Gain complete coverage of the Java language and new JDK for all levels of programmers with "Java 1.2: The Complete Reference" that brings all the elements of learning and advancing with the popular programming language in one book. I've upload this ebook from devhost hosting site for easy download. Thanks a lot for visiting my blog.
7/17/2012
Version အကြောင်း တစ်စေ့ တစ်စောင်း သိကောင်းစရာများ
ကျွန်တော်တို့ဆော့ဖ်ဝဲလ်တွေရဲ့ဗားရှင်း အကြောင်းလေး ကြည့်ရအောင်နော်
ဆော့ဖ်ဝဲလ်တွေရဲ့ဗားရှင်းက Major နဲ့ Minor ဆိုပြီး နှစ်မျိုးရှိတယ်ခင်ဗျ။
ဥပမာ - IDM 6.12 မှာဆိုရင် Major က 6၊ Minor က 12 ဆိုပါတော့။ Minor version ကိုမှ Build xxxx ဆိုပြီး နံပါတ်တွေထပ်ခွဲသေးတယ်။ ဆော့ဖ်ဝဲလ်တစ်ခုက ဈေးကွက်ထဲပို့လိုက်ပြီဆိုရင် ဘယ်လောက်မိုးပျံအောင်ကောင်းတဲ့ product ဖြစ်ပါစေ bug လို့ခေါ်တဲ့ coding error တွေ စတဲ့ အမှားမျိုးလေးတွေကတော့ ပါလာတာချည်းပါပဲ။
အကောင်းဆုံးရေးသားထားတဲ့ ဆော့ဝဲလ်တစ်ခုပဲ မြင်ဖူးပါတယ် အဲဒါက ဘာလဲဆို Adobe Photoshop Cs6 ပါ ကြောင်ရုပ်လေးနဲ့ ရေးထားတဲ့ ကောင်ကိုပြောတာ ဘယ်လိုရေးထားတာလဲ ဆို ဒီကောင်က ကော်ပီဗားရှင်းတွေ ထိလွန်းလို့ ထင်တယ် ဒီဆော့ဝဲလ်ကို ဘယ်ဟက်ကာ ခရက်ကာကပဲ ဟက်ဟက် ခရာခရက် ဘယ်နေ့ရောက်ရင် ပျက်ပါစေဆိုပြီး ရေးထားတာ အဲနေ့လဲရောက်ရော အကုန်တင်ထားသူမှန်သမျှ အကုန်ပျက်တာပါပဲ ပြောရင်းဘေးတော့ ရောက်နေပြီ ပြန်သွားမယ်
အဲဒါတွေအတွက် ဆော့ဖ်ဝဲလ်ကုမ္ပဏီတွေကနေ bug fix တွေ၊ service pack
တွေထုတ်ပေးဖို့ လိုလာပါတယ်။ အဲဒီအခါမျိုးကျရင် မူလဗားရှင်းမှာ minor version
တိုးပြီးထပ်ထုတ်ပါတယ်။ နောက်ပြီး customer တွေဘက်ကတောင်းဆိုတဲ့ New Feature လေးတွေထပ်ထည့်ချင်တဲ့အခါမျိုးမှာလည်း
minor ဗားရှင်းကိုတိုးပြီး ထပ်ထုတ်လေ့ရှိပါတယ်။
Windows XP, Windows XP SP1, Windows XP SP2 နဲ့ Windows Updates Hot Fix စတာတွေကလည်း ဒီသဘောပါပဲ။ ဒါပေမယ့်.. ဆော့ဖ်ဝဲလ်တစ်ခုဟာ Release လုပ်ထားတာ သိပ်ကြာလာပြီ။ ပြင်စရာတွေ၊ New Technology
တွေလည်းများလာပြီဆိုရင် အဲဒါတွေကိုစုပေါင်းပြီး Major ဗားရှင်းကိုတိုးပြီး ဗားရှင်းအသစ်အဖြစ် ထပ်ထုတ်ပါတယ်။ အဲဒီအခါကျရင် အစစအရာရာအသစ်ဖြစ်နေတတ်ပါတယ်။ User Interface လို့ခေါ်တဲ့ အမြင်ပိုင်းဆိုင်ရာတွေကအစ မတူညီတတ်ပါဘူး။ အဲဒီဗားရှင်းတွေကျရင်တော့ သတိထားရပါမယ်။ ချက်ချင်းတန်းမသုံးသင့်သေးပါဘူး။ Stable ဖြစ်တဲ့အချိန်ကာလတစ်ခုအထိ၊ အဲဒီဆော့ဖ်ဝဲလ်နဲ့ပတ်သက်တဲ့ Knowledge Base တွေများလာတဲ့အထိ စောင့်ဆိုင်းသင့်ပါတယ်။ Windows ကိုပဲဥပမာထားပြောရအောင်။ ကျနော်တို့နဲ့တစ်သားတည်းဖြစ်နေတဲ့ Operating System က Windows XP Professional ပါ။ သူ့ကို မိုက်ခရိုဆော့ဖ်ကနေ (၂၀၀၁)မှာ ထုတ်ခဲ့တယ်။ သူ့ရဲ့အားနည်းချက်တွေကို ဖြည့်ဆည်းပေးတဲ့ SP1 and SP2 တွေကိုတော့ (၂၀၀၂) နဲ့
(၂၀၀၄)မှာထုတ်တယ်။ SP3 ကတော့ ခုထိထုတ်လုပ်ဆဲ အနေအထားမှာပဲရှိသေးတယ်။
(အဲဒီ SP3 မှာဆို ပြင်ဆင်မှုပေါင်း (၁၀၇၃) ခုလုပ်ထားတယ်လို့ဆိုပါတယ်။)
Windows XP နဲ့ SP1, SP2 တွေမှာ အပြောင်းအလဲကို ကျနော့်တို့ရဲ့ လူပြိန်းမျက်စိနဲ့
သတိမထားမိပါဘူး။ ပိုကောင်းလာတယ်လို့ နားလည်နိုင်ပေမယ့် ဘာတွေပိုကောင်းလာမှန်း
သေသေချာချာ မမှတ်သားမိပါဘူး။ဒါပေမယ့် အခုနှစ် (၂၀၀၇) အစောပိုင်းမှာ ၀င်းဒိုးစ်အတွက် အဓိကဗားရှင်းအပြောင်းအလဲအဖြစ်
Windows Vista ထွက်လာပါတယ်။ Windows Installation မှာပဲ အပြောင်းအလဲကို
သတိထားမိနိုင်တယ်။ သွင်းလည်းသွင်းပြီးရော ပေါ်လာတဲ့ Interface ကသားရည်ကျစရာ။
လှလိုက်တာ၊ ချောမွေ့လိုက်တာ။ တကယ်လည်းသုံးမယ်ဆိုရော ဒုက္ခနဲ့လှလှကိုတွေ့တာပဲ။
စကားလုံးအသစ်၊ နည်းပညာအသစ်၊ လမ်းကြောင်းအသစ်တွေနဲ့...။
Network Configuration တွေလုပ်ဖို့ အရင်က ကလစ်နှစ်ချက်နဲ့ပြီးတယ်။
သူ့ကျတော့ လေးငါးခြောက်ချက်။ ဒီကြားထဲ UAC ဆိုတာကြီးက၀င်ရှုပ်လို့
ကိုယ်လုပ်ထားတဲ့ဖိုင်တောင် ကိုယ်ပြန်ဖျက်မရ။ အရင်ဂိမ်းအဟာင်းတွေ တစ်ခုမှဆော့မရနဲ့ ကျွမ်းပစ်တော့တာပါပဲ။ ရေရှည်သုံးရင်ကျွမ်းကျင်လာနိုင်ပေမယ့် လောလောဆယ်
အလုပ်မတွင်တာနဲ့ ဒင်းကိုပြန်ဖြုတ်၊ Windows XP ရင်ခွင်ဟောင်းမှာပဲ ပြန်ခိုဝင်ရတာပေါ့ခင်ဗျာ။
ဒါတောင် သံယောဇဉ်ကမကုန်တော့ WindowsBlind ဆော့ဖ်ဝဲလ်အကူအညီနဲ့ XP ကို
ဗစ်စတာပုံတူလုပ်ထားသေးတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ဗစ်စတာကိုသုံးမယ်ဆို သုံးဖို့သင့်ပါပြီ။ သူ့အားနည်းချက်တော်တော်များများကို ပြင်ဆင်ပေးတဲ့ Service Pack 1 လည်းထွက်ပါပြီ။ သူ့အကြောင်း စာအုပ်တွေ၊ သင်ကြားရေးစီဒီတွေအင်တာနက်က အကူအညီတွေ စတာတွေလည်း တစ်ပုံတစ်ပင်ရှိနေပါပြီ။ နောက်တစ်ခုက... ဆော့ဖ်ဝဲလ်တွေရဲ့သက်တမ်းပါ။ Windows XP မပေါ်ခင်က Windows 98 နဲ့ Me ကိုကွန်ပျူတာတိုင်းမှာသုံးခဲ့ကြတာပါပဲ။ ဒါပေမယ့် အခုမြို့ထဲက ဘယ်ကွန်ပျူတာကိုကြည့်ကြည့် XP ကိုပဲတွေ့ရမှာပါ။ အမယ်.. ဟိုတစ်လောက မိုက်ခရိုဆော့ဖ်ရဲ့အရှင်သခင် ဘီလ်ဂိတ်က Windows 98 နဲ့ပတ်သက်လို့ ဘာမှပံ့ပိုးတော့မှာ မဟုတ်ဘူးလို့ ကြေငြာတာဖတ်လိုက်ရသေးတယ်။ သူ့လောက်ကတော့ ကျနော်တို့ မြန်မာတွေက သနားသေးတယ်။ သူမကြေညာခင်ကတည်းက ဒီမှာ 98 ကိုဘယ်သူမှမသုံးတော့ဘူး။win 7 ကို ၁၀၀၀ (ကျပ်) ပေးဝယ်ပြီး တင်ထားတာ မဟုတ်ကြဘူးလား(ဟီး) ပြောရင်းနဲ့ ဘေးချော်ကုန်ပြီ။ ပြောချင်တာကတော့ အသစ်ဆိုတိုင်း သုံးလို့မကောင်းသလို သိပ်ဟောင်းတာတွေလည်း မသုံးသင့်ပါဘူး။ ဗားရှင်းတိုင်းမှာ သူ့ကိုထုတ်တဲ့ကုမ္ပဏီတွေ၊ ဒါမှမဟုတ် သုံးတဲ့ customer တွေက သတ်မှတ်ထားတဲ့ recommended version တွေရှိပါတယ်။ ဘယ်ဗားရှင်းကို သုံးသင့်သလဲဆိုတာ မိမိဘာသာလေ့လာပြီး ရွေးချယ်အသုံးပြုကြဖို့ ယူဆကြောင်းပါခင်ဗျာ။ ဖတ်မိသမျှ ပြန်လည်မျှဝေသည်။

တချိန်ချိန်မှာ ဘလောက်တစ်ခုခု ပျောက်ဆုံးသွားမှာ စိုးရိမ်မှုအတွက်
ထိမ်းသိမ်းမှုဖြစ်ပါသည်.. အသိပညာ ဗဟုသုတ များတိုးပွားနိုင်ပါစေ ဗျာ။
Credit To: http://sun-itgarden.blogspot.com
Labels:
Knowledges
Mac OSX for Unix Geeks
If you're one of the many Unix developers drawn to Mac OS X for its BSD core, you'll find yourself in surprisingly unfamiliar territory. Even if you're an experienced Mac user, Mac OS X is unlike earlier Macs, and it's radically different from the Unix you've used before, too.
Enter "Mac OS X for Unix Geeks" by Brian Jepson and Ernest E. Rothman, two Unix geeks who found themselves in the same place you are. Their new book is your guide to figuring out the BSD Unix system and Mac-specific components that are making your life difficult and to help ease you into the Unix inside Mac OS X. This concise book includes such topics as:

Unix eBooks
XML Programming Bible (2003)
Covers all the most recent XML core and related specifications including XML 1.1, J2EE 1.4, Microsoft .NET's latest iteration, as well as open source XML items from the Apache project. Strong coverage of XML use with databases, transactions, and XML security.
Discusses both Microsoft (.NET) and Sun (Java) programming integration with XML, an approach not taken in any other book. Presents extensive business examples, including several major applications developed throughout the book. No previous exposure to XML is assumed.
Labels:
Programming eBooks
7/16/2012
Java Secrets
Java Programming ကိုလေ့လာနေတဲ့ လူငယ်မောင်မယ်များအတွက် Java Secrets ကိုတင်ပေးလိုက်ပါတယ်။ ဒီစာအုပ်မှာ Java ရဲ့ လျို့ ၀ှက်ချက်တွေကို ဖတ်ရမှာဖြစ်ပါတယ်။ Java ကိုအတော်အတန် နားလည်တတ်ကျွမ်းတဲ့ သူတွေသာ ဖတ်ရှုနိုင်ပါလိမ့်မယ်။ ခုမှ Java ကိုစလေ့လာမယ့်လူတွေအတွက်ကတော့ အခြေခံအဆင့် Java စာအုပ်များကိုသာအရင်ဆုံးဖတ်သင့်ပါတယ်။ မြန်မာလိုရေးသားထားတဲ့ Java စာအုပ်တွေကိုလည်း
Labels:
Programming eBooks
7/14/2012
UNIX Filesystems - Evolution, Design, & Implementation 2003
Covers all versions of UNIX, as well as Linux, operating systems that are used by the majority of Fortune 1000 companies for their mission-critical data
* Offers more detail than other books on the file input/output aspects of UNIX programming
* Describes implementation of UNIX filesystems over a thirty year period
* Demonstrates VERITAS and other filesystem examples

Super Hide IP v3.3.1.6 [Full]
Facebook ပေါ်မှာတွေ့လို့ မျဝေလိုက်ပါတယ်။ မိမိတို့ရဲ IP Address တွေကို ဖျောက်ပစ်ဖို့ Super Hide IP ဖြစ်ပါတယ်။ အားလုံးလည်း သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လေရှည်ပြီးမရှင်းပြတော့ပါဘူး။ မသိသေးတဲ့ လူတွေအနေနဲ သိပြီးသားလူတွေကို မေးမြန်းခြင်းဖြင့် လိုရာသို့ရောက်ရှိစေအံ့၊ :P
Labels:
Hacking Tools
AutoCAD 2005 for Dummies
English Version AutoCad 2005 စာအုပ်ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကို အတတ်နိုင်ဆုံးသေးအောင် စီမံထားပါတယ်။ ဒေါင်းရတာအဆင်ပြေအောင်လို့ပါ။ AutoCAD ကိုလေ့လာတဲ့လူတွေကတော့ လိုချင်ကြမယ်လို့ မျော်လင့်မိပါတယ်။ စာအုပ်ဖိုင်ဆိုဒ်ကတော့ 6 MB ကျော်လောက်ရှိမယ်။
Labels:
Engineering eBooks
Core Java 2: Advanced Feactures
Core Java Volume II ရဲ နောက်ဆီးရီးထွက်စာအုပ်လေးပါ။ ဖိုင်ဆိုဒ် 2.6 MB ရှိပါမယ်။ ဂျဗားကတော့ C, C++ ကိုသိထားရင် လေ့လာရတာအဆင်ပြေပါသတဲ့။ ဘာလို့လဲဆိုတော့ အလုပ်လုပ်ပုံတွေက C++ ကိုတုပထားတာကိုး။ Java ကိုလေ့လာထားတဲ့လူတွေဟာဆိုရင် နိုင်ငံတကာမှာတော့ အလုပ်ရတယ်လို့ကြားဖူးပါတယ်။ လိုချင်တယ်ဆိုရင် အောက်မှာယူသွားလိုက်နော်။ အားလုံးပဲ အဆင်ပြေကြပါစေ။
Labels:
Programming eBooks
Core Java 2 - Volume I
ကဲ ဒီနေ့တော့ ဒီပို့စ်လေးနဲ့ နုတ်ဆက်ခဲ့ပါရစေဗျာ။ ဂျဗား Programming ကိုလေ့လာနေတဲ့ လူငယ်တွေအတွက် စာအုပ်တစ်အုပ်လေးဖြစ်ပါတယ်။ သူ့မှာနောက် series ရှိပါသေးတယ်။ Volume II ဆိုပြီးတော့ပေါ့။ အဲဒါကိုတော့ နောက်နေ့တွေမှာ ဆက်ပြီးတင်ပေးပါမယ်။ လောလောဆယ်တော့ ဒီစာအုပ်ကိုပဲ ဒေါင်းလိုက်အုံးပေါ့နော်။ စာအုပ်လေးကတော့ 2 MB လောက်တော့ရှိမယ်။
လိုချင်တယ်ဆိုရင် အောက်ကနေယူသွားနိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ။
Labels:
Programming eBooks
7/12/2012
Using MATLAB (Myanmar Version)
MATLAB အသုံးပြုနည်း ebook ဖြစ်ပါတယ်။ ဒီဆော့ဝဲလ်ကို အင်ဂျင်နီယာကျောင်းသားတွေကတော့ ရင်းနှီးပြီးသားဖြစ်ပါမယ်။ အထူးသဖြင့် Mechanical Engineering, Civil Engineering ကကောင်တွေကတော့ ထိတွေ့ပြီးသားဖြစ်ပါလိမ့်မယ်။ အခုမှ စလေ့လာမယ့်လူတွေအတွက်ရော၊ အင်ဂျင်နီယာကောင်းသားတွေအတွက်ရော၊ ဒီအတိုင်းသိမ်းထားမယ့် လူတွေပါမကျန်စေရ။ အလွယ်တကူယူနိုင်အောင်လို့ တင်ပေးလိုက်ပါတယ်။ ယူကြကုန်လော့။ :P
MATLAB ebook အတွက် ကိုညီနေမင်းဆိုဒ်ကနေ ကူးယူထားပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။
Labels:
Engineering eBooks,
Myanmar Ebooks
BSD Hacks
Unix OS ကိုအခြေခံတဲ့ BSD အကြောင်းရေးထားတဲ့ စာအုပ်လေးပါ။ ခုတလော ကျွန်တော် ဟက်ကင်းစာအုပ်တွေမတင်ပေးနိုင်သေးတာနဲ့ ခုနကမှ Google ကနေအသစ်ရှာလာတဲ့ စာအုပ်လေးကို စာဖတ်သူတို့ ဖတ်ရန်အလိုငှာ မျှဝေပေးလိုက်ပါတယ်။ BSD Hacks ရဲ့ဖိုင်ဆိုဒ်ကတော့ 1.7 MB ကျော်လောက်ဖြစ်ပါတယ်။အားလုံးပဲ အဆင်ပြေကြပါစေဗျာ။ ဒေါင်းပြီးသွားရင် ကျေးဇူးပြုပြီး
Comment လေးတစ်ခုခုပဲဖြစ်ဖြစ်ထားစေချင်ပါတယ်။ အားလုံးကို လေးစားလျက်။
Labels:
Hacking Ebooks
Subscribe to:
Posts (Atom)