Blogger သမားတွေသုံးသင့်တဲ့ android apk လေးပါ။ ဒီကောင်ကိုသုံးဖို့ ဖုန်းမှာ Google Service တော့ရှိဖို့လိုပါမယ်။ ဘာလို့လည်းဆိုတော့ Google Account ရှိဖို့လိုတာကိုး။ Google Service ရှိတဲ့ဖုန်းတွေကဘာမှမလိုပေမယ့် တရုတ်ဖုန်းတွေတော့အဆင်ပြေမယ်မထင်ပါ။ ကျွန်တော်လည်းအဆင်မပြေပါဘူး။ :(
7/16/2013
7/15/2013
Java The Complete Reference 8th Edition
bro တစ်ယောက် Java စာအုပ်လိုချင်တယ်ဆိုလို့ ဂရုတစ်ခုကနေပြန်ကူးတင်ပေးလိုက်ပါတယ်။ အရင်ကတင်ထားတာတွေက လင့်တွေသေနေတာလားမသိပါဘူး။ ကျွန်တော်လည်းအကုန်မစစ်အားတာနဲ့ ဘယ်ဖိုင်တွေလင့်သေနေသလဲဆိုတာ အခုလောလောဆယ်တော့ မစစ်အားသေးပါဘူး။ နောက်မှ သေချာစစ်ပြီး ပြန်တင်ပေးပါမယ်။ အဆင်ပြေရင်ပေါ့။ လောလောဆယ်တော့ ဒီစာအုပ်လေးကိုပဲတင်ပေးလိုက်ပါတယ်။ လိုချင်တဲ့စာအုပ်တွေကို Google ကနေရှာရင်လည်းရပါတယ်။ ဥပမာ index of java programming ebooks pdf ဘာညာဆိုပြီးပေါ့။ စာအုပ်တော်တော်များများကို ကျွန်တော်လည်း ဒီလိုပဲရှာပြီး ကောက်တင်ပေးလိုက်တာပါ။ :D
Labels:
Programming eBooks
7/14/2013
Facebook 3.4
Facebook ရဲ့နောက်ဆုံးဗားရှင်းလေးပေါ့။ ဘာတွေထူးခြားလာလဲဆိုတော့ အရင်ဗားရှင်းတွေထက်စာရင် ပိုမိုပေါ့ပါးတယ်လို့တော့ ပြောတာပဲ။ ဒီဗားရှင်းမှာ မြင်ကွင်းကတော့ ဘာမှထူးထူးခြားခြား ပြောင်းလဲထားတာတော့မတွေ့မိပါ။ နောက်ဆုံးဗားရှင်းကိုမှလိုချင်သူများအတွက် တင်ပေးလိုက်ရတာပါ။ လိုချင်တယ်ဆိုရင် အောက်မှာယူသွားနိုင်ပါပြီ။ အဆင်ပြေကြပါစေဗျာ။
Data Structures Using C++
C++ Programming အတွက်စာအုပ်ကောင်းလေးမျှဝေလိုက်ပါတယ်ဗျာ။ ကိုပေါက်ဆိုဒ်ကနေမလာတာပါ။ ဆိုဒ်တော်တော်များများမှာ ရှယ်ထားတာတွေ့လို့ ကျွန်တော်လည်းပြန်ရှယ်လိုက်ပါတယ်။ :D အဆင်ပြေကြပါစေဗျာ။
Labels:
Programming eBooks
7/13/2013
ကွန်ပျူတာအခြေခံနှင့် Windows 7 အသုံးပြုနည်း
Author: မောက်မောက်လေး
Publisher: www.soesoehein.blogspot.com
File Size: 24.83 MB
Total Pages:168
Download: Mediafire
Labels:
Windows,
Windows 7 Ebooks
CMS Detector for Google Chrome
