9/11/2013

How to Upload Shell in Joomla Part I


ကျွန်တော်တို့လို့ မတောက်တခေါက်လေး ဟတ်ကင်းလောကထဲဝင်လာတဲ့သူတွေအတွက် ကျွန်တော်တွေ့ရှိထားတဲ့ Tip လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ကျွန်တော်လည်း အများကြီးတတ်သိလို့မဟုတ်ပါဘူး။ ဒီလိုပဲ ကိုယ်သိတာလေးကို ရှယ်ပေးလိုက်ချင်လို့ပါ။ ကျွန်တော်တို့ ဆိုဒ်တွေကို SQL နဲ့ဖြစ်ဖြစ် အခြားသောနည်းတွေနဲ့ဖြစ်ဖြစ် admin, pass တွေရပြီးတဲ့အခါ deface တင်ဖို့လုပ်ရပါတယ်။ အဲဒီမှာ တစ်ခါတည်း shell ပါတင်လိုက်ရင် အဆင်ပြေတာပေါ့။ ဒါပေမယ့် shell မတင်တတ်တော့ ခက်ပြီဗျာ။ ကဲ နည်းတွေအများကြီးရှိပါတယ်။ ကဲ စမယ်ဗျာ။

Method 1 : Install Template
ဒီနည်းကတော့ Template ကိုအသစ် install လုပ်ပြီးတင်နည်းပါ။ ဒီတော့ ကိုဟတ်ထားတဲ့ဆိုဒ်ရဲ့ Joomla version ကိုသိထားဖို့လိုပါတယ်။ ဗားရှင်းကို ဟတ်ထားတဲ့ဆိုဒ်ရဲ့ညာဘက်အပေါ်ဆုံးမှာ ကြည့်ပါ။ In my case, version 1.5.28 ပေါ့နော်။ ဒီတော့ အဲဒီ Template ကို Google ကနေယူပြီးဒေါင်းလိုက်ပါတယ်။ ပြောရရင်တော့ http://www.joomla24.com/remository/finishdown/4042.html အဲဒီကနေဒေါင်းလိုက်ပါတယ်။ 1sr_first_1.0.2.zip ဆိုတဲ့ဖိုင်လေးရလာပါတယ်။ အဲဒီဖိုင်ကို unzip လုပ်လိုက်မယ်။ ပြီးရင် အဲဒီထဲကမှ index.php ဆိုတဲ့ဖိုင်ကို Notepad နဲ့ဖွင့်လိုက်ပါမယ်။ အထဲက html code တွေကို ကိုယ့်ရဲ့ shell code နဲ့အစားထိုးပေးလိုက်မယ်။ ပြီးရင် အဲဒီဖိုင်ကို zip file ဖြစ်အောင်ပြန်လုပ်ပါမယ်။
ကဲ ဒီတော့ ထုံးစံအတိုင်း admin panel ကနေ login ဝင်လိုက်ပြီဗျာ။


အထဲကိုရောက်ပြီဆိုရင် Menu> Extensions> Install/Uninstall ပေါ့ဗျာ။


Next Page တစ်ခုမှာ Upload package ကနေ ခုနက ကျွန်တော်တို့ဒေါင်းပြီးပြင်ထားတဲ့ ဖိုင်လေးကိုခုလို upload တင်လိုက်မယ်ဗျာ။


ကဲ ဒါဆိုရင်တော့ ကျွန်တော်တို့ဟတ်ထားတဲ့ဆိုဒ်ကနေ upload တင်ထားတဲ့ template url ကိုခေါ်မယ်။ www.someone.com/templates/1sr_first/index.php ပေါ့နော်။ In my case, http://www.billykueek.com/templates/1sr_first/index.php ဒီလိုလေးဖြစ်သွားမှာပေါ့နော်။ :D


ကဲ ဒါဆိုရင် shell ကိုမြင်ရပါပြီ။ Deface တင်လို့ရပါပြီ။ method 1 done!

