Read more »
9/06/2013
HconSTF v0.5 Codename 'Prime' for Linux Release
ဒီ Browser အကြောင်း ကျွန်တော် ဒီ နေရာမှာ တင်ခဲ့ဖူးပါပြီ။ အခုမှဖတ်မိသူများအတွက် အကျဉ်းချုပ်ပြောရရင် ဒီကောင်က Pentest အတွက်ကို special လုပ်ထားတဲ့ Browser ပါပဲ။ သူ့ဆီမှာပါတဲ့ addon တွေကအများကြီးပါ။ အခုတော့ Linux အတွက် Release လုပ်လာပါပြီ။ Backtrack, Kali စတဲ့ distro တွေကို support လုပ်ထားတယ်ဆိုတော့ pentest လုပ်မယ့်သူတွေအတွက်ကတော့ အကြိုက်တွေ့စေမှာပါ။ ကဲ အမြည်းသဘောအနေနဲ့ ပါဝင်တဲ့ Features တွေကိုကြည့်ပါအုံး။
- Web Penetration Testing
- Web Exploits Development
- Web Malware Analysis
- Open Source Intelligence ( Cyber Spying & Doxing )
Linux Platform အတွက်ပါဒေါင်းမယ်ဆို ဒီ နေရာကိုသာသွားပြီးအသေးစိတ်ကြည့်ပေတော့ဗျာ။
Xtreme Download Manager
Download Speed ကို 5 ဆလောက်ထိတိုးပေးနိုင်တယ်ဆိုလို့ စမ်းကြည့်ရအောင်တင်ပေးလိုက်ပါတယ်။ သူ့မူရင်းဖိုင်ကတော့ သေးသေးလေးပါ။ ဒါပေမယ့် ဒီကောင်က Java Runtime ကိုလိုအပ်ပါတယ်။ Java version 6 အထက်လိုအပ်တယ်လို့ Recommend ပြောထားပါတယ်။ Java runtime version ကအခုလောလောဆယ် 7 ဖြစ်ပါတယ်။ သူ့ကိုဒေါင်းမယ်ဆို 30 MB လောက်တော့ဒေါင်းရလိမ့်မယ်။ အဲကောင်ကိုအရင်ဒေါင်းပြီး သွင်းထားလိုက်ပါ။ Browser တွေနဲ့ Integrated လုပ်သွားပါလိမ့်မယ်။ ပြီးရင် xdman ကို run လိုက်ရင်ရပါပြီ။ စမ်းကြည့်ပေါ့ဗျာ။ speed နည်းနည်းလေးတက်လာရင်လည်း အမြတ်ပဲပေါ့။ မရလည်းအရင်းပဲလေ။ ဟုတ်ဖူးလား။ ဟီး။
Labels:
Download Manager
9/05/2013
Smart Driver Updater v3.3
ဒီကောင်လေးကတော့ ဆော့ဝဲလ်သေးသေးဆိုပေမယ့် တော်တော်လေးအသုံးဝင်ပါတယ်။ တခါတလေကျတော့ ကျွန်တော်တို့ Windows တင်ပြီးတဲ့အခါ driver CD လိုက်ရှာရတာအမောပါပဲ။ တချို့ PC ကျတော့ Driver CD ကရှားတတ်ပါတယ်။ ဟိုးအဘဘိုးတော်ဖုရားခေတ်က PC တွေပေါ့။
Driver CD, မရှိလို့ကတော့ တိုင်ပတ်ပြီသာမှတ်ပေတော့။ နောက်ပိုင်း PC တွေကတော့ driver တော်တော်များများကို Windows တင်ကတည်းက Pre-install လုပ်ပေးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ရဲ့ Driver တွေကို backup လုပ်ချင်တဲ့အခါ ဒီကောင်ကအသုံးဝင်ပါလိမ့်မယ်။ ဥပမာ မိမိက တန်ဖိုးကြီး၊ အရေးကြီး ဆော့ဝဲလ်တွေတင်ထားရင် driver ကို backup လုပ်ထားသင့်ပါတယ်။ ကျွန်တော်လည်းအလုပ်ထဲမှာ Engineering
