခံပါတယ်။
Circuit-level firewalls မှာတော့ network ကို hide လုပ်ပေးထားပါတယ်။ ဒီကောင်က denying access လုပ်တဲ့အခါမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် packet တစ်ခုချင်းစီကိုတော့ filter မလုပ်သင့်ပါဘူး။

Why Firewall?


Firewall ဟာ unauthorized users တွေကို block လုပ်ပေးပါတယ်။ network ထဲကို vulnerable services တွေ prohibits လုပ်ပေးပါတယ်။
IP spoofing နဲ့ routing attack တွေရန်ကနေ ကာကွယ်ပေးပါတယ်။
Remote login, Trojan backdoors, Session hijacking, cookie stealing စတာတွေကိုလည်း ကာကွယ်ပေးပါတယ်။
ဒါတွေကြောင့် Firewall ကို အသုံးပြုနေကြတာပါ။

Limitation of Firewalls

Firewall ဟာ  by pass firewall attack method ကို မကာကွယ်ပေးနိုင်ပါဘူး။
internal threats တွေကိုလည်း မကာကွယ်ပေးနိုင်ပါဘူး။
virus infected ဖြစ်နေတဲ့ progams (or) files ကို transfer လုပ်ခြင်းကိုလည်းမကာကွယ်နိုင်ပါဘူး။
 
ပို့စ်ကောင်းကောင်းလေးတစ်ခုဖြစ်ဖို့ ရေးရတာမလွယ်ပါဘူး။ ဒါကြောင့် Ko Apha ကို credit အကြီးကြီးပေးပါတယ်ဗျာ။ :D

Copy from: http://koalpha.blogspot.com/2013/07/what-is-firewall.html
Read more »

8/14/2013

My Favorite Hosting Sites

 
ကျွန်တော်သဘောကျမိတဲ့ free hosting site တွေကို ဖော်ပြလိုက်ပါတယ်။ ကျွန်တော်လက်ရှိသုံးနေတဲ့ file sharing site တွေပါ။ ဘလော့ဂါတွေအတွက် file hosting တွေအများကြီးရှိတဲ့ထဲက free ရတဲ့ဟာတွေပေါ့။ အလကားရတယ်ဆိုတော့ အချို့ဟာတွေက သုံးရင် မကောင်းတဲ့အချက်တွေလည်းပါပါတယ်။ အောက်မှာ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ hosting လေးတွေကို စုစည်းဖော်ပြလိုက်ပါတယ်။
Read more »

8/13/2013

Botnet Collection

Botnet တွေစုထားထားတဲ့ဖိုင်လေးကို ပြန်ရှယ်လိုက်ပါတယ်။ ကျွန်တော်တို့ DDoS တိုက်တဲ့အခါ အဆင့်မြင့်တိုက်ခိုက်နည်းကို အသုံးပြုရင် လူအင်အားတွေသိပ်မလိုပါဘူး။ botnet လေးတွေကို ဖန်တီးပြီး တစ်ကမ္ဘာလုံးက ကွန်ပျူတာတွေဆီကို ကိုယ့်ရဲ့ script တွေကို affect ဖြစ်စေပြီးတော့ တိုက်ခိုက်ရင် လူမလိုဘဲ Zoombie PC တွေနဲ့ ddos attack လုပ်နိုင်ပါတယ်။ နောက်မှ Botnet အကြောင်းသေချာရေးပါအုံးမယ်။ သူနဲ့ပတ်သက်တဲ့ မြန်မာလိုစာအုပ်တွေလည်း ရှိပါတယ်။ ရှာပြီးတော့ ဖတ်ပေါ့။ အသေးစိတ်သိချင်ရင်။
file size: 44 MB
Read more »

Turbinas_VolkS1.0

Turbinas_VolkS1.0

DDoS Attacking Tools
File Size: 1.2 MB
Download:
Read more »