Method 2: Global Configuration

ဒီနည်းလမ်းကတော့ အပေါ်ကလိုမရှုပ်ဘူးပေါ့နော်။ ပြောရရင် shell file ကို direct upload တင်ပြီးလုပ်တဲ့နည်းဖြစ်ပါတယ်။ ထုံးစံအတိုင်း admin login ကနေ ဝင်လိုက်မယ်ဗျာ။ ပြီးရင် Site>Global Configuration ဆိုတာကိုသွားပါ။ အဲဒီထဲကမှ System ကိုရွေးလိုက်ပါ။


Click System just like this :D


System ထဲမှာ ကျွန်တော်တို့ Media Setting ကိုရှာပြီး Legal Extension (File Type) နေရာမှာ php တစ်ခုကိုပဲထည့်လိုက်ပါ။ အခြား pdf, doc, bmp ဘာညာတွေ့ရင် ဖျက်ပြီး php ပဲထည့်လိုက်။ ပြီးရင် အောက်နားလေးက Restrict Upload နေရာမှာ Yes ကနေ No ပြောင်း။
ကဲ အဲဒါချိန်ပြီးသွားရင် အပေါ်ညာဘက်နားလေးမှာ Apply/Save ဆိုတာရှိတယ်။ Save လုပ်လိုက်ပေါ့ဗျာ။


ပြီးရင် Media Manager ဆီကိုပြန်လာမယ်။ အဲဒါကိုကလစ်လိုက်မယ်။


ဒါဆိုရင် Media Folder အောက်မှာ upload တင်စရာတစ်ခုတွေ့လာပါမယ်။ အဲဒီကနေ shell ကို တင်လို့ရပါပြီ။


ကဲ ဒါဆိုရင် မိမိ upload တင်ထားတဲ့ shell link ကိုခေါ်လို့ရပါပြီ။ www.someone.com/images/yourshellname.php ဆိုပြီး။ method 2 done!.



Method 3: Editing Template Manager

ဒီးနည်းကလည်း အလွယ်နည်းပါပဲ။ ပြောရရင် Template ကနေ index.php ကို deface code အစားထိုးလိုက်တာပါပဲ။ အီး...ဒီပို့စ်ရေးနေတုန်းမှာပဲ IP Ban လိုက်တာလားမသိဘူး။ ဝင်လို့မရတော့ဘူးဗျာ။ Screenshot သေချာမရိုက်ထားသေးတော့ အပြည့်အစုံကို နောက်မှ ပို့စ်ထပ်ရေးပြီး ပြန်တင်ပေးပါတော့မယ်။ ဒါပေမယ့် ဒုတိယနည်းနဲ့ဆို ရပါပြီ။ လွယ်လွယ်ကူကူ shell တင်တတ်သွားမှာပါ။ နောက်ထပ်နည်း 3 ခုလောက်ရှိပါသေးတယ်။ ဒါပေမယ့် လောလောဆယ်တော့ မရတော့ဘူးဗျာ။ IP မချိန်းချင်တော့တာရယ် အချိန်ကလည်း သိပ်မရှိတော့တာရယ်ကြောင့် So sorry :(
Comming soon!! :D


Special Thanks to: $0m30n3 [MHU]
Read more »

9/10/2013

What is Zero Day Attack?


Zero Day Attack ဆိုတာဘာလဲ ?