Software တစ်ခုကိုစမ်းရင်းနဲ့ driver ကို backup လုပ်ထားသင့်တယ်ဆိုတာတွေ့လို့ ပြန်ရှယ်လိုက်ပါတယ်။ Backup tool တွေတော့ ဒီတစ်ခုမှမဟုတ်ပါဘူးလေ။ ကဲ လိုချင်တယ်ဆိုရင် ဆောင်ထားလိုက်ပေါ့ဗျာ။ File Size ကလည်းသိပ်မကြီးပါဘူး။
Download: Solidfiles Datafilehost
Driver CD, မရှိလို့ကတော့ တိုင်ပတ်ပြီသာမှတ်ပေတော့။ နောက်ပိုင်း PC တွေကတော့ driver တော်တော်များများကို Windows တင်ကတည်းက Pre-install လုပ်ပေးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ရဲ့ Driver တွေကို backup လုပ်ချင်တဲ့အခါ ဒီကောင်ကအသုံးဝင်ပါလိမ့်မယ်။ ဥပမာ မိမိက တန်ဖိုးကြီး၊ အရေးကြီး ဆော့ဝဲလ်တွေတင်ထားရင် driver ကို backup လုပ်ထားသင့်ပါတယ်။ ကျွန်တော်လည်းအလုပ်ထဲမှာ Engineering
Software တစ်ခုကိုစမ်းရင်းနဲ့ driver ကို backup လုပ်ထားသင့်တယ်ဆိုတာတွေ့လို့ ပြန်ရှယ်လိုက်ပါတယ်။ Backup tool တွေတော့ ဒီတစ်ခုမှမဟုတ်ပါဘူးလေ။ ကဲ လိုချင်တယ်ဆိုရင် ဆောင်ထားလိုက်ပေါ့ဗျာ။ File Size ကလည်းသိပ်မကြီးပါဘူး။
Download: Solidfiles Datafilehost
Labels:
System Tools
9/03/2013
Facebook 3.6.1 Apk
Facebook 3.6.1 Apk
ဒီကောင်ကတော့ အားလုံးရဲ အချစ်တော် facebook apk ပါ။ ဒီကောင်ထွက်တာက August 31 Date နဲ့ဆိုတော့ နောက်ဆုံးဗားရှင်းလို့ ပြောလို့ရပါသေးတယ်။ ကျွန်တော်လည်း ဂလုမှာသူများတွေရှယ်ထားတာတွေ့လို့ ကောက်တင်လိုက်တာ အဓိကတော့ ဒေါင်းရတာအဆင်ပြေအောင်လို့ပါ။ တခါတခါ ကိုယ်က app တစ်ခုကိုဒေါင်းချင်ပေမယ့် ဘယ်နားရှာလို့ရှာရမှန်းမသိတော့ ခက်သား။ အခု mediafire, solidfiles (Pro account) ကနေတင်ပေးလိုက်ပါတယ်။ ဘာတွေထူးခြားသွားလဲဆိုတော့ မြင်ကွင်းပိုလှလာသလိုပဲ။ မဒေါင်းသေးဘူးဆို ဒ်ေင်းနိုင်ပါပြီ။ ကျွန်တော်လည်း ခုမှ စသုံးမှာပါ။ :D
ဒီကောင်ကတော့ အားလုံးရဲ အချစ်တော် facebook apk ပါ။ ဒီကောင်ထွက်တာက August 31 Date နဲ့ဆိုတော့ နောက်ဆုံးဗားရှင်းလို့ ပြောလို့ရပါသေးတယ်။ ကျွန်တော်လည်း ဂလုမှာသူများတွေရှယ်ထားတာတွေ့လို့ ကောက်တင်လိုက်တာ အဓိကတော့ ဒေါင်းရတာအဆင်ပြေအောင်လို့ပါ။ တခါတခါ ကိုယ်က app တစ်ခုကိုဒေါင်းချင်ပေမယ့် ဘယ်နားရှာလို့ရှာရမှန်းမသိတော့ ခက်သား။ အခု mediafire, solidfiles (Pro account) ကနေတင်ပေးလိုက်ပါတယ်။ ဘာတွေထူးခြားသွားလဲဆိုတော့ မြင်ကွင်းပိုလှလာသလိုပဲ။ မဒေါင်းသေးဘူးဆို ဒ်ေင်းနိုင်ပါပြီ။ ကျွန်တော်လည်း ခုမှ စသုံးမှာပါ။ :D