ByteDOS v3.2

ကျွန်တော်ဆိုဒ်မှာမရှိသေးတာနဲ့ တင်ပေးလိုက်ပါတယ်။ ddos attack tool လေးတစ်ခုပါ။ ဘယ်လိုသုံးရတယ်ဆိုတာ မပြောတော့ဘူးနော်။ ဒေါင်းပြီးတော့သာ ကိုယ့်ဘာသာကိုယ့် စမ်းကြည့်ပါ။
ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါပဲ။ အဆင်ပြေကြပါစေ။ Min Soe Yar Sar ကနေပြန်ရှယ်ထားတာပါ။

Read more »

Cpanel Attacker

Cpanel Attacker တဲ့။ ကျွန်တော်ကတော့ မသုံးဖူးပါဘူး။ ဟက်ကာတွေတော့ ယူထားကြပေါ့ဗျာ။ မသုံးဖူးတော့ ဘယ်နေရာမှာ သုံးနိုင်တာလဲ သေချာမပြောပြနိုင်တာ နည်းလည်ပေးပါ။ ကျွန်တော်အထင် တစ်နေရာရာမှာတော့ အသုံးဝင်လိမ့်မယ်ဗျ။ ဟီး။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါပဲ။ စမ်းကြည့်ဖို့ ဒေါင်းယူနိုင်ပါပြီ။ အဆင်ပြေကြပါစေဗျာ။ :D

Password: www.soesoediary.org
Download: Box Mirrorcreator
Read more »

8/12/2013

ကြောက်မက်ဖွယ် XKeyscore

တကယ်လို့ သင့် Email, IM, Browsing history တွေကအစ အင်တာနက်မှာ မိမိပြုလုပ်သမျှ Activity တွေကို စောင့်ကြည့်နေတယ်ဆိုတာ သိရင် ရှော့ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါကတော့ ဟိုတလောက နာမည်ကြီး အမေရိကန်စုံထောက်ဟောင်း စနိုဒန်ရဲ့  လူထုကြားကို ဖွင့်ချခဲ့တဲ့ NSA ရဲ့ XKeyscore ဆိုတဲ့ ပရော့ဂျက်အစိတ်အပိုင်းပါ။ NSA က သင့် Email အကောင့်ကိုစစ်ဆေးဖို့ ဝရမ်းလည်းထုတ်စရာမလိုဘဲ သင့်ရဲ့ activity တွေအားလုံးကိုစောင့်ကြည့်နိုင်ပါသတဲ့။ သင့်အနေနဲ့ http နဲ့ပဲဖြစ်စေ https နဲ့ပဲဖြစ်စေ လုံခြုံမှုမရှိနိုင်ပါဘူးတဲ့။ ဘုရားဘုရား တော်တော်ကို ကြောက်စရာကောင်းနေပါပြီ။ ဒီသတင်းဟာ Edward Snowden ရဲ့  the Guardian newspaper မှာဖွင့်ချလိုက်တဲ့သတင်းကနေလာတာပါ။ NSA အနေနဲ့လည်း XKeyscore ဆိုတာရှိကြောင်းဝန်ခံသွားပါတယ်။ သူတို့ကတော့ အထူးထိန်းချုပ်မှုရဲ့အောက်မှာ check and balance ဖြစ်အောင် လုပ်ထားပါတယ်လို့ပြောပေမယ့် တကယ်လို့မှ သူတို့ပြောသလိုမဖြစ်ခဲ့ရင် ကျွန်တော်တို့ အင်တာနက်မှာ မလုံခြုံတော့ပါဘူး။