ဒီနေ့တော့ ဟတ်ကင်းလောကမှာ Zero Day ဆိုပြီးပြောနေကြတာတွေကို နားလည်မိသလောက် တော်ကီပွားကြည့်မယ်ဗျာ။ ဟီး။ လိုအပ်တာရှိ သည်းခံပေးကြနော်။ :)
Zero Day Attack ဆိုတာကို အဓိပ္ပယ်အများကြီးဖွင့်နိုင်ပါတယ်။ ဒါပေမယ့် တူညီတဲ့အချက်တွေကတော့ အနည်းအကျဉ်းရှိပါတယ်။ တစ်ချိ့ကတော့ Zero Day Attack ဆိုတာ vulnerabilities တွေကို patch မလုပ်ခင် ဒါမှမဟုတ် လူသိအောင်မဖော်ထုတ်နိုင်ခင် attack လုပ်တာလို့ သတ်မှတ်ကြပါတယ်။
တစ်ချို့ကတော့ အဲဒီလို vulnerabilities တွေကိုလူသိရှင်ကြားဖြစ်တဲ့နေ့မှာပဲ အခွင့်ကောင်းယူပြီး attack လုပ်တဲ့ဟာလို့ ဆိုကြပါတယ်။

ဒါပေမယ့် ယေဘုယျအားဖြင့် Zero Day Attack ဆိုတာ ဆော့ဝဲလ် ကုမ္ပဏီတွေက သူတို့တွေရဲ့ product တွေရဲ့အားနည်းချက်(vulnerabilities) တွေကို မဖာထေး (Patch) မလုပ်နိုင်ခင်မှာ အရင်ဆုံးရှာဖွေတွေ့ရှိပြီး attack လုပ်တဲ့ဟာပါပဲ။ ဒါကို zero-day exploit လို့လည်းခေါ်ကြပါသေးတယ်။
ဥပမာ ဟိုတလောက Facebook ပိုင်ရှင် မာ့ဇူကာဘတ်ရဲ့ Facebook Wall ပေါ်ကို ပလက်စတိုင်းက ဟက်ကာတစ်ယောက်က post တင်ပြီး လုပ်ခဲ့သလိုမျိးပေါ့။ အချို့သော Software vulnerabilities တွေကို ဟက်ကာတွေ Security company တွေ ဒါမှမဟုတ် researcher တွေ user တွေ ဆော့ဝဲလ်ကုမ္ပဏီပိုင်ရှင်တွေကိုယ်တိုင်က ရှာဖွေတွေ့ရှိကြပါတယ်။ တကယ်လို့ ဟက်ကာတွေက အရင် discover ဖြစ်လို့ကတော့ အဲဒီယိုပေါက်ဖြစ်နေတဲ့ exploit ကိုတတ်နိုင်သမျှ လျှို့ဝှက်ထားပြီးတော့ Vul တစ်ခုက Hacking World ထဲမှာပဲ လည်ပတ်နေမှာဖြစ်ပါတယ်။ ဒါကတော့ ပြောစရာမလိုဘူးလေ။ ဟက်ကာတွေဆိုတော့ အဲဒီ vulnerabilities ကိုအသုံးချပြီး သူတို့အတွက် ရနိုင်သမျှအသုံးချကြမှာကိုး။ :D Software Owner တွေက ဒါကို သတိမထားမသေးသရွေ့ပေါ့။ Security Bug တွေကို White Hat လိုလူတွေနဲ့တွေ့ရင်တော့ Report လုပ်ပေးပြီး Patch လုပ်နိုင်ပေမယ့် Black Hat သမားတွေနဲ့ဆိုရင်တော့ အဲဒီ bug ကိုမသိမချင်း attack လုပ်ခံနေရမှာပါပဲ။ ဒါကြောင့်လည်း Microsoft ဆိုရင်သူရဲ့ဆော့ဝဲလ်တွေအတွက် အမြဲတမ်း patch တွေချပေးပါတယ်။ ကဲဗျာ ဒါဆိုရင် Zero Day Attack (Zero Day Exploit) ဆိုတာကို နားလည်သင့်သလောက် သဘောပေါက်သွားမယ်ထင်ပါတယ်။

Read more »

9/09/2013

Hacking Tool Vega Open Source [Cross Platform]