Download: Mediafire Solidfiles
Labels:
Android
How to Install Zawgyi Font in Kali
Kali မှာ မြန်မာလိုပေါ်အောင် Zawgyi Font သွင်းမယ်ဗျာ။ လက်ကွက်ပါတစ်ခါတည်းချိန်မယ်။ Font ကတော့ ကောင်းမွန်စွာ အလုပ်ဖြစ်ပါတယ်။ စာရိုက်တာကတော့ အချို့စာလုံးတွေ အနည်းငယ်အဆင်မပြေတာတော့ရှိပါတယ်။ ထားလိုက်ပါတော့။ ဒီနေရာမှာ Backtrack မှာတုန်းက သွင်းသလိုမျိုးနဲ့ ဆင်တယ်ဆိုပေမယ့် နည်းနည်းတော့ ကွဲနေတာမို့ ကျွန်တော်လို Kali ကိုစသုံးဖူးသူများ အဆင်ပြေရန် ရည်ရွယ်ပါတယ်။ ကဲ Zawgyi Font အတွက် http://code.google.com/p/zawgyi-keyboard/downloads/list ကိုသွားလိုက်ပါ။ zawgyi_keyboard-0.3.3.tar.gz ကိုပဲဒေါင်းလိုက်ပါ။ ကဲ Kali ရဲ့ Terminal ကိုသွားလိုက်မယ်။ cd Desktop ဆိုပြီး Directory ပြောင်းလိုက်မယ်။ ဘာလို့လည်းဆိုတော့ ဒေါင်းလိုက်ရင် zawgyi_keyboard-0.3.3.tar.gz က Default အနေနဲ့ Desktop မှာရောက်မှာကိုး။ လျှာမရှည်ဘဲ မနေနိုင်လို့ပါ။ ဟီး။
သုံးသွားတဲ့ Command က cd Desktop (Change Directory), ls (Dir ထဲမှာ ဖိုင်ကိုကြည့်တာ) tar xvf zawgyi_keyboard-0.3.3.tar.gz (Zawgyi Zip ဖိုင်ကို ဖြည်တာ) ဖြစ်ပါတယ်။ နောက်ဆုံး command ကိုတော့ သေချာလေးရိုက်ပေးပါ။ မှားလို့မရပါဘူး။ တကယ်လို့ မိမိတို့ဒေါင်းတဲ့ zawgyi ကအခြားဗားရှင်းဆိုရင် ခုလိုမဟုတ်ဘူးပေါ့။ ပြောင်းလိုက်ပေါ့ဗျာ။ အပေါ်ကပုံကိုသေချာကြည့်ရင် ပေါက်မှာပါ။ ကဲ နောက်တစ်ခု။
cd zawgyi ဆိုပြီး Dir ပြောင်းလိုက်ပါတယ်။ ပြီးရင် ls နဲ့ဖိုလ်ဒါထဲက ဖိုင်တွေကို စစ်ကြည့်ပါမယ်။ နောက်တော့ python zawgyi_keyboard.py command နဲ့ အင်စတော့လုပ်ပါမယ်။ i ကိုနှိပ်ပြီး အင်စတော့လုပ်လိုက်ပါ။ ပြီးရင် q နဲ့ထွက်လိုက်ပါ။ ဒါဆို ရပါပြီ။ ကဲ zawgyi လက်ကွက်အတွက်ချိန်မယ်။
Applications>System Tools>Preferences>System Setting ထိသွားပါ။ အဲဒီမှာ Keyboard and Layout လားမသိဘူး။ ဒါမှမဟုတ် Keyboard ပေါ့။ အဲဒီထဲကတစ်ခုခုပဲ။ ဟီး အဲဒါကိုနှိပ်။
ပြီးရင် အောက်က Layout Settings ကိုဆက်သွားမယ်။