ကျွန်တော် ခုရက်ပိုင်း Firefox က crash ခဏခဏဖြစ်တာနဲ့ Google Chrome ဖက်ခဏပြောင်းသုံးပါတယ်။ MCA Extension သွင်းရင်းနဲ့ နောက်ထပ် Extension တစ်ခုကိုတွေ့ထားပါတယ်။ အဲဒါကတော့ Chrome Sniffer လို့ခေါ်ပါတယ်။ ဒီ Extension ကတော့ ဘာလုပ်ပေးနိုင်သလဲဆိုတော့ ဆိုဒ်တစ်ခုရဲ့ CMS လို့ခေါ်တဲ့ ဘယ်ဟာနဲ့ Run သလဲဆိုတာကို Auto Detect လုပ်ပေးနိုင်ပါတယ်။ ဥပမာ PHP လား Joomla လား Wordpress လားပေါ့။ တခါတည်း Icon လေးနဲ့ပါသေချာပြပေးတယ်နော် :D ဒါဆို ဆိုဒ်ကိုဝင်လိုက်တာနဲ့အထွေအထူးလုပ်စရာမလုပ်ဘဲ အဲဒီဆိုဒ်ဘာနဲ့ Run ထားတယ်ဆိုတာ တန်းသိနိုင်မှာဖြစ်ပါတယ်။ Chrome Sniffer ကိုအောက်က မူရင်း Chrome Web Store ကနေသွားပြီး အင်စတော့လုပ်နိုင်ပါတယ်။ Official Web Store ဖြစ်တာမို့ စိတ်ချစွာ သွင်းနိုင်ပါတယ်။ :) ဘယ်လိုလုပ်ရတယ်ဆိုတာမပြောတော့ဘူးနော်။ :D သူကတော့ ခုလောလောဆယ် Popular ဖြစ်နေတဲ့ CMS 100 ကျော်ကို Detect လုပ်ပေးနိုင်ပါသတဲ့။
Labels:
Google Chrome,
Hacking
7/12/2013
7/11/2013
Page View များအောင်လုပ်နည်းစာအုပ်
အားလုံးပဲ မင်္ဂလာပါဗျာ။ ကျွန်တော်ဒီနေ့ ကွန်မကောင်းတာရယ်၊ စိတ်ညစ်ညစ်ဖြစ်နေတာနဲ့ စာအုပ်လေးတစ်ခုကိုရေးဖြစ်ပါတယ်။ ဘလောဂါသမားတွေအတွက် အထောက်အကူပြုမယ်လို့ မျော်လင့်မိပါတယ်။ ခုမှဘလော့စရေးတဲ့လူတွေအတွက်ရည်ရွယ်ပါတယ်ဗျာ။ ကျွန်တော့်ရဲ့ ပထမဆုံးစာအုပ်မို့ လိုအပ်တာတွေရှိရင် နားလည်ပေးကြပါခင်ဗျာ။ ကျွန်တော်လည်း Googling ကနေဟိုဆွဲဒီဆွဲပြီး နားလည်သလောက် ဘာသာပြန်စုစည်းရေးသားထားတာပါ။ အဆင်ပြေပါစေဗျာ။
Labels:
Blogger
7/10/2013
Arcronis Disk Director Suite
အကိုတစ်ယောက်လိုချင်တယ်ဆိုလို့ ကျွန်တော်ဟိုးအရင်ကတည်းက သိမ်းထားတဲ့ခွေကနေ ပြန်တင်လိုက်ပါတယ်။ ဒီကောင်ကဘာလုပ်နိုင်လဲဆိုတော့ Windows မှာ ကျွန်တော်တို့ Partition ခွဲတဲ့အခါသုံးတဲ့ဆော့ဝဲလ်ဖြစ်ပါတယ်။ Function တွေလည်းတော်တော်စုံပါတယ်။ ဥပမာ Linux အတွက် Partition တစ်ခု လုပ်မလား။ ဘာညာပေါ့။ Windows ရဲ့ C partition ကိုတောင် Format ချနိုင်ပါတယ်။ Restart လည်းချရော Windows ပါပျက်ရောပဲ။ XP မှာပါ။ Windows 7 မှာတော့မသိပါဘူး။ ကဲ Windows ရဲ့ Partition တွေကိုစိတ်ကြိုက်ပိုင်းချင်ရင် ယူလိုက်ဗျာ။
Labels:
Imaging Tools
7/07/2013
blogspot ကနေ .tk domain ပြောင်းနည်းစာအုပ် [မြန်မာလို]
ကျွန်တော်ဘလော့စပေါ့ကနေ .tk domain ပြောင်းနည်းပို့စ်ရေးမလို့စမ်းနေတာ နှစ်ပတ်လောက်ရှိပါပြီ။ ရတော့ရပါတယ်။ ဒါပေမယ့်သိပ်တော့အဆင်မပြေတာနဲ့ ဒီစာအုပ်လေးကိုပဲ မျှဝေလိုက်ပါတယ်။ ခုနောက်ပိုင်း လုပ်ရတာသိပ်မရတော့သလိုလိုပါပဲ။ သေချာတော့မသိပါဘူး။ စမ်းတော့စမ်းကြည့်ပေါ့ဗျာ။ သေချာတော့ ရှင်းပြထားပါတယ်။ အဆင်ပြေကြပါစေ။