Hacking Magazine တစ်ခုမှာရေးထားတာတွေ့လို့ပြန်ရှယ်လိုက်ပါတယ်။ ဒီကောင်ကိုအရင်က တစ်ခါမှမတွေ့ဖူးတာနဲ့။ ကျွန်တော်လည်း ဒီရက်အတွင်းပို့စ်တစ်ခုရေးဖို့ တော်တော်ကိုပျင်းနေတယ်။ တစ်ရက်ကို ပို့စ်တစ်ခုတော့ ရေးဖြစ်အောင်မနည်းကြိုးပမ်းနေရပါတယ်။ အဓိကတော့ Tips, How to ပုံစံမျိုးလေးတွေကိုပဲပိုပြီးရေးဖို့အားသန်နေလို့ပါ။ ကဲ အခုကျွန်တော်ပြောမယ့်ဟာက Vega ဆိုတဲ့ pentest tool လေးပါ။ သူ့ရဲ့မူရင်းဆိုဒ်ကအတိုင်း နည်းနည်းရွှီးကြည့်မယ်ဆိုရင် ဒီကောင်က Windows, Linux, Mac OSX မှာ Run နိုင်ပါတယ်။ Java-based ဖြစ်ပါတယ်။ သူလုပ်နိုင်တာတွေက အားလုံးကြားဖူးနားဝရှိကြမယ့် XSS, SQL Injection တွေဖြစ်ပါတယ်။ ဒေါင်းမယ်ဆိုရင် Windows (32 Bit) အတွက် 25 MB လောက်ရှိပါမယ်။ ကျွန်တော်ကတော့ ဒေါင်းနေတုန်း။ မစမ်းကြည့်ရသေးဘူး။ စမ်းဖြစ်မယ်လည်းထင်ပါဘူး။ ဟီး။ တွေ့လို့ စမ်းကြည့်မယ့် ဆရာသမားတွေအတွက် ရှယ်ပေးလိုက်ရုံပါ။ :D
မူရင်းဆိုဒ်ကအတိုင်း သူ့ရဲ့ Function တွေကိုအမြည်းသဘောပြောရရင်..ဟိဟိ
  • Cross Site Scripting (XSS)
  • SQL Injection
  • Directory Traversal
  • URL Injection
  • Error Detection
  • File Uploads
  • Sensitive Data Discovery
 ကဲ ဒါတွေပဲဖြစ်ပါတယ်ဗျာ။ စိတ်ဝင်စားလို့ လေ့လာချင်တယ်ဆိုရင် သူ့ရဲ့ Official Site ဖြစ်တဲ့ http://www.subgraph.com/products.html ကိုသာသွားကြည့်ပေတော့ဗျာ။
Read more »

9/07/2013

How to extract RAR and ZIP files in Kali Linux

Kali မှာ zip, rar ဖိုင်တွေကိုဖြည်နည်းပါ။ Windows မှာလို ကျွန်တော်တို့ Zip file တွေကို Kali မှာ တစ်ခါတည်းဖွင့်လို့မရပါဘူး။ WinRar အတွက် ဆိုပိုဆိုးမှာပေါ့။ သူ့အတွက် သီးသန့် Tool တွေရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Terminal ကနေပဲ command နဲ့ zip file တွေကို
ဖြည်ရအောင်ဗျာ။ ကဲ အရင်ဆုံး ကျွန်တော်ကတော့ နမူဖိုင်နှစ်ခုကို Kali Desktop ပေါ်မှာထားလိုက်မယ်။ wordpress_scanner.zip နဲ့wordpress_scanner.rar ဆိုတဲ့ဖိုင်နှစ်ခုပါ။ အရင်ဆုံး zip file ကိုဖြည်မယ်ဗျာ။ ထုံးစံအတိုင်း Desktop Directory ကို cd Desktop နဲ့သွားမယ်။ ပြီးရင် ls နဲ့ file တွေကို ဖော်ကြည့်မယ်။ တွေ့ပြီဆိုရင် unzip wordpress_scanner.zip ဆိုတဲ့ command နဲ့ဖြည်လိုက်ပါ။ အဆင်ပြေသွားပါပြီ။ ပုံတွေကိုတစ်ချက်ကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ။