Language Tab ရဲအောက်နားလေးမှာ အပေါင်းကိုနှိပ်ပြီး Search Box မှာ Myanmar or Burmese လို့ခေါ်ပါ။ ဘာပဲရိုက်ရိုက် Burmese result ပဲရပါတယ်။ :D အဲဒါကိုရွေးပေးလိုက်ပေါ့နော်။
ပြီးရင် Layout tab အောက်ဆုံးနားလေးမှာ Options ဆိုတာရှိတယ်။ အဲဒီကနေသွားပြီး လက်ကွက်ပြောင်းတဲ့ Key ကိုသတ်မှတ်ပေးလိုက်ပါ။ ကျွန်တော်ကတော့ သုံးနေကျ Ctr+Shift ကိုပဲသတ်မှတ်ပေးလိုက်တယ်။ ဒါဆိုရပါပြီ။
:D
ဒီပို့စ်လေးဖြစ်လာဖို့ ကူညီပေးကြတဲ့ ဘော်ဘော်တွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်ဗျာ။
Labels:
Tips and Tricks
9/01/2013
How to Install Google Chrome in Kali Linux
Kali Linux မှာ Google Chrome ကို install လုပ်နည်းဖြစ်ပါတယ် ကျွန်တော်သေချာစမ်းသပ်ထားပြီးသားမို့ မသိသေးသူများအတွက်ရည်ရွယ် ပါတယ်ဗျာ။ ကျွန်တော်လည်း ခုမှ Kali ကိုစမ်းနေရင်း တစ်လက်စတည်းပြန်ရှယ်လိုက်ပါတယ်။ ဟိုတလောက Ko Alpha ဆီက Firefox သွင်းနည်း တင်ပြီးသားဆိုတော့ ခု Google Chrome ကိုသွင်းကြမယ်။
ကဲ အရင်ဆုံး Kali ထဲကနေ Default Browser မှာ www.google.com/chrome ဆိုပြီး
သွားလိုက်ပါ။ Windows ကနေမရဘူးနော်။ Windows ကနေသွားရင် Windows Platform မှန်း Detect ဖြစ်ပြီး Windows နဲ့ဆိုင်တဲ့ Chrome ကိုပဲဆွဲခိုင်းလိမ့်မယ်။
ကဲ ဒါဆိုရင် Linux အတွက် packet ကိုဆွဲခိုင်းပါလိမ့်မယ်။ 32 Bit, 64 Bit version ကိုမိမိသွင်းထားတဲ့ဗားရှင်းအလိုက်ဒေါင်းလိုက်ပါ။
Save ရမှာတော့ အလွယ်တကူ Desktop မှာပဲသိမ်းလိုက်ပါ။ ကျွန်တော်ဆွဲတာ 40 MB ရှိပါတယ်။
ဆွဲပြီးသွားရင် Terminal ကိုသွားမယ်ဗျာ။ပြီးရင် Desktop ဆီကို cd Desktop ဆိုတဲ့ Command နဲ့သွားလိုက်ပါ။
ပြီးရင် Chrome ကို အင်စတော့လုပ်ဖို့ dpkg -i google-chrome-stable_current_i386.deb
နဲ့ run လိုက်ပါမယ်။ ကဲ အောက်ကလိုဖြစ်ပြီဆို နောက်တစ်ခုကိုသွားမယ်။
Kali မှာ Applications>Accessories>Main Menu ဆီကိုသွားပါ။
အဲဒီကိုရောက်ရင် Internet ကိုသွားပါ။ New Menu, New Item ဆိုတာရှိပါတယ်။ New Item ကိုရွေးပါ။ ပေါ်လာတဲ့ Popup Windows လေးမှာ Type=Application, Name=Google Chrome, Command=google-chrome ဆိုပြီးသတ်မှတ်လိုက်ပါမယ်။
ဒါဆိုရင် Application>Internet> ကနေ Google Chrome ကိုခေါ်ကြည့်ပါ။ အောက်ကပုံလို Error တက်ပါမယ်။ Close သာလုပ်လိုက်ပါ။