Labels:
Blogger,
Myanmar Ebooks
Power ISO 5.6 Full Version with Keygen
Power ISO ရဲ့နောက်ဆုံးထွက်ဗားရှင်းဖြစ်ပါတယ်။ Windows ခွေတွေကို .ISO အဖြစ် Burn ချင်ရင်ပဲဖြစ်ဖြစ်၊ CD, DVD တွေထဲက ဆော့ဝဲလ် ဂိမ်းတွေကို ISO ဖမ်းချင်ရင်ပဲဖြစ်ဖြစ် အလွန်အသုံးဝင်တဲ့ Tool လေးတစ်ခုပါပဲဗျာ။ လိုချင်တယ်ဆိုရင် အောက်မှာသွားယူနိုင်ပါပြီ။ ဒီတစ်ခါတော့ ဖိုင်ကို password protected လုပ်ထားပါတယ်။ အဲဒါကြောင့် password ကိုလိုချင်ရင် pass.txt ဆိုတဲ့ဖိုင်ကိုပါဒေါင်းကြပေါ့နော်။ ကျွန်တော်ဆိုဒ်ကို မေ့သွားမှာစိုးရိမ်လို့ မမေ့အောင်လုပ်လိုက်ရတာပါ။ :D
Labels:
CD/DVD Tools
ဆိုဒ်တစ်ခုကို အလွယ်နည်းနဲ့ဟက်ကြည့်မယ်
Website တစ်ခုကိုအလွယ်တကူဘယ်လိုဟတ်မလဲဆိုတဲ့ Hackingsec မှာတင်ထားတဲ့ ပို့စ်လေးကိုသဘောကျလို့ဘာသာပြန်ပေးလိုက်ပါတယ်ဗျာ။ လွယ်ကူတဲ့အပြင် hacking နဲ့ပတ်သက်ပြီးအမြင်လေးတစ်ခုရသွားစေလိုတဲ့အတွက်ကြောင့်ပါ။ ရ မရကတော့ မသေချာပါဘူး။ :( SQL Query ကိုအသုံးပြုပြီး ဟတ်တဲ့နည်းပါပဲ။ ကံကောင်းရင် ရပါလိမ့်မယ်။ အရင်ဆုံး Google Dork ကိုသုံးပြီး Vul ဖြစ်နေတဲ့ဆိုဒ်ကို ရှာပါမယ်။ သင့်အနေနဲ့ ဒီထက်ထိရောက်တဲ့ google dork တွေကိုအသုံးပြုနိုင်ပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ Skill ပေါ်မူတည်ပြီး ရလာတဲ့ Result ကတော့
ကွာခြားသွားမှာပေါ့နော်။
ကွာခြားသွားမှာပေါ့နော်။
Labels:
Hacking
7/05/2013
Havij 1.17 Pro Full Version
Havij 1.17 pro Version လေး ပါ။ ဒီကောင်လေးကို Full Version လို့ ဆိုဒ် အများစုမှာ ဖော်ပြထားပေမယ့် တကယ့် တကယ် လက်တွေ့ မှာ..ဘာမှသုံးမရဘူးဖြစ်နေတာကိုတွေ့ ရပါတယ်။ ခု ဒီကောင်လေးကတော့ 100% working ပါ။ Cracked Version လေးပါ ပြောမယ်ဆိုရင်တော့ Full Version ဖြစ်နေပါပီ။ လိုချင်တဲ့ ညီကိုများဒေါင်းလော့ ရယူနိုင်ပါပီ။ Portable Version လေး ဆိုတော့ ပိုကောင်းမယ်လို့ ထင်ပါတယ်။ ရယူလိုသူများ ရယူနိုင်ပါပြီ။ Havij software လေးကိုတော့ website Hacking (sql injection) မှာအသုံးများပြီးတော့ Admin Page finder တစ်ခုအနေနဲ့ လည်းအသုံးများပါတယ်။ MD5 Cracker လေးကလည်းပါတော့ Hacking တည်းက သူ တော်တော်များများ လက်ကိုင်ထားနေတဲ့ Software လေးတစ်ခုဆိုရင်လည်း မမှားဘူးလို့ ပြောနိုင်ပါတယ်။
Labels:
Hacking Tools
Subscribe to:
Posts (Atom)