XKeyscore မှာ ဆာဗာပေါင်း 700 နဲ့လည်ပတ်ထားပါတယ်။ သူ့ရဲ့ OS က Linux ပါ။ ကမ္ဘာတစ်ဝန်းမှာ နေရာပေါင်း 150 ထက်မက XKeyscore ဆာဗာတွေတည်ရှိနေပြီး အချိန်နဲ့အပြေးညီ information တွေကို NSA ရဲ့ဒေတာဘေ့စ်မှာ indexing လုပ်နေပါသတဲ့။
ဆာဗာအနေနဲ့ အင်တာနက်ပေါ်ကအကြောင်းအရာတွေကို ကြားဝင်ဖမ်းယူခြင်း data တွေကို analysis လုပ်ပေးခြင်း စတာတွေလုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။။ XKeyscore အနေနဲ့ Gmail ကနေဘယ်သူပို့တာ ဘယ်သူကလက်ခံသူဆိုတာ သိစရာမလိုဘဲ Body Text မှာပါဝင်တဲ့စာသားတွေကို http packet sniffing
နည်းနဲ့ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကိုအသုံးပြုပြီး 2008 ခုနှစ်တုန်းက အကြမ်းဖက်မှုတွေကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါသတဲ့။ NSA က ဘာကြောင့် XKeyscore လို https ကို ကျော်ဖြတ်နိုင်တဲ့နည်းတွေကို ဖန်တီးလိုက်တာလဲ။ ဒီလိုသာဆိုရင် https, PGP, VPN တွေက
လုံခြုံမှုမရှိနိုင်တော့ပါဘူး။ အဲလိုသာဆို ကျွန်တော်တို့ဟာ အနောက်နိုင်ငံများရဲ့ ခွင့်ပြုချက်မရဘဲနဲ့ အင်တာနက်မှာ လုံခြုံစွာ Facebook တွေသုံးဖို့ဆိုတာ စဉ်းစားစရာတွေဖြစ်လာပါပြီ။ :D

မှတ်ချက်။ အချို့သော Technical Tern များပါတဲ့စာကြောင်းရေများကို ဖယ်ထုတ်ပြီး ဆောင်းပါးပုံစံ နားလည်လွယ်အောင် ဘာသာပြန်လိုက်တာပါ။ မူရင်းဆောင်းပါးကိုဒီနေရာမှာ အပြည့်အစုံဖတ်နိုင်ပါတယ်။



http://www.extremetech.com/extreme/162739-xkeyscore-the-nsa-program-that-collects-nearly-everything-that-you-do-on-the-internet
Read more »

Good Bye Windows XP

ကျွန်တော်တို့ရဲ့ အချစ်တော် Microsoft က Windows XP ကို Support လုပ်ခြင်း ရပ်လိုက်ပါပြီ။ ဆယ်စုနှစ်တစ်ခုစာ လွမ်းမိုးထားတဲ့ Windows XP ဆိုရင် အခုဆို Good Bye လို့နုတ်ဆက်ရတော့မှာပါ။ ဒါကို Microsoft က August 8 ရက်နေ့က တရားဝင်ကြေငြာလိုက်တာပဲဖြစ်ပါတယ်။ ပြောရရင် Windows XP ဆိုတာ သက်တမ်းအကြာဆုံး လူကြိုက်အများဆုံး OS တစ်ခုပါပဲ။ ဒါပေမယ့် အခုတော့ Vul တွေအများကြီးရှိနေပြီပဲ။ :D Windows XP ကိုအခုတော့ အနားပေးလိုက်ပြီးနောက် မိုက်ခရိုဆော့က users တွေကို Windows 8 ကိုပြောင်းလဲကြဖို့ တိုက်တွန်းထားပါတယ်။ တချိန်တခါတုန်းက ကျွန်တော်တို့ အသည်းစွဲဖြစ်ခဲ့တဲ့ Windows XP ကိုအခုတော့ လက်ဆွဲနုတ်ဆက်လိုက်ကြရတော့မှာပါ။ တကယ်လို့ သင့်မှာ Windows XP ကိုသွင်းထားသေးတယ်ဆိုရင် Windows 7 ဒါမှမဟုတ် Windows 8 ကိုသာပြောင်းလဲကြပါတော့။ :D

Ref: Techbeat
Read more »