နောက်ထပ်လုပ်ရမှာက Desktop ပေါ်က Computer ကိုဖွင့်။ File System ကိုသွားပါ။ ပြီးရင် opt>google>chrome အဆင့်ဆင့်သွားပါ။
google-chrome ဆိုတာကို Text Editor တစ်ခုခုနဲ့ဖွင့်လိုက်ပါ။ ဖွင့်ပြီးတာရင် အောက်ဆုံးမှာ --user-data dir ဆိုတာကိုထည့်ပြီး Save လိုက်ပါ။
ကဲ ဒါဆိုရင် ခုနကအတိုင်း Applications>Internet>Google Chrome
ကိုဖွင့်လိုက်လို့ရပါပြီ။ ဘာ error မှာမတက်တော့ပါဘူး။ အောက်ကလိုပေါ့။ အဆင်ပြေကြပါစေဗျာ။
Labels:
Backtrack,
Linux,
Tips and Tricks
Call Of Duty Modern Warfare [PC Game]
Call Of Duty Modern Warfare ဂိမ်းပါ။ ထုံးစံအတိုင်း ဝါသနာပါရင် ကွန်ကောင်းရင်၊ စိတ်ရှည်မယ်ဆိုရင် ဒေါင်းနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ များတယ်။ ကျွန်တော်လည်း ဘာပို့စ်ရေးရမလဲ ခေါင်းစဉ်ရှာမတွေ့တာနဲ့ ကောက်တင်လိုက်တာ။ ဟီး။ ဒါပေမယ့် ကျွန်တော်အခု Kali နဲ့ပတ်သက်တဲ့ Tips လေးတွေ ပို့စ်ရေးဖို့ ကြိုးစားနေပါတယ်။ မဒေါင်းခင် System Requirement ကိုကြည့်အုံးဗျ။ အဆင်ပြေကြပါစေ။
Minimum System Requirements:
OS: Windows XP, Vista or Windows 7
CPU: Intel Core 2 Duo E6600 or AMD Phenom X3 8750 processor or better
RAM: 2 GB
HDD: 16 GB free disk space
Graphics: 256 MB card with shader model 3
Sound Card: DirectX 9 Compatible
DirectX: Version 9.0c
Download DVD 1:
Download DVD 2:
Labels:
Games
8/30/2013
Modem တည်းတွင် SIM Card မ၇ှိဘဲ အင်တာနက်အသုံးပြု့ နည်း (ကြိုက်သလို ကလိနိုင်သည်)
ဒါလေးကတော့
Modem တည်းမှာ SIM Card မ၇ှိဘဲ အင်တာနက်သုံးနိုင်သလို ကြိုက်သလို
ကလိနိုင်ပါတယ်။ ဒီစာအုပ်ဖတ် ပြီးရင် နည်းနည်းဦးနှောက် ထပ်သုံးကြည့်ပါ။
နောက်
လုပ်လို့ ရတဲ့နည်းတစ်ခု နဲ့ ချိတ် ဆက်နေသေးတယ် ဗျ ဒါကတော့ နောက်မှ
အေးဆေးထပ်တင်ပေးမယ်ဗျာ။ ဒီစာအုပ်တောင် စာကျက်နေရင်း ပျင်းလို့ 
ရေး ချ ထလိုက်တာပါ။ စာအုပ်လေး က ဖတ်ရတာစာ မချောရင် ခွင့်လွတ်ပေးကြပါ ညီကိုမောင်နှမတို ..
ကဲ ဒေါင်းလော့ရယူဆိုသများ မိမိ ကြိက်နှစ်သက်ရာလင့်မှာဒေါင်းလော့ရယူနိုင်ပါပီ။
Labels:
Hacking Ebooks
Subscribe to:
Posts (Atom)



