rar file အတွက်ကတော့ Terminal ကနေ unrar ဆိုပြီးခေါ်လိုက်ပါ။ သူ့ရဲ့ အသုံးပြုပုံ usage ကိုပြပေးပါလိမ့်မယ်။ အဲဒီထဲကမှ unrar e yourfilenane.rar ဆိုတဲ့ command ကိုပဲသုံးမယ်ဗျာ။ e ကတော့ လက်ရှိ Directory ထဲမှာပဲဖိုင်ကို extract လုပ်မယ်ပေါ့။ ဒီတော့ ထုံးစံအတိုင်း cd Desktop, ls, နဲ့သွားမယ်။ rar file ကိုတွေ့ပြီဆိုတာနဲ့ unrar e wordpress_scanner.rar ဆိုပြီးရိုက်လိုက်မယ်။ ဒါဆိုအဆင်ပြေသွားပါပြီ။ cd wordpress_scanner နဲ့ သွားကြည့်ပါ။ အထဲက ဖြည်ထားတဲ့ဖိုင်တွေကို မြင်ရပါပြီ။ ပြီးရင်တော့ သက်ဆိုင်ရာ command တွေနဲ့ ခရီးရှေ့ဆက်လို့ရပါပြီ။




Read more »

VMware Workstation 9.0.2 Build 1031769

သုံးဖူးသမျှ Virtual Machine tool တွေထဲမှာတော့ VMware ကိုပဲ ကျွန်တော်ကအကြိုက်ဆုံးပါ။ ဖြစ်နိုင်ရင် ဒီ Platform ကိုပဲသုံးစေချင်တယ်။ ဘာလို့လဲဆိုတော့ OS ပေါင်းများစွာကို support လုပ်တဲ့အပြင် stable ဖြစ်လို့ပါ။ Virtualbox ကောင်းပါတယ်။ ကျွန်တော်စမ်းကြည့်သလောက်တော့ ဘယ်လိုကြောင်းရယ်လို့တော့ မပြောတတ်ဘူး။ crash ဖြစ်တာတွေ့ရတယ်။ Microsoft ရဲ့ Vrtual Machine ကလည်း သူ့ Windows အတွက်ဆိုအဆင်ပြေပါရဲ။ အခြား platform တွေအတွက်ဆို နည်းနည်း error ရှိသလိုခံစားမိတယ်ဗျာ။ အဲဒါကြောင့် ဒီကောင်ကိုမရမကလိုက်ရှာပြီး ဒေါင်းတာ အဆင်ပြေသွားတယ်။ ကျွန်တော်လို သုံးချင်သူများအတွက် ပြန်ရှယ်လိုက်ပါတယ်။ ဒေါင်းမယ်ဆိုရင် Google မှာ VMware Workstation 9.0.2 Build 1031769 ဆိုပြီးတော့သာရှာလိုက်ပါ။ resume ရမယ့် link ကောင်းကောင်းတစ်ခုကနေဒေါင်းလိုက်ပါ။ Keygen ကိုတော့ ကျွန်တော်ရှာထားတာကနေ ပြန်တင်ပေးပါမယ်။ ကျွန်တော်ဆီမှာတော့ အလုပ်ဖြစ်ပါတယ်။ ဒေါင်းရမယ့် ဖိုင်လင့်အတွက်က်ုလည်း ကျွန်တော်ဆွဲတာအောင်မြင်တဲ့လင့်ကနေ ပြန်ညွန်းလိုက်ပါတယ်ဗျာ။ အဆင်ပြေကြပါစေ။ အော် မေ့နေတာ ဒီကောင်က ဘယ်နေရာမှာ အသုံးဝင်သလဲဆိုရင် Windows ပေါ်မှာ linux လို os တွေကိုတင်ချင်သူများအတွက်ပါ။

Read more »

