ကျွန်တော်တို့ အင်တာနက်ကနေ ဇာတ်ကားတွေ ဒေါင်းလုတ်ဆွဲရင် YIFY ကတော့ အကောင်းဆုံး Movie Release Group တစ်ခုလို့ ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖိုင်ဆိုဒ်ကို သေးနိုင်သမျှသေးအောင်
လုပ်ပေးပြီး Quality ကိုလည်း အဆင်ပြေအောင်ထိန်းထားပါတယ်။ မှတ်ထားရမှာက ဖိုင်ဆိုဒ် 500MB အောက်လျော့လိုက်ရင် movie quality ကျသွားတာ သတိပြုပါ။ ဒီတော့ အတော်အတန် quality ကောင်းတဲ့ movies တစ်ခုဟာ 500-900MB ရှိနေသင့်ပါတယ်။ ဒီတော့ ခင်ဗျားလည်း 3GB ဇာတ်ကားတစ်ခုကို 700MB လောက်လျော့ပြီး YIFY စတိုင် movie တစ်ခု မလုပ်ချင်ဘူးလား။ လွယ်ပါတယ်။ ကျွန်တော်လည်း အစက မသိပါဘူး။ ဒီလိုပဲ သူများတွေရေးထားတာကို ဖတ်ပြီး သိတာပါ။ ဒီတော့ Encode လုပ်ဖို့ VidCoder ဆိုတဲ့ဆော့ဝဲလ်ကို အင်စတော့ လုပ်လိုက်ပါ။ အခြား Tool တွေကလည်း အများကြီးပါ။ Handbrake, Xvid4PSP ဘာညာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ သုံးရတာ လွယ်ကူတဲ့ VidCoder ကိုပဲ သဘောကျပါတယ်။ VidCoder ကို အောက်က link မှာသွားဆွဲလိုက်ပါ။
Download>> http://vidcoder.codeplex.com/
ဒေါင်းပြီးရင်တော့ Install လုပ်လိုက်ပေါ့။ ဒီအပိုင်းက လူတိုင်းလုပ်နိုင်တာမို့ အင်စတော့ လုပ်တာကို ကျော်သွားပါမယ်။
VidCoder ကိုဖွင့်လိုက်ရင် ဒီလိုပေါ်လာပါမယ်။ သင် encode လုပ်မယ့်ဇာတ်ကားက သူများတွေ encode လုပ်ထားပြီးသား ဖိုင်ဆိုရင် (ဥပမာ Lucy.BDRip.264.YIFY.mp4) Open Video File ကနေ encode
လုပ်မယ့်ဖိုင်ကိုရွေးပါ။ တကယ်လို့ ခွေကနေ ကူးထားတဲ့ဖိုင်ဆိုရင်တော့ Open DVD/Blu-Ray Folder ကနေ ရွေးပါ။
ပြီးရင် Encoding (Setting) ကိုသွားပါ။ ဒါဆိုရင် Container နေရာမှာ encode လုပ်ပြီးရင် ထွက်လာမယ့် Output Format အတွက် MP4, MKV ဆိုပြီးရှိတဲ့အနက် ကြိုက်တာ ရွေးပါ။ ပုံမှန်အားဖြင့် ကျွန်တော်ကတော့ MP4 ကိုသာရွေးပါတယ်။ ပြီးရင် Picture(tag) ကိုသွားပါ။ Sizing အောက်နားလေးက Width နေရာမှာ 720p အတွက် 1280 ကိုသတ်မှတ်ပါ။ 1080 အတွက် 1920 သတ်မှတ်ပါ။ နောက် Anamorphic ဆိုတဲ့ဘေးနားက Loose ဆိုတဲ့နေရာလေးမှာ Modulus ကို 16 သတ်မှတ်ပေးပါ။ Cropping နေရာမှာ ဘာမှမလုပ်ဘဲ none ကိုသာရွေးပေးပါ။ တကယ်လို့သင်က ကလိချင်တယ်ဆိုရင် Top, Left, Right နေရာမှာ လိုသလောက်သတ်မှတ်ပေးပြီး ကလိနိုင်ပါတယ်။ ဒါပေမယ့် သာမန်ယူဆာတွေအနေနဲ့ လုပ်စရာမလိုပါဘူး။ VIDEO FILTER tag နေရာမှာတော့ ချန်ထားလိုက်ဖို့ အကြံပေးပါတယ်။ ဘာမှမလုပ်ပါနဲ့။ နောက်ထပ် Video tag နေရာကိုသွားလိုက်ပါအုံး
Video Codec က x264 ဖြစ်ရပါမယ်။ Framerate(FPS) ကတော့ 23.976 ဖြစ်ရပါမယ်။ Constant FrameRate ဆိုတဲ့ဟာကို ရွေးပါ။ Quality နေရာက Avg Bitrate(kbps) ဆိုတဲ့နေရာမှာ 1000 ထက်မကျော်တဲ့ ကြိုက်တဲ့ ဂဏန်းထည့်ပါ။ ဥပမာသင်က 989 ဆိုပြီးပေးရင် Target Size နေရာမှာလည်း 900MB ဝန်းကျင် output file size အဖြစ်ထွက်လာတာတွေ့ရပါမယ်။ 3GB ကို encode မယ်ဆို 700-800MB file size ဖြစ်အောင် လုပ်လိုက်ပေါ့။ ဒါဆို အဆင်ပြေမှာပါ။ Audio tab နေရာကိုထပ်သွားမယ်ဆိုရင် Codec နေရာမှာ AAC(avcodec) ကိုရွေးပါ။ ဘာကြောင့်ဆို အဲဒါက Device, Platform အားလုံးနဲ့ အဆင်ပြေမှာ ဖြစ်လို့ပါပဲ။ Mixdown နေရာမှာ Stereo ကိုရွေးပါ။ Sample rate မှာ 48KHz ကိုရွေးပါ။ Video tag အောက်က Advanced tag ကိုရွေးလိုက်ရင် နောက်ထပ် setting တွေရှိလာပါတယ်။ ဘာမှမစဉ်းစားပါနဲ့ Reference Frames နေရာမှာ 4 ကိုသာရွေးပေးလိုက်ဗျာ။ ဘာလို့ ရွေးတာလဲ ကျွန်တော်လည်း ဘာမှမသိဘူး။ :D ကဲ setting တွေချိန်ပြီးပြီဆိုရင် Preview ကနေ တချက်ကြည့်လိုက်ဗျာ။ အဆင်ပြေမယ်လို့ထင်ရရင် Encode စတင်နိုင်ပါပြီ။ များသောအားဖြင့် ကျွန်တော်ကတော့ 720p အတွက် အချိန် အနည်းဆုံး ၁ နာရီပေးရပါတယ်။ ဒါကတော့ ကိုယ်သုံးတဲ့ CPU power ပေါ်မူတည်ပြီး အနည်းအများတော့ ကွာပါလိမ့်မယ်။ ဒါဆိုရင် 3GB, 2GB ဖိုင်ကြီးကြီးတွေကို 700-800MBအဖြစ် encode လုပ်နိုင်ပါပြီဗျာ။
[+Screenshots+]
Read more »