IDM v6.17 with Keygen

ကျွန်တော်လည်း IDM ဘက်ကိုမလှည့်နိုင်တာ တော်တော်ကြာပါပြီ။ ဘယ်ဗားရှင်းထိရောက်ပြီး ဘယ်ဟာက latest မှန်းတောင်သိတော့ပါဘူး။ ဖိုင်ဆိုဒ်ကတော့ သိပ်မကြီးပါဘူး။ ဒီကောင်လေးက။ လိုချင်တယ်ဆိုရင်ဒေါင်းနိုင်ပါပြီဗျာ။ အထဲမှာ Patch ဆိုတာပါပါတယ်။ အဆင်ပြေကြပါစေ။

Read more »

Kali Linux 1.0.5 and Software Defined Radio

Kali Linux Summer Update ထွက်ပြီး ဒါကနောက်ထပ်ဗားရှင်းအသစ်တစ်ခုအနေနဲ့ Release လုပ်ခဲ့ပြန်ပါပြီ။ ဗားရှင်း 1.0.4 ကို bug fixed များစွာလုပ်ထားပါသတဲ့ဗျာ။ ထုံးစံအတိုင်း Kali သွင်းထားပြီးသားသူတွေကတော့ ပြန်သွင်းစရာမလိုဘဲ အောက်က command လေးနဲ့ update လုပ်နိုင်စေမှာပါ။ (အမှန်တကယ်မှာတော့ သိပ်မလွယ်ကူပါဘူး။ ဘာတွေလိုနေလဲမသိဘူး အဆင်ကိုမပြေပါဘူး update လုပ်ရတာ ဟီး)။

root@kali:~# apt-get update
root@kali:~# apt-get dist-upgrade

 အခုဗားရှင်းမှာ ဘာကိုထည့်ထားသလဲဆိုတာကတော့ Software Defined Radio (SDR) ဆိုတဲ့ function တစ်ခုပါ။ ဒါကိုတော့ @NowSec ကနေအကြံပြုထားတာကို အကောင်အထည်ဖော်ခဲ့တာပါတဲ့။ ကဲ SDR ဆိုတာ ဘာလဲ? ဘာတွေလဲ ?

  • kalibrate-rtl
  • gr-air-modes
  • RTLSDR Scanner
  • gr-scan
  • rtl-sdr
  • Gqrx
  • GR Extras
  • gr-baz
  • gr-osmosdr
  • gr-iqbal
  • gr-fcdproplus
  • UHD support
  • HackRF support
  • RTL2832U support
  • Funcube Dongle Pro+ support

Version အသစ်မှာ အရင်ကမရှိသေးတဲ့ အောက်က SDR Tool တွေကိုခုလိုမြင်ရပါမယ်။


 ကဲဗျာ ကျွန်တော်အနေနဲ့ ဆက်ပြီးပွားချင်ပေမယ့် စိတ်နည်းနည်းလေသွားလို့ ဒီမှာပဲရပ်လိုက်ပါတော့မယ်။ အသေးစိတ်ဖတ်ချင်ရင် Kali linux ရဲ့ Official Site မှာသွားပြီးဝင်ဖတ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ဗားရှင်း 1.0.4 ကိုဒေါင်းနေတာ ထက်ဝက်ရောက်ခါမှ Resume ပျက်တယ်။ ပြန်ကြည့်လိုက်တော့ 5 ရက်နေ့စွဲနဲ့ ဗားရှင်း 1,0.5 ကို Released လုပ်ထားသတဲ့။ ခုတလော ကံကိုမကောင်းပါဘူးဗျာ။
Read more »

9/06/2013

Adobe Photoshop CS6 Full Version


အားလုံး သိတဲ့အတိုင်း Photoshop ရဲ့ နောက်ဆုံး CS6 All in one ကို Full Version တင်ပေးလိုက်ပါပြီ။
အသေးစိတ်တော့မပြောတော့ပါဘူး။ဖိုင်ဆိုဒ်ကတော့ကြီးပါတယ်။
လင့်မပျက်ခင်လေး မြန်မြန်သာဒေါင်းထားလိုက်ပါ။
Read